Articles

MNDAA နယ္ေျမမွာ ပ်ံဝဲေနတဲ့ စစ္ေကာင္စီရဲ့ ပုစဥ္း (႐ုပ္/သံ)

စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံတပ်ကို MNDAA သွားရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ် ရှစ်ဦးသေဆုံး

သက်ဝေ/People Spring

စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံတပ်ကို မေလ ၄ရက်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းမတိုင်မီ ဧပြီ ၃ဝရက်တွင်လည်း စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်တပ် MNDAA သတင်းရင်းမြစ်က ပြောကြားသည်။

စစ်ကောင်စီက သိန္နီကနေ ကွတ်ခိုင်လမ်းတကြော တပ်တွေစဖြန့်တယ်။ တပ်စဖြန့်တဲ့ သူ့ရဲ့ရည်ရွယ်ချက်က သူတို့ ယာဉ်တန်းသွားတဲ့အချိန်မှာ လုံခြုံရေးအတွက်ပေါ့။

အဲဒီ ၃ဝရက်နေ့ည ၁၁နာရီ ၂၅မိနစ်မှာ စစ်ကောင်စီရဲ့ ကား ရစီးတက်လာတဲ့အချိန်မှာ ကျွန်တော်တို့ တပ်မဟာ ၂၁၁ လက်အောက်ခံ တပ်ဖွဲ့ငယ်တစ်ခုရဲ့ လှုပ်ရှားနယ်မြေ ရောက်လာတော့ ကျွန်တော်တို့အဖွဲ့ခွဲက အဲဒီ ယာဉ်တန်းကို တိုက်ခဲ့တာဟု MNDAA တပ်ဖွဲ့ဝင်က ဧပြီ ၃ဝရက် တိုက်ပွဲဖြစ်စဉ်ကို ပြောပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက် ကျဆုံးမှုရှိမရှိ မသိရဟု ဆိုသည်။ မေလ ၄ရက်တွင်လည်း မုံးကိုးခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ကို MNDAAက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီလက်အောက်ခံတပ်မ (၉၉)လက်အောက်ခံ တပ်ရင်းတွေက ကျွန်တော်တို့ တပ်မဟာ (၅၁၁) လက်အောက်ခံ တပ်ရင်းတစ်ခုကို သူတို့က ဝန်းရံပိတ်ဆို့ပြီး ချေမှုန်းဖို့ ကြံဆနေတာ။

သူတို့က ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်တို့ တပ်မဟာ (၅၁၁) လက်အောက်ခံ တပ်ရင်းရဲ့ တပ်ဖွဲ့ခွဲတစ်ခုက သူတို့ တပ်မ (၉၉)လက်အောက်ခံ တပ်ရင်း (၄၂၀)ရယ် (၄၂၁)ရယ် သူတို့ လှုပ်ရှားနယ်မြေကို သွားရောက် ထိုးဖောက်ပြီးတော့ပေါ့။

အဲဒီ တပ်ရင်း ၂ခုပေါင်းက လူအင်အား ၁၄၀ ခန့်ရှိမယ်ထင်တယ်။ သူတို့ရှိနေတဲ့နေရာကို အဲဒီ အဖွဲ့ခွဲငယ်က ထိုးဖောက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ် ဟု MNDAA တပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူအပြင် တိုက်ပွဲဖြစ်ရာနယ်မြေသို့ စစ်ကူများ စေလွှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုနေ့က တိုက်ပွဲဖြစ်ပွားရာနေရာမှ MNDAA တပ်ဖွဲ့ဝင်များ ဦးစွာဆုတ်ခွာခဲ့ကြောင်း ရှင်းပြသည်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီက အနည်းဆုံး ၈ယောက်လောက်ကျတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူး။အဲဒီနေ့က လေကြောင်းတိုက်ခိုက်မှုမရှိဘူး။

ဒါပေမဲ့ စစ်ရဟတ်ယာဉ် တစ်စီးတော့ အဲဒီ ကွတ်ခိုင်ကနေ မုံးကိုးဘက်ကို ပျံဝဲသွားတာတွေ့ရတယ်။ ရရှိထားတဲ့ သတင်းက အဲဒီ ရဟတ်ယာဉ်က လူနာသွားသယ်တယ်လို့သိရတယ် ဟု MNDAA တပ်ဖွဲ့ဝင်က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လမှစ၍ MNDAAနှင့် စစ်ကောင်စီတပ်တို့အကြား ကွတ်ခိုင်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လလယ်ပိုင်းမှစ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ ပြင်းထန်စွာ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီအတွင်းက MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်သွားချိန်တွင် MNDAA ဘက်က စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထား၍ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းခဲ့သော်လည်း တစ်လကျော်အကြာတွင် MNDAA နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု ပြန်လည်ဖြစ်ပွားခဲ့သည်။ လက်ရှိ ဒေသအခြေအနေမှာ စစ်ရေး

နေသည့် အနေအထားဖြစ်ကြောင်း MNDAA တပ်ဖွဲ့ဝင်က ပြောသည်။ Crd- People Spring

စစ္ေကာင္စီ၏ တပ္မ ၉၉ လက္ေအာက္ခံတပ္ကို MNDAA သြားေရာက္တိုက္ခိုက္၊ စစ္ေကာင္စီတပ္ ရွစ္ဦးေသဆုံး

သက္ေဝ/People Spring

စစ္ေကာင္စီ၏ တပ္မ ၉၉ လက္ေအာက္ခံတပ္ကို ေမလ ၄ရက္တြင္ သြားေရာက္တိုက္ခိုက္ခဲ့ၿပီး ယင္းမတိုင္မီ ဧၿပီ ၃ဝရက္တြင္လည္း စစ္ေကာင္စီယာဥ္တန္းကို တိုက္ခိုက္ခဲ့ေၾကာင္း ကိုးကန႔္လက္နက္ကိုင္တပ္ MNDAA သတင္းရင္းျမစ္က ေျပာၾကားသည္။

စစ္ေကာင္စီက သိႏၷီကေန ကြတ္ခိုင္လမ္းတေၾကာ တပ္ေတြစျဖန႔္တယ္။ တပ္စျဖန႔္တဲ့ သူ႕ရဲ႕ရည္႐ြယ္ခ်က္က သူတို႔ ယာဥ္တန္းသြားတဲ့အခ်ိန္မွာ လုံၿခဳံေရးအတြက္ေပါ့။

အဲဒီ ၃ဝရက္ေန႕ည ၁၁နာရီ ၂၅မိနစ္မွာ စစ္ေကာင္စီရဲ႕ ကား ရစီးတက္လာတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ တပ္မဟာ ၂၁၁ လက္ေအာက္ခံ တပ္ဖြဲ႕ငယ္တစ္ခုရဲ႕ လႈပ္ရွားနယ္ေျမ ေရာက္လာေတာ့ ကြၽန္ေတာ္တို႔အဖြဲ႕ခြဲက အဲဒီ ယာဥ္တန္းကို တိုက္ခဲ့တာဟု MNDAA တပ္ဖြဲ႕ဝင္က ဧၿပီ ၃ဝရက္ တိုက္ပြဲျဖစ္စဥ္ကို ေျပာျပသည္။

အဆိုပါတိုက္ခိုက္မႈတြင္ စစ္ေကာင္စီတပ္ဘက္မွ ထိခိုက္ က်ဆဳံးမႈရွိမရွိ မသိရဟု ဆိုသည္။ ေမလ ၄ရက္တြင္လည္း မုံးကိုးခရိုင္အတြင္းရွိ စစ္ေကာင္စီတပ္ကို MNDAAက သြားေရာက္တိုက္ခိုက္ခဲ့သည္ဟု ဆိုသည္။

စစ္ေကာင္စီလက္ေအာက္ခံတပ္မ (၉၉)လက္ေအာက္ခံ တပ္ရင္းေတြက ကြၽန္ေတာ္တို႔ တပ္မဟာ (၅၁၁) လက္ေအာက္ခံ တပ္ရင္းတစ္ခုကို သူတို႔က ဝန္းရံပိတ္ဆို႔ၿပီး ေခ်မႈန္းဖို႔ ႀကံဆေနတာ။

သူတို႔က ပိတ္ဆို႔ဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ တပ္မဟာ (၅၁၁) လက္ေအာက္ခံ တပ္ရင္းရဲ႕ တပ္ဖြဲ႕ခြဲတစ္ခုက သူတို႔ တပ္မ (၉၉)လက္ေအာက္ခံ တပ္ရင္း (၄၂၀)ရယ္ (၄၂၁)ရယ္ သူတို႔ လႈပ္ရွားနယ္ေျမကို သြားေရာက္ ထိုးေဖာက္ၿပီးေတာ့ေပါ့။

အဲဒီ တပ္ရင္း ၂ခုေပါင္းက လူအင္အား ၁၄၀ ခန႔္ရွိမယ္ထင္တယ္။ သူတို႔ရွိေနတဲ့ေနရာကို အဲဒီ အဖြဲ႕ခြဲငယ္က ထိုးေဖာက္ၿပီး တိုက္ပြဲျဖစ္ပြားခဲ့တယ္ ဟု MNDAA တပ္ဖြဲ႕ဝင္က ေျပာသည္။

စစ္ေကာင္စီတပ္က လက္နက္ႀကီး ပစ္ကူအျပင္ တိုက္ပြဲျဖစ္ရာနယ္ေျမသို႔ စစ္ကူမ်ား ေစလႊတ္ခဲ့ေၾကာင္း ၎က ဆိုသည္။ ထိုေန႕က တိုက္ပြဲျဖစ္ပြားရာေနရာမွ MNDAA တပ္ဖြဲ႕ဝင္မ်ား ဦးစြာဆုတ္ခြာခဲ့ေၾကာင္း ရွင္းျပသည္။

ဒီတိုက္ခိုက္မႈမွာ စစ္ေကာင္စီက အနည္းဆုံး ၈ေယာက္ေလာက္က်တယ္။ ကြၽန္ေတာ္တို႔ဘက္ကေတာ့ ထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ဘူး။အဲဒီေန႕က ေလေၾကာင္းတိုက္ခိုက္မႈမရွိဘူး။

ဒါေပမဲ့ စစ္ရဟတ္ယာဥ္ တစ္စီးေတာ့ အဲဒီ ကြတ္ခိုင္ကေန မုံးကိုးဘက္ကို ပ်ံဝဲသြားတာေတြ႕ရတယ္။ ရရွိထားတဲ့ သတင္းက အဲဒီ ရဟတ္ယာဥ္က လူနာသြားသယ္တယ္လို႔သိရတယ္ ဟု MNDAA တပ္ဖြဲ႕ဝင္က ေျပာသည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဇြန္လမွစ၍ MNDAAႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား ကြတ္ခိုင္ေဒသ၌ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ဇူလိုင္လလယ္ပိုင္းမွစ၍ မုံးကိုးေဒသ၌ တိုက္ပြဲမ်ား ျပင္းထန္စြာ ဆက္တိုက္ျဖစ္ပြားခဲ့သည္။

ေဖေဖာ္ဝါရီအတြင္းက MNDAA ေခါင္းေဆာင္ ဦးဖုန္ၾကားရွင္ ကြယ္လြန္သြားခ်ိန္တြင္ MNDAA ဘက္က စစ္ေရးလႈပ္ရွားမႈမ်ား ရပ္ဆိုင္းထား၍ တိုက္ပြဲျဖစ္ပြားမႈ ေလ်ာ့နည္းခဲ့ေသာ္လည္း တစ္လေက်ာ္အၾကာတြင္ MNDAA နယ္ေျမတြင္ တိုက္ပြဲျဖစ္ပြားမႈ ျပန္လည္ျဖစ္ပြားခဲ့သည္။ လက္ရွိ ေဒသအေျခအေနမွာ စစ္ေရး

ေနသည့္ အေနအထားျဖစ္ေၾကာင္း MNDAA တပ္ဖြဲ႕ဝင္က ေျပာသည္။ Crd- People Spring

 

Video Player

 

00:00

00:05