နောက်ဆုံးတော့ကိုယ့်အလှည့်ရောက်လာခဲ့ပီ
ရုံးဆင်းလို့အပြန်(ကိုယ့်ရုံးက 53×37မှာ)ညနေ 5.40
37လမ်း 53×54မှာ ဆိုင်ကယ်မောင်းနေရင်း ဆိုင်ကယ်ကိုဝင်တိုက်၊ ခေါင်းကိုဓားနဲ့ခုတ်တာခုတ်တာ
လာကြိုတဲ့ကလေးလေးက ကျနော့အမကိုမခုတ်ပါနဲ့
ကျနော့အမကိုမခုတ်ပါနဲ့ ဆိုပီး ဂုတ်ကနေအတင်းဆွဲလို့ လူကိုအခုတ်မခံရတာ(အ့ချိန်မှာတော့တဂယ်ငရဲကျနေသလိုပဲ)
ရုံးနဲ့နီးတော့ရုံးကိုအမြန်ပြေးရတာမတအားတုန်ပီးကြောက်နေတော့ရှေ့ကိုမရောက်နိုင်ဘူး
ဆိုင်ကယ်ဦးထုပ်ဆောင်းထားတာကံကောင်းသွားတယ်ပြောရမယ်
ခေါင်းမထိပဲဦးထုပ်ပဲကွဲသွားတာ
ပြန်ရဘို့တော့မမျော်လင့်တော့ပါဘူး
ဒါပေမဲ့ကိုယ့်လိုမဖြစ်အောင်သတိထားပီးသွားကြလာကြရအောင်လို့တင်လိုက်တာ
ကိုယ့်ဆိုင်ကယ်လေးကိုအရမ်းချစ်ပါတယ်ဂရုတစိုက်နဲ့ဆီအပြည့်ထည့်အင်ဂျင်ဝိုင်ပုံမှန်လဲပီးဂရုတစိုက်သုံးခဲ့တာပါ
အခုလိုကြမ်းကြမ်းတမ်းတမ်းလူတွေအတင်းလုယူသွားခံရတော့တစ်ဂယ်စိတ်မကောင်းဖစ်ပီးဝမ်းနဲနေတာတော့အမှန်ပါပဲ
မျက်ရည်တွေနဲ့တင်ရတဲ့post
Goodbymybaby
Nyein Nyein

Zawgyi