News

မန္တလေးမြို့ရှိ မြို့ပြပြောက်ကျား ROMအဖွဲ့ မစွန့်ခွာသေးဘဲ ဆက်လက်တောင့်ခံထားဟု ဗိုလ်ဖီးနပ်စ်ပြော

မန္တလေးမြို့ရှိ မြို့ပြပြောက်ကျား ROMအဖွဲ့တောင့်ခံထားဟု ဗိုလ်ဖီးနပ်စ်ပြော

ကျော်ဇော/People’s Spring
မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Rangers Of Mandalay (ROM) အနေဖြင့် မန္တလေးမြို့ကို မစွန့်ခွာသေးဘဲ ဆက်လက်တောင့်ခံထားဆဲဖြစ်ကြောင်း People’s Springသို့ အတည်ပြုပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုများကြား အခက်အခဲများရှိသော်လည်း မန္တလေးမြို့၌ အခြေပြု၍ စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်လာသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်ကြောင်း ROM က ဆိုသည်။

“ကျွန်တော်တို့အဖွဲ့ မထွက်သေးပါဘူး။ တောင့်ခံထားပါတယ်”ဟု Rangers Of Mandalay (ROM)မှ ဗိုလ်ဖီးနစ်က ပြောသည်။

မန္တလေးမြို့အား စွန့်ခွာသွားခြင်းမရှိကြောင်းကို မေလ၅ရက်က စစ်လက်နက်ယန္တရားတပ် စစ်တပ်ဂိတ်ကင်းကို ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် သက်သေပြခဲ့သည်ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ဖီးနစ်ဦးဆောင်သော ROM ပြောက်ကျားတပ်နှင့် ညီနောင်မဟာမိတ်ခြောက်ဖွဲ့ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုရက်ပိုင်းတွင် မန္တလေးမြို့အခြေစိုက် မြစ်ငယ် PDF မှ လက်ထောက်ခေါင်းဆောင်အပါအဝင် တော်လှန်ရေးရဲဘော်ငါးဦး စစ်ကောင်စီတပ်အား အညံ့မခံခုခံရင်း မြင့်မြတ်စွာကျဆုံးရခြင်းနှင့်အတူ မြို့ပြပြောက်ကျားတပ်ဖွဲ့အချို့မှာ မန္တလေးမြို့မှ စွန့်ခွာရမှုများရှိကြောင်း မြေအောက်တော်လှန် ရေးလှုပ်ရှားမှုအဖွဲ့များထံမှ သိရသည်။

မန္တလေးမြို့တွင် လုံခြုံ​ရေးအ​ခြေအ​နေအရ ​နေထိုင်၍မရခြင်းနှင့် မြို့​ဒေသခံများ၏ စစ်အာဏာရှင်တော်လှန်ရေးသွေးအေးလာမှုကြောင့်ဆိုကာ မြို့အားစွန့်ခွာမည်ဖြစ်ကြောင်း အဆိုပါမြို့အခြေစိုက် မြို့ပြ​ပြောက်ကျားအဖွဲ့ နှစ်ဖွဲ့က အသိ​ပေးထုတ်ပြန်ထားသည်။

(မေလ၅ရက်က စစ်လက်နက်ယန္တရားတပ် စစ်တပ်ဂိတ်ကင်းစစ်ရေးလှုပ်ရှားမှုတွင် ထုတ်ပြန်သည့်ရုပ်ပုံဖြစ်သည်။)

Zawgyi

မႏၲေလးၿမိဳ႕ရွိ ၿမိဳ႕ျပေျပာက္က်ား ROMအဖြဲ႕ေတာင့္ခံထားဟု ဗိုလ္ဖီးနပ္စ္ေျပာ

ေက်ာ္ေဇာ/People’s Spring
မႏၲေလးၿမိဳ႕အေျခစိုက္ ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕တစ္ခုျဖစ္ေသာ Rangers Of Mandalay (ROM) အေနျဖင့္ မႏၲေလးၿမိဳ႕ကို မစြန္႔ခြာေသးဘဲ ဆက္လက္ေတာင့္ခံထားဆဲျဖစ္ေၾကာင္း People’s Springသို႔ အတည္ျပဳေျပာသည္။

အၾကမ္းဖက္စစ္ေကာင္စီ၏ ဖိႏွိပ္မႈမ်ားၾကား အခက္အခဲမ်ားရွိေသာ္လည္း မႏၲေလးၿမိဳ႕၌ အေျချပဳ၍ စစ္အာဏာရွင္ဆန္႔က်င္ေရး စစ္ေရးလႈပ္ရွားမႈမ်ားလုပ္ေဆာင္လာသည္မွာ တစ္ႏွစ္ျပည့္ေတာ့မည္ျဖစ္ေၾကာင္း ROM က ဆိုသည္။

“ကၽြန္ေတာ္တို႔အဖြဲ႕ မထြက္ေသးပါဘူး။ ေတာင့္ခံထားပါတယ္”ဟု Rangers Of Mandalay (ROM)မွ ဗိုလ္ဖီးနစ္က ေျပာသည္။

မႏၲေလးၿမိဳ႕အား စြန္႔ခြာသြားျခင္းမရွိေၾကာင္းကို ေမလ၅ရက္က စစ္လက္နက္ယႏၲရားတပ္ စစ္တပ္ဂိတ္ကင္းကို ပစ္ခတ္တိုက္ခိုက္ျခင္းျဖင့္ သက္ေသျပခဲ့သည္ဟု ၎ကဆိုသည္။

အဆိုပါတိုက္ခိုက္မႈကို ဗိုလ္ဖီးနစ္ဦးေဆာင္ေသာ ROM ေျပာက္က်ားတပ္ႏွင့္ ညီေနာင္မဟာမိတ္ေျခာက္ဖြဲ႕ပူးေပါင္းၿပီး စစ္ေရးလႈပ္ရွားမႈျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ယခုရက္ပိုင္းတြင္ မႏၲေလးၿမိဳ႕အေျခစိုက္ ျမစ္ငယ္ PDF မွ လက္ေထာက္ေခါင္းေဆာင္အပါအဝင္ ေတာ္လွန္ေရးရဲေဘာ္ငါးဦး စစ္ေကာင္စီတပ္အား အညံ့မခံခုခံရင္း ျမင့္ျမတ္စြာက်ဆုံးရျခင္းႏွင့္အတူ ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕အခ်ိဳ႕မွာ မႏၲေလးၿမိဳ႕မွ စြန္႔ခြာရမႈမ်ားရွိေၾကာင္း ေျမေအာက္ေတာ္လွန္ ေရးလႈပ္ရွားမႈအဖြဲ႕မ်ားထံမွ သိရသည္။

မႏၲေလးၿမိဳ႕တြင္ လုံျခဳံ​ေရးအ​ေျခအ​ေနအရ ​ေနထိုင္၍မရျခင္းႏွင့္ ၿမိဳ႕​ေဒသခံမ်ား၏ စစ္အာဏာရွင္ေတာ္လွန္ေရးေသြးေအးလာမႈေၾကာင့္ဆိုကာ ၿမိဳ႕အားစြန႔္ခြာမည္ျဖစ္ေၾကာင္း အဆိုပါၿမိဳ႕အေျခစိုက္ ၿမိဳ႕ျပ​ေျပာက္က်ားအဖြဲ႕ ႏွစ္ဖြဲ႕က အသိ​ေပးထုတ္ျပန္ထားသည္။

(ေမလ၅ရက္က စစ္လက္နက္ယႏၲရားတပ္ စစ္တပ္ဂိတ္ကင္းစစ္ေရးလႈပ္ရွားမႈတြင္ ထုတ္ျပန္သည့္႐ုပ္ပုံျဖစ္သည္။)