Knowledge

အိမ်မြှောင်တွေနဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ ဗဟုသုတများ…..

အိမ်မြောင်ဆိုတဲ့ တွားသွားသတ္တဝါငယ်ဟာ နေအိမ်တော်တော်များများမှာ ရှိနေတတ်တဲ့ တိရစ္ဆာန်ငယ်လေးဖြစ်ပါတယ်။အိမ်မြောင်စုတ်ထိုးသံကြားရတဲ့အခါ အများစုက မသိသလိုပဲနေတတ်ကြပါတယ်။တစ်ချို့ကတော့ အိမ်မြောင်စုတ်ထိုးရာမှာ စုတ်ထိုးတဲ့နေရာအပေါ်မူတည်ပြီး နိမိတ်ပြတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါဟာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတော်တော်များများကလည်း ဒီလိုပဲယုံကြည်ထားကြပါတယ်။ဖိလစ်ပိုင်မှာတော့ အိမ်မြောင်စုတ်ထိုးသံကြားရပြီဆိုရင် အန္တရာယ်များတဲ့ လူ ဒါမှမဟုတ် စာရောက်လာတတ်တယ်လို့ ယုံကြည်ကြပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း အိမ်မြောင်ရဲ့အသံပြုသံ အသံပြုတဲ့နေရာပေါ်မူတည်ပြီးကံဆိုးခြင်းနိမိတ် ကံကောင်းခြင်းနိမိတ်ကိုခွဲခြားနိုင်တယ်လို့ ရှေးရာစုနှစ်ပေါင်းများစွာကတည်းက ယုံကြည်ထားကြပါတယ်။ဒီယုံကြည်မှုဟာ အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ် နီပေါစတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ တည်ရှိနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အိမ်မြောင်စုတ်ထိုးသံနဲ့ပတ်သတ်ပြီး အတိတ်နမိတ်ကောက်တာတွေရှိကြပါတယ်။လူနဲ့ နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတဖြစ်တယ်လို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဟောကြားထားပါတယ်။အရှေ့တောင်အာရှနိုင်ငံအချို့မှာ သတ်မှတ်ထားသလိုပဲ မြန်မာနိုင်ငံမှာလည်း အိမ်မြောင်စုတ်ထိုးရာအရပ်ကိုမူတည်ပြီး ကောင်းခြင်းဆိုးခြင်းနိမိတ်ကို သတ်မှတ်ထားကြပါတယ်။

ဒီအကြောင်းလေးကို ပရိသတ်ကြီးဗဟုသုတရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

အရှေ့အရပ်မှ အိမ်မြောင်စုတ်ထိုးရင် ရွေငွေ လက်ဝတ်ရတနာ ဝင်ကိန်းရှိပြီးအနောက်အရပ်မှစုပ်ထိုးလျှင်သူခိုးသူဝှက် ရန်သူမျိုးငါးပါး ဘေးတွေ့ကြုံလိမ့်မယ်လို့ ဆိုကြပါတယ်။တောင်အရပ်မှစုတ်ထိုးရင် ခြေနှစ်ချောင်းဝင်စရာရှိပြီး မြောက်အရပ်မှ စုတ်ထိုးရင်တော့ ချီးမြှောက်ခံရမယ်လို့ဆိုကြပါတယ်။ဦးခေါင်း တည့်တည့်အပေါ်မှ အိမ်မြောင်စုတ်ထိုးသံကြားရရင်တော့ရာထူးလာဘ်လာဘ ဒီရေအလားတိုးတက်မယ်လို့ သိရပါတယ်။

အိမ်ရွိ မီးဖိုချောင်မွာ နေဝင်ချိန် အိမ်မြောင်စုတ်ထိုးသံကြားရရင်တော့ဒါစားသောက်ဖွယ်ရာ ပစ္စည်းများ ပေါများ ပြည့်လျံမယ့်နမိတ်ဖြစ်ပါတယ်။အိမ်ရှေ့ခန်းမှာ စုတ်ထိုးတဲ့အခါ မင်းစိုးရာဇာကိစ္စနဲ့ စကားများတတ်ပြီးအိမ်လယ်ခန်းကစုတ်ထိုးတဲ့အခါ သားသမီးကိစ္စဘစကားပြောတတ်တယ်လို့ သိရပါတယ်။အိမ်ခန်းထဲက ထိုးတဲ့အခါ လင်မယားစကားများရန်ဖြစ်တတ်တယ်လို့ဆိုကြပါတယ်။

အချို့အိမ်မြှောင်စုတ်ထိုးသံကို ၂ရက် ၃ရက်မှတစ်ကြိမ်ကြားရပြီဆိုရင်တော့ “ကျန်းမာပါစေ၊ အစားအစာ ကြွယ်ဝပါစေ” ဟုမေတ္တာ ပို့ပေးသင့်တယ်လို့ သိရပါတယ်။တစ်နေ့တည်း လေးငါးကြိမ်မက အခါခါစုတ်ထိုးရင်တော့ကျန်းမာရေးနဲ့ပတ်သတ်တဲ့ကိစ္စ စီးပွားရေးနဲ့ပတ်သတ်တဲ့ကိစ္စ စိုးရိမ်ရတတ်တယ်လို့ အယူရှိကြပါတယ်။

crd

အိမ္ေျမာင္ဆိုတဲ့ တြားသြားသတၱဝါငယ္ဟာ ေနအိမ္ေတာ္ေတာ္မ်ားမ်ားမွာ ရွိေနတတ္တဲ့ တိရစၧာန္ငယ္ေလးျဖစ္ပါတယ္။အိမ္ေျမာင္စုတ္ထိုးသံၾကားရတဲ့အခါ အမ်ားစုက မသိသလိုပဲေနတတ္ၾကပါတယ္။တစ္ခ်ိဳ႕ကေတာ့ အိမ္ေျမာင္စုတ္ထိုးရာမွာ စုတ္ထိုးတဲ့ေနရာအေပၚမူတည္ၿပီး နိမိတ္ျပတာျဖစ္တယ္လို႔ ဆိုၾကပါတယ္။

ဒါဟာ ျမန္မာတစ္နိုင္ငံတည္းမဟုတ္ပါဘူး။ အေရွ႕ေတာင္အာရွနိုင္ငံေတာ္ေတာ္မ်ားမ်ားကလည္း ဒီလိုပဲယုံၾကည္ထားၾကပါတယ္။ဖိလစ္ပိုင္မွာေတာ့ အိမ္ေျမာင္စုတ္ထိုးသံၾကားရၿပီဆိုရင္ အႏၲရာယ္မ်ားတဲ့ လူ ဒါမွမဟုတ္ စာေရာက္လာတတ္တယ္လို႔ ယုံၾကည္ၾကပါတယ္။

အိႏၵိယနိုင္ငံမွာလည္း အိမ္ေျမာင္ရဲ့အသံျပဳသံ အသံျပဳတဲ့ေနရာေပၚမူတည္ၿပီးကံဆိုးျခင္းနိမိတ္ ကံေကာင္းျခင္းနိမိတ္ကိုခြဲျခားနိုင္တယ္လို႔ ေရွးရာစုႏွစ္ေပါင္းမ်ားစြာကတည္းက ယုံၾကည္ထားၾကပါတယ္။ဒီယုံၾကည္မႈဟာ အိႏၵိယအျပင္ ဘဂၤလားေဒ့ရွ္ နီေပါစတဲ့ အိမ္နီးခ်င္းနိုင္ငံေတြမွာပါ တည္ရွိေနတာျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာလည္း အိမ္ေျမာင္စုတ္ထိုးသံနဲ႔ပတ္သတ္ၿပီး အတိတ္နမိတ္ေကာက္တာေတြရွိၾကပါတယ္။လူနဲ႔ နတ္တို႔ရဲ့ဆက္သြယ္ေရး အခ်က္ၿပ သေကၤတျဖစ္တယ္လို႔ မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးက ေဟာၾကားထားပါတယ္။အေရွ႕ေတာင္အာရွနိုင္ငံအခ်ိဳ႕မွာ သတ္မွတ္ထားသလိုပဲ ျမန္မာနိုင္ငံမွာလည္း အိမ္ေျမာင္စုတ္ထိုးရာအရပ္ကိုမူတည္ၿပီး ေကာင္းျခင္းဆိုးျခင္းနိမိတ္ကို သတ္မွတ္ထားၾကပါတယ္။

ဒီအေၾကာင္းေလးကို ပရိသတ္ႀကီးဗဟုသုတရေစဖို႔ တင္ဆက္ေပးလိုက္ပါတယ္။

အေရွ႕အရပ္မွ အိမ္ေျမာင္စုတ္ထိုးရင္ ေရြေငြ လက္ဝတ္ရတနာ ဝင္ကိန္းရွိၿပီးအေနာက္အရပ္မွစုပ္ထိုးလၽွင္သူခိုးသူဝွက္ ရန္သူမ်ိဳးငါးပါး ေဘးေတြ႕ၾကဳံလိမ့္မယ္လို႔ ဆိုၾကပါတယ္။ေတာင္အရပ္မွစုတ္ထိုးရင္ ေျခႏွစ္ေခ်ာင္းဝင္စရာရွိၿပီး ေျမာက္အရပ္မွ စုတ္ထိုးရင္ေတာ့ ခ်ီးေျမႇာက္ခံရမယ္လို႔ဆိုၾကပါတယ္။ဦးေခါင္း တည့္တည့္အေပၚမွ အိမ္ေျမာင္စုတ္ထိုးသံၾကားရရင္ေတာ့ရာထူးလာဘ္လာဘ ဒီေရအလားတိုးတက္မယ္လို႔ သိရပါတယ္။

အိမ္ရြိ မီးဖိုေခ်ာင္မြာ ေနဝင္ခ်ိန္ အိမ္ေျမာင္စုတ္ထိုးသံၾကားရရင္ေတာ့ဒါစားေသာက္ဖြယ္ရာ ပစၥည္းမ်ား ေပါမ်ား ျပည့္လ်ံမယ့္နမိတ္ျဖစ္ပါတယ္။အိမ္ေရွ႕ခန္းမွာ စုတ္ထိုးတဲ့အခါ မင္းစိုးရာဇာကိစၥနဲ႔ စကားမ်ားတတ္ၿပီးအိမ္လယ္ခန္းကစုတ္ထိုးတဲ့အခါ သားသမီးကိစၥဘစကားေျပာတတ္တယ္လို႔ သိရပါတယ္။အိမ္ခန္းထဲက ထိုးတဲ့အခါ လင္မယားစကားမ်ားရန္ျဖစ္တတ္တယ္လို႔ဆိုၾကပါတယ္။

အခ်ိဳ႕အိမ္ေျမႇာင္စုတ္ထိုးသံကို ၂ရက္ ၃ရက္မွတစ္ႀကိမ္ၾကားရၿပီဆိုရင္ေတာ့ “က်န္းမာပါေစ၊ အစားအစာ ႂကြယ္ဝပါေစ” ဟုေမတၱာ ပို႔ေပးသင့္တယ္လို႔ သိရပါတယ္။တစ္ေန႔တည္း ေလးငါးႀကိမ္မက အခါခါစုတ္ထိုးရင္ေတာ့က်န္းမာေရးနဲ႔ပတ္သတ္တဲ့ကိစၥ စီးပြားေရးနဲ႔ပတ္သတ္တဲ့ကိစၥ စိုးရိမ္ရတတ္တယ္လို႔ အယူရွိၾကပါတယ္။

crd