Articles
စစ်ကောင်စီ ယာဉ်တန်းတစ်ခုလုံးကို ကရင်နီဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်တွေ သိမ်းဆည်းရမိ (ရုပ်သံ)
စစ်ကောင်စီ ယာဉ်တန်းတစ်ခုလုံးကို ကရင်နီဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်တွေ သိမ်းဆည်းရမိ
မေ ၇၊ ရန်ကုန် ခေတ်သစ်
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့ မေလ ၇ ရက်တွင် တိုက်ခိုက်၍ စစ်သား ၂၀ ဦးထက်မနည်းတေဆုံးပြီး အရှင်းရမိသည့် စစ်သားများလည်း ရှိကာ ကရင်နီတပ်ဖွဲ့များက စစ်ကား ၄ စီး ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
ဖရူဆို၊ မုန်တိုင်းရွာဘက်က ထွက်တဲ့ ယာဉ်တန်းပါ၊ KA နဲ့ KNDF က တိုက်တာပေါ့ စစ်သား ၂၀ တေတာကို မျက်မြင်ရတယ်၊ ၂၀ ထက်မနည်းတေနိုင်တယ်။
၆ ဦးကို အရှင်ဖမ်းမိတယ် ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။
ကရင်နီဒေသ သတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသော ဗီဒီယိုတွင် စစ်ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေသည်ကို တွေ့ရှိရပြီး အရှင်မိသည့် စစ်သားများ ရှိသလို
စစ်ကား ၄ စီးကို ကရင်နီတပ်ဖွဲ့များက ရှင်းလင်းလိုက်ပြီး တေဆုံး စစ်သား db များကို တွေ့မြင်ရသည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး KNDF က တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။ Crd- Khit Thit
မေ ၇၊ ရန်ကုန် ခေတ်သစ်