ဗေဒင်

(၇) ရက်သားသမီးများအတွက် မေလ ၁၁ ရက်အထိ တစ်ပတ်စာ ဟောစာတမ်း

#တနင်္ဂနွေ

ဒီအပတ်ထဲကံကောင်းခြင်းတွေအများအပြားကြုံရပါလိမ့်မယ်။ ကံကောင်းတဲ့အချက်တွေထဲမှာ အလုပ်ကံ၊ နေရာထိုင်ခင်းကံအားကောင်းတာမျိုးတွေကြုံရတတ်ပါတယ်။

ကျန်းမာရေးအားကောင်းနေတတ်ပြီး တော်ရုံ‌ရောဂါ မဝင်နိုင်တဲ့ ကာလဖြစ်နေတာကိုလဲ တွေ့ရပါတယ်။ စိတ်ချမ်းသာရမဲ့ကိစ္စက လူမစွမ်းနတ်မဆိုသလို ကိုယ်က မစွံရင် တောင်မှ ကူညီမဲ့သူတွေဖေးမမဲ့သူတွေပေါများပါတယ်။

သတိထားရမဲ့အချက်က အချစ်ဆုံးလူတွေနဲ့ အဝေးဆုံး အခြေအနေဆိုတာမျိုးကြုံရတတ်ပါတယ်။ငွေကြေးရှာဖွေရလွယ်ပေမဲ့ အကြောင်းမဲ့ကုန်နေတတ်တာမျိုးတော့ ဒီ ကာလ အတွက်အားနည်းချက်ဖြစ်လာပါတယ်။

ထီကံစမ်းလို့ကောင်းတဲ့ကာလပါပဲ။ ဖြေးဖြေးမှန်မှန်နှင့်ရှေ့ဆက် လုပ်ကိုင် သွားသူများ အဆင်ပြေပြေချောမွေ့ပါလိမ့် မယ်။ ကံကောင်းနေတဲ့ကာလဖြစ်တဲ့အတွက်လုပ်သမျှ အဆင် ပြေ ပါလိမ့်မယ်။ ခရီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲ အလွန်အဆင်ပြေချောမွေ့ပါလိမ့်မယ်။

တပည့်တွေလာရောက် ဂါရဝါပြုတာ မျိုးကြုံရတတ်ပါတယ်။ကျန်းမာရေးကိုတော့ အထူးပြောစရာမလိုပါဘူး။ ကောင်းပြီးသားပါ။ မစား ဖူးတဲ့ အစားအသောက်တွေ၊ဒေသထွက်စာတွေကိုအလွန်အကျွံမစားလိုက်ပါနဲ့။

အချစ်ရေးမှာတော့ မိမိရဲ့ချစ်သူ ဘဝလက် တွဲဖော်နဲ့ရေရှည်အစီအစဉ်တွေ၊လက်ထပ်ဖို့ကိစ္စတွေတိုင်ပင်နိုင်မဲ့နေ့ရက်တွေပါပဲ။ အိမ်ထောင်ရေးသာယာ ပါလိမ့် မယ်။ ပညာရေးကောင်းပါတယ်။ ဘာသာစကားနဲ့ပတ်သက်သောပညာတွေရလာနိုင်ပါတယ်။

အကျိုးပေးဂဏန်း 4/7/0
အထူးဟော ကံမြင့်မားနေမည်။
ယတြာ သရဏံဂုံ၃ပါးကိုနေ့စဉ်သက်စေ့ရွတ်ပွားလိုက်ပါ။

#တနင်္လာ

ဒီအပတ်ထဲပျော်ရွှင်စရာကောင်းတဲ့အတွေ့အကြုံလေးတွေရတတ်ပါတယ်။ ဘဝအမောတွေကြားထဲက အိုအေစစ်ဆိုတာမျိုးတွေကြုံရတတ်ပါတယ်။ငွေကြေးလည်ပတ်မှုအားကောင်းနေသလို ဝင်ငွေစီးကြောင်းသစ်တွေ လဲပေါ်လာနိုင်တာကိုတွေ့ရပါတယ်။

အကြွေးရစရာရှိသူများ သတင်းကောင်းကြားရတတ်ပါတယ်။ ရေထွက်ကုန် လုပ်ငန်းများ၊ ရေလမ်းခရီးနဲ့ကုန်သွယ်ရသောလုပ်ငန်းများအကျိုးပေးမဲ့ကာလပါပဲ။ စိတ်ကူးအတွေးတွေ ကွန့်မြူးတဲ့ အတွက် မိမိအနာဂတ်အတွက်သုံးသပ်ဆောင်ရွက်ခြင်းများအလေးပေးဆောင်ရွက်နိုင်ပါတယ်။

ကံကောင်းတာက မိမိ ကိုယ်က လူပင်ပန်းခံ၊စိတ်ပင်ပန်းခံလုပ်ပေမဲ့ လူမနွမ်းဘဲတတ် ကြွနေတတ်ပါတယ်။ လူအများရဲ့ချစ်ခင်ခြင်း၊ လေး စား ခြင်းကိုရမဲ့နေ့ရက်တွေပါပဲ။အလုပ်သစ်အတွက် CV တင်ထားတာမျိုးတွေဒီကာလမှာဆောင်ရွက်ထားလိုက်ပါ။

အလှူကိစ္စတွေ၊မင်္ဂလာကိစ္စတွေကိုအထူးကြုံရတတ်ပါတယ်။မိမိကိုယ်တိုင်လဲ လှူခွင့်တန်းခွင့် ရလာပါလိမ့်မယ်။ ချစ်သူဆီကအဖြေရလာပါလိမ့်မယ်။ ချစ်သူနဲ့အပျော်ခရီးတွေသွားဖြစ်တတ်ပါတယ်။

ကျန်းမာရေး အညံ့မရှိသ လောက်ပါပဲ။နေကောင်းပြီးစားဝင်အိပ်ပျော်ပါလိမ့်မယ်။

ချစ်သူနဲ့အပျော်ခရီးတွေသွားဖြစ်တတ်ပါတယ်။

ကျန်းမာရေး အညံ့မရှိသ လောက်ပါပဲ။နေကောင်းပြီးစားဝင်အိပ်ပျော်ပါလိမ့်မယ်။အိမ်ထောင်ရေးသာယာပျော်ရွှင်ရတတ်ပါတယ်။ အိမ် ထောင်ဘက်ရဲ့အလိုက်သိမှုတွေကြောင့်အရာရာအဆင်ပြေပါလိမ့်မယ်။ ရာထူးတိုးကိစ္စတွေမှာလဲမိမိပါဝင်လာ တတ် ပါတယ်။

အကျိုးပေးဂဏန်း 3/7/9
အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။
ယတြာ မိမိထက်အရွယ်ကြီးသူတွေကို တတ်နိုင်တာလေးနဲ့ကန်တော့ပါ။

#အင်္ဂါ

အချိန်ကို စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ အိပ်ရေးအပျက်ခံသင့်ရင် အိပ်ရေးပျက်ခံလိုက်ပါ။ ဒီကာလမှာဝီရိယ လျော့လိုက်တာနဲ့ အလုပ်အကြွေးတွေ ထပ်သွားနိုင်ပါတယ်။

ငွေကံအားကောင်းပေမဲ့ အလုပ်ထဲ ငွေပြန်ထည့်ရတာ တွေများတာမို့ အကောင်အထည်တော့ ပြနိုင်မည်မဟုတ်ပါ။ အိုးပြောင်းအိမ်ပြောင်း၊နေရာပြောင်း၊အလုပ်ပြောင်း တွေကြုံရတတ်ပါတယ်။

ဘာမှမပြောင်းရရင်တောင် အခန်းပြောင်းရတာမျိုး အလုပ်စားပွဲပြောင်းရတာမျိုးတွေ လောက်တော့ဖြစ်တတ်ပါတယ်။ သတိထားရမှာက သူများအရှုပ်ထုပ်တွေကိုယ့်ခေါင်းပေါ်ရောက်လာတတ်ပါတယ်။

တတ်နိုင်သမျှ မဆိုင်တဲ့ကိစ္စတွေကို ခေါင်းရှောင်လိုက်စေချင်ပါတယ်။အောက်လက်ငယ်သားများကို စိတ်မချရတဲ့ ကာလပါပဲ။ ငွေကြေးတွက်ချက်ရသူများ၊ဈေးရောင်း၊ဈေးဝယ်များ ၊ ငွေလွှဲကိစ္စများသတိထားပါ။

မှားပြီး ငွေအမ်းမိ တာ ၊ငွေမှားလွှဲမိတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အတွက်အချက်မှားပြီး ငွေပိုပေးမိတာတွေဖြစ်ရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက် သောလုပ်ငန်းများ အတွင်းရေးပြဿနာတွေကြုံရတတ်ပါတယ်။

ကျန်းမာရေးမှာတော့ ခါးနာ တာ မျိုးတွေ၊သွားကိုက် တာမျိုးတွေဖြစ်ရတတ်ပါတယ်။ မီးလန့်တတ်တဲ့အတွက် သတိထားပါ။ အချစ်ရေးမှာတော့ မိမိထက်အသက်ကြီးသူက မိမိကိုတစ်ဖက်သတ်ချစ်နေတတ်ပါတယ်။

ချစ်သူနဲ့ စကားပြောတာအပေါက်အလမ်း မတည့်တာမျိုးတော့ဖြစ်ရ တတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာရမဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 1/4/8
အထူးဟော ကံအားနည်းနေမည်။
ယတြာ ဘဂဝါဂုဏ်တော်ကို နေ့စဉ် ၁၀၈ခေါက်ရွတ်ပွားလိုက်ပါ။

#ဗုဒ္ဓဟူး/ရာဟု

အနည်းငယ်တော့ လူမှုရေးကိစ္စတွေများနေတတ်ပါတယ်။ မဖြစ်မနေ ကိုယ်ပါရမဲ့လူမှုရေးကိစ္စတွေဖြစ်တာမို့ ရှောင်လွှဲလို့မရတာမျိုးကြုံရတတ်ပါတယ်။ ရန်အတိုက်အခံပေါပေမဲ့ မိမိကသာ နောက်ဆုံးအနိုင်ရပါလိမ့်မယ်။

အမွေကိစ္စ နေရာထိုင်ခင်းကိစ္စတွေအတွက် စိတ်ပူရမဲ့အနေအထားတော့ ရှိပါတယ်။ အတက်အကျများတဲ့ ကံအနေ အထားကြုံရတဲ့ကာလဖြစ်တာမို့အရေးကြီးတဲ့ကိစ္စတွေကိုဆုံးဖြတ်တာ၊အရဲစွန့်လုပ်တာမျိုးတွေရှောင်စေချင်ပါ တယ်။

အဖွဲ့ အစည်းနဲ့လုပ်ကိုင်ရတဲ့အလုပ်တွေကတော့ ထိရောက်အောင်မြင်တတ်ပါတယ်။ ကံကောင်းတာက လူအများရဲ့ချစ်ခင် ခြင်း၊အကူအညီပေးခြင်းတွေကိုရရှိပါလိမ့်မယ်။ အိမ်၊မြေ၊ခြံနှင့်ပတ်သက်ပြီးစိတ်ဆင်းရဲ ရတတ် ပါ တယ်။

ပုံမှန်အလုပ်ထက် ပြင်ပအလုပ်တွေကပိုမိုဝင်ငွေတိုးလာတတ်ပါတယ်။ ဝန်ထမ်းဆိုရင်တော့ အလုပ်ပြောင်း နေရာပြောင်းတွေကြုံရ တတ်ပါတယ်။ ကျန်းမာရေးကတော့ဒူးနာနေတတ်ပါတယ်။ အထိုင်အထတွေမကောင်းပါ။

အမျိုးသမီးများမီးယပ်နှင့် ဆိုင်သောရောဂါတွေရတတ်ပါတယ်။အချစ်ရေးမှာတော့ ငယ်ရွယ်သူများစန်းအားကောင်း နေမည်။ယခုကာလတွေ့သူသည် ရေစက်ပါတဲ့သူဖြစ်တတ်ပါတယ်။အိမ်ထောင်ဘက်ဝင်ငွေကောင်းနေမည်။ အိမ်ထောင် ဘက်ရဲ့ဂရုစိုက်ယု ယခြင်းကိုခံရလိမ့်မယ်။ ပညာရေးကံအားနည်းနေနိုင်ပါတယ်။

အကျိုးပေးဂဏန်း 3/4/0
အထူးဟော ကံသင့်ပါတယ်။
ယတြာ ပြည်သူ့ဆေးရုံမှာ တတ်နိုင်တာလေးလှူပေးပါ။

#ကြာသပတေး

လုပ်ငန်းကောင်းတွေနဲ့ အချိတ်အဆက်ရလာတတ်ပါတယ်။ အလုပ်ရှာနေသူများကောင်းသောအလုပ်တွေ ရလာတတ်ပါတယ်။ ရပ်ဝေးကပညာအသစ်တွေရတတ်ပါတယ်။ အွန်လိုင်းကပညာတွေလဲ ရပ်ဝေးကပညာပါပဲ။

အတိတ်ကအကူအညီတွေပေးခဲ့ဖူးရင် ထိုသူတွေက အကျိုးပြန်ပြုတာခံရတတ်ပါတယ်။တရားဓမ္မနဲ့ပတ်သက်ပြီး အသိဉာဏ်ပွင့်လန်းတာမျိုးတွေကြုံရတတ်ပါတယ်။ ပညာရေးစတင်ကျောင်းအပ်တာမျိုးတွေဒီအပတ်ထဲဆောင် ရွက်လို့ကောင်းပါတယ်။

စီးပွားရေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမရှိ ၊ရှေ့ ဆက်သွားနိုင်ပါလိမ့်မယ်။ သူတစ်ပါးတွေရဲ့အကူအညီတောင်းထားတာတွေကို လိုက်လံကူညီပေးနေရတတ်ပါတယ် ။ သတိထားရမှာက မိသားစုအရေးကိစ္စတွေအတွက် စိတ်ပင်ပန်းလူပင်ပန်းခံရတတ်ပါ တယ်။

ကျန်းမာရေးကတော့ အညံ့အဆိုးလေးတွေဖြစ်ရ တတ်ပါတယ်။အရေးပြားယားယံတာမျိုးတွေဖြစ်လွယ်တယ်။ တွင်းအောင်းသားတွေသိပ်မစားပါနဲ့။ ယောကျာ်းလေး များလိင်အင်္ဂါနှင့်ပတ်သက်သောရောဂါတွေလဲရတတ်ပါတယ်။

အချစ်ရေးမှာ တစ်ဦးတစ်ယောက်ချစ်သူအဖြစ်ရွေး ချယ်မယ်ဆိုရင်တော့ သူ့နောက်ကြောင်းကိုစုံစမ်းပါအုံး။ ချစ်သူရှိပြီးသားသူတွေကတော့ အချစ်ခရီးလမ်းသာယာ ဖြောင့်ဖြူးပါလိမ့်မယ်။ အိမ်ထောင်ရေးမှာအကျအနကောက်လွန်းတဲ့အိမ်ထောင်ဘက်ကြောင့် စိတ်ညစ်နေရတတ် ပါတယ်။

အကျိုးပေးဂဏန်း 1/3/0
အထူးဟော အလုပ်စီးပွားကောင်းမည်။
ယတြာ တရားမှတ်ခြင်း၊ပုတီးစိပ်ခြင်းများကိုအထူးပြုဆောင်ရွက်ပါ။

#သောကြာ

အလုပ်မှာ မပျော်ပိုက်သော်လဲ ပေပြီးလုပ်နေရတတ်ပါတယ်။ မာနကြီးသူတွေ ၊ဒီအလုပ်က ငါနဲ့မတန်ပါဘူး လို့ထင်သူ တွေပိုမိုအညံ့များတတ် ပါတယ်။ဒီကာလဟာ အပင်ပန်းခံမှပဲ အဆင်ပြေပါလိမ့်မယ်။

ဆရာသမားတွေရဲ့ အလုပ် တွေလဲ ကူပေးရတတ်ပါ တယ်။ အလုပ်သစ်များကြံစည်ထားလို့ရပါ တယ်။စတင်ပြီးအကောင် အထည်ဖော် လို့တော့ မကောင်းသေးပါဘူး။ အလုပ်သမားနှင့်နွမ်းပါးသောသူများ မိတ်ဆွေကောင်းတွေရဲ့အကူအညီ ကိုရလာပါလိမ့်မယ်။

လူငယ်များ ခရီးကိစ္စနဲ့ပတ်သက်ပြီးဖခင်နဲ့စကားများရတတ်ပါတယ်။ မိမိကိုယ်တိုင်ကလဲမိဘ တွေနဲ့ဆန့်ကျင်ဘက်တွေလုပ်နေမိတတ်ပါတယ်။ ဆန့်ကျင်ဘက်လိင်ကိုယုံကြည်မိ ပြီးငွေကြေးဆုံးရှုံးရပါလိမ့်မယ်။

တစ်ပါးသူကိုယုံကြည်လွန်းရင်တော့ စီးပွားရေးပါဆုတ်ယုတ်တတ်ပါတယ်။ဆရာ ကောင်းတွေဆီက ငွေအား၊လူအားမရပေမဲ့ အကြံဉာဏ်တော့ရပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဆီးပူ၊ဆီးအောက်၊ဆီးချုပ်ဖြစ်တတ်ပါတယ်။

အပူအစပ်တွေလုံးဝလျှော့ချလိုက်ပါ။ အချစ်ရေးနယ်ပယ်မှာတော့မရေရာသောချစ်ခြင်းဖြစ်ပါလိမ့်မယ်။ ချစ်သူနဲ့ချိန်း ဆိုထားရင်လွဲတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ စည်းကမ်းတင်းကြပ်လွန်းတဲ့ အိမ်ထောင်ဘက်ကြောင့် စိတ် ပင်ပန်းရတတ်ပါတယ်။ ပညာရေးမှာတော့အပေါင်းအသင်းမှာပြီး စာကိုစိတ်မဝင်စားမလုပ်မိသလိုဖြစ်နေလိမ့်မယ်။

အကျိုးပေးဂဏန်း 5/6/0
အထူးဟော ကျန်းမာရေးကိုဂရုစိုက်ပေးပါ။
ယတြာ ဝေယျာဝစ္စကုသိုလ်တွေဆောင်ရွက်ပေးပါ။

#စနေ

ခရီးသွား၊ဟိုတယ်၊စားသောက်ကုန်၊အဝတ်အထည်၊လက်ဝတ်ရတနာနှင့် ပတ်သက်သောလုပ်ငန်းများတိုးတတ်ပါလိမ့်မယ်။ စက်ပစ္စည်းတွေဝယ်ယူလို့ကောင်းပါတယ်။ဝန်ထမ်းများလခစား များကတော့ အလုပ်တွေပိုပြီးပင်ပန်းတာပဲအဖတ်တင်ပါလိမ့်မယ်။

မိမိအကြပ်အတည်းဖြစ်နေတဲ့ပြဿနာတစ်ခုသေချာပေါက်ပြေ လည်သွားတတ်ပါတယ်။မိမိလိုချင်တာတွေကိုလဲရအောင်ယူနိုင်ပါလိမ့်မယ်။ ခရီးသွားရမှာတော့ လမ်းခရီးကြန့် ကြာတာမျိုးတွေတော့ဖြစ်ရတတ်ပါတယ်။

အပျော်အပါးအသောက်အစားပါလာရင်အပျော်လွန်ပြီး ပြဿနာတွေကိုဖြစ်စေပါလိမ့်မယ်။ ငွေပေးငွေယူကိ စ္စများကိုသတိနဲ့ဆောင်ရွက်ပါ။ လုပ်သင့်တာတွေလုပ်ပြီးတော့ ခရီးဆက်နေပေမဲ့ ငွေဝင်နည်းနေမည်။ ရံဖန်ရံခါ မဝင်သလောက်ဖြစ်နေ တတ်ပါတယ်။

ဆရာမိတ်ဆွေတို့၏အကူအညီနှင့် အနီးနေသူတွေရဲ့အားပေးခြင်းကိုရလာပါလိမ့်မယ်။ ရပ်ဝေးကိစ္စတော်တော်များများအဆင်မပြေပါဘူး။ကျန်းမာရေးကတော့ ယောကျာ်းလေးတွေအဓိကညံ့ပါတယ်။ အူ ရောင်၊အပူရှပ်ဖျားတတ်ပါတယ်။

ရေမကူးတတ်ဘဲရေမဆော့လိုက်ပါနဲ့။ အချစ်ရေးမှာတော့ ချစ်သူရဲ့အားငယ်နေမှု တွေကို အားပေးနိုင်၊ကူညီနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ လိုတာထက်ပိုပြီးပြဿနာများပါတယ်။ ညှိမရ ဖြစ်တတ်ပါတယ်။ပညာရေးမှာတော့ အပေါက်ဆိုးပြီးနားလည်မှုမရှိတဲ့ဆရာများနဲ့ ကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/3/5
အထူးဟော အပျော်မလွန်မိဖို့လိုပါတယ်။
ယတြာ ရေထဲက သတ္တဝါတွေကို အစားကျွေး၍ဆုတောင်းပါ။

ရရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ Crd- ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695