News

စစ္ေကာင္စီဘက္ ၁၈ ဦး ေသဆုံးခဲ့တဲ့ ဟားခါး-ဖလမ္းၾကားတိုက္ပြဲမွာ CNA နဲ႔ CDF ပူးေပါင္းအဖြဲ႕က ေတာ္လွန္ေရးရဲေဘာ္ ၉ ဦး က်ဆုံး

စစ္ေကာင္စီဘက္ ၁၈ ဦး ေသဆုံးခဲ့တဲ့ ဟားခါး-ဖလမ္းၾကားတိုက္ပြဲမွာ CNA နဲ႔ CDF ပူးေပါင္းအဖြဲ႕က ေတာ္လွန္ေရးရဲေဘာ္ ၉ ဦး က်ဆုံး

ဧရာဝတီတိုင္းမ္/ ေမလ ၆ ရက္

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕မွ ဖလမ္းၿမိဳ႕ဖက္သို႔ထြက္ခြာေသာစကစတင့္ကား ၂စီးပါ ယာဥ္တန္းအား ေမလ ၄ရက္ေန႔မွစ၍ CNA ႏွင့္ CDF-Hakha ပူးေပါင္းတပ္ဖြဲ႕က တိုက္ခိုက္ခဲ့ရာ စကစဖက္တြင္ ၁၈ဦးခန႔္ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါ တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ ယအမ္ေန႔ မနက္ပိုင္း၌ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားခဲ့ရာ တိုက္ပြဲမ်ားအတြင္း ခ်င္းအမ်ိဳးသားတပ္ဦး (CNA) မွ ႏွစ္ပြင့္ ဗိုလ္အပါအဝင္ ရဲေဘာ္ ၆ ဦး

CDF ထန္တလန္တပ္ဖြဲ႕မွ ရဲေဘာ္ ၃ ဦး စုစုေပါင္း ရဲေဘာ္ ၉ ဦးက်ဆုံးခဲ့ေၾကာင္း ေဒသတြင္းရင္းျမစ္တစ္ခုျဖစ္သည့္ The Hakha Post ၏ ေရးသားေဖာ္ျပခ်က္အရ သိရသည္။

ယင္းတိုက္ပြဲတြင္ ခ်င္းအမ်ိဳးသားတပ္မေတာ္(CNA)၊ CDF ထန္တလန္ႏွင့္ CNDF တပ္ဖြဲ႕တို႔ ပူးေပါင္းပါဝင္ တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္မွလည္း ထိခိုက္ေသဆုံးမႈမ်ားရွိခဲ​ေၾကာင္း သိရသည္။

တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ စစ္ေကာင္စီ စစ္တပ္မွ တလန္ဇာရ္ေက်းရြာရွိ ေနအိမ္ ၁၇ လုံးကို မီးရွို႔ဖ်က္ဆီးခဲ့ေၾကာင္း ေဒသတြင္း သတင္းရင္းျမစ္မ်ားထံမွ သိရသည္။ ဓာတ္ပုံ – The Chin Journal Crd- Ayeyarwaddy Times

စစ်ကောင်စီဘက် ၁၈ ဦး သေဆုံးခဲ့တဲ့ ဟားခါး-ဖလမ်းကြားတိုက်ပွဲမှာ CNA နဲ့ CDF ပူးပေါင်းအဖွဲ့က တော်လှန်ရေးရဲဘော် ၉ ဦး ကျဆုံး

ဧရာဝတီတိုင်းမ်/ မေလ ၆ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့မှ ဖလမ်းမြို့ဖက်သို့ထွက်ခွာသောစကစတင့်ကား ၂စီးပါ ယာဉ်တန်းအား မေလ ၄ရက်နေ့မှစ၍ CNA နှင့် CDF-Hakha ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စကစဖက်တွင် ၁၈ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယအမ်နေ့ မနက်ပိုင်း၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ တိုက်ပွဲများအတွင်း ချင်းအမျိုးသားတပ်ဦး (CNA) မှ နှစ်ပွင့် ဗိုလ်အပါအဝင် ရဲဘော် ၆ ဦး

CDF ထန်တလန်တပ်ဖွဲ့မှ ရဲဘော် ၃ ဦး စုစုပေါင်း ရဲဘော် ၉ ဦးကျဆုံးခဲ့ကြောင်း ဒေသတွင်းရင်းမြစ်တစ်ခုဖြစ်သည့် The Hakha Post ၏ ရေးသားဖော်ပြချက်အရ သိရသည်။

ယင်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF ထန်တလန်နှင့် CNDF တပ်ဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိခဲ​ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ စစ်တပ်မှ တလန်ဇာရ်ကျေးရွာရှိ နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဓာတ်ပုံ – The Chin Journal Crd- Ayeyarwaddy Times