Local News

တပ်မ ၁၁ မှ တပ်ကြပ်ရန်ရှိန်းထန်း ကင်းတာဝန်ကျချိန် ထွက် ပြေးလာကာ YDF တပ်ဖွဲ့ထံ CDM ပြုလုပ်

ထီးလင်းတွင် တပ်မ ၁၁ မှ တပ်ကြပ်ရန်ရှိန်းထန်း ကင်းတာဝန်ကျချိန် ထွက် ပြေးလာကာ YDF တပ်ဖွဲ့ထံ CDM ပြုလုပ်

ရန်ကုန်၊ မေ ၆

မကွေးတိုင်း ထီးလင်းမြို့နယ် ဝါးဘိုးချောင်ရွာ၌ ညအိပ် ရပ်နားနေသော စစ်ကောင်စီ စစ်ကြောင်း

တပ်မ ၁၁ မှ တပ်ကြပ် အဆင့် ရန်ရှိန်းထန်းသည် မေလ ၅ရက်နေ့၌ YDF (Htilin) တပ်ဖွဲ့ထံ CDM ပြုလုပ်ကြောင်း သိရျိရသည်။

တပ်မ ၁၁ မှ တပ်ကြပ် ရန်ရှိန်းထန်းသည် ညဘက် ကင်းတာဝန်ကျချိန်တွင် လက်နက်ထားခဲ့ကာ ထွက်ပြေး လာခြင်းဖြစ်ပြီး

YDF (Htilin) တပ်ဖွဲ့က ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း၊ လွတ်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း YDF (Htilin) တပ်ဖွဲ့က ထုတ်ပြန် ထားသည်။

Photo – Yaw Defence Force Htilin


ရန်ကုန်၊ မေ ၆




