Knowledge

ချွေးမလေးရောဂါအသည်းအသန်ဖြစ်နေလို့ အိမ်ရောင်းပြီးကုပေးခဲ့သော်လည်း ချွေးမက နေကောင်းသွားသောအခါ နောက်တစ်ယောက်နဲ့လိုက်သွားလို့ ဒုက္ခရောက်ကျန်ရစ်ခဲ့ရသည့်မိသားစု

အချို့မိသားစုများ၏ဒုက္ခရောက်ပင်ပန်းဆင်းရဲနေရပုံတွေကိုမြင်ရပုံဟာအတော်လေးစိတ်မကောင်းဖွယ်ရာကောင်းလှပါတယ်။

ယခုဖော်ပြမည့်အကြောင်းလေးကတော့ ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့တွင်နေထိုင်သည့်အသက်၆ဝအရွယ်အမျိုးသား၏မိသားစုဒုက္ခရောက်ရပုံဖြစ်ပါတယ်။

အမျိုးသားဟာသူ၏ချွေးမကရောဂါအသည်းအသန်ဖြစ်သူဆေးရုံတွင်အရေးပေါ်ကုသမှုခံယူနေရတာဖြစ်ပါတယ်။

ထိုအခါချွေးမလေး၏အသက်ကိုကယ်တင်ဖို့အတွက် လက်ရှိနေထိုင်နေသည့်အိမ်ကိုပင်ရောင်းချပြီးချွေးမလေးကိုဆေးကုပေးခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ချွေးမလေးကတော့နေပြန်ကောင်းလာသောအခါနောက်ထပ်ယောကျာ်းတစ်ယောက်နောက်ကိုလိုက်သွားခဲ့ပြီး ကျေးဇူးရှင်ယောက္ခမမိသားစုကို ကျေးဇူးကန်းခဲ့တာဖြစ်ပါတယ်။

အမျိုးသားမိသားစုကတော့နေစရာအိမ်မရှိတော့ဘဲဒုက္ခရောက်လျက်ရှိနေပါတယ်။

Zawgyi







===========