News

လှရွှေတို့ လိုင်းကြေးယူထားတဲ့ ကစားဝိုင်း စစ်တပ်ဝင်ဖမ်း





ရဲတွေလိုင်းကြေးယူ ကင်းစောင့်ပေးနေတဲ့ လောင်းကစားဝိုင်းကို စစ်ကောင်စီတပ်သား ၆ ယောက်ရောက်လာပြီ ၂ ချက်မိုးပေါ်ထောင်ပြစ်ကာ ဝင်ဖမ်းသွားတာကြောင့် လူတွေရော ဆိုင်ကယ်တွေပါ ဖမ်းမိခဲ့တယ် လို့ ဆိုပါတယ်


မြောင်းမြမြို့တွင် ရဲလိုင်းကြေးယူထားတဲ့ လောင်းကစားဝိုင်း စစ်တပ်ဝင်ဖမ်း

ဧရာဝတီတိုင်း၊ မြောင်းမြ မြို့နယ်မှာ မေလ ၅ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က လိုင်းကြေး ယူထားတဲ့လောင်းကစားဝိုင်းကို စစ်တပ်ကဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်

ရဲတပ်ဖွဲ့က လိုင်းကြေးယူပြီး စောင့်ကြပ်ပေးနေတဲ့ ဇလပ်ကွင်းကျေးရွာက လောင်းကစားဝိုင်းကို စစ်ကောင်စီ တပ်သားတွေလာရောက်ပြီး ပြစ်ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံ တွေက ပြောပါတယ်

ဟုတ်တယ် ပြစ်တယ် အသံကြားလိုက်တယ်လို့ ပြောတယ် ရွာဘက်ကို လှမ်းမေးတော့ လောင်းကစား ဝိုင်းကို ဝင်ဖမ်းတာပြောတယ်လို့ ဒေသခံတဦးက ပြောပါတယ်

ရဲတွေလိုင်းကြေးယူ ကင်းစောင့်ပေးနေတဲ့ လောင်းကစားဝိုင်းကို စစ်ကောင်စီတပ်သား ၆ ယောက်ရောက်လာပြီ ၂ ချက်မိုပေါ်ထောင်ပြစ်ကာ ဝင်ဖမ်းသွားတာကြောင့် လူတွေရော ဆိုင်ကယ်တွေပါ ဖမ်းမိခဲ့တယ် လို့ ဆိုပါတယ်

ဖမ်းမိခဲ့တဲ့ လူတွေနဲ့ ဆိုင်ကယ်တွေကို လူ ၁ ယောက် ဆိုင်ကယ် ၁ စီးကို ၃ သိန်းခွဲနဲ့ ရွေးခိုင်းပြီး PCX ဆိုင်ကယ် စီးတဲ့သူတွေကို တစီး ၁၅ သိန်းနဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ သိရပါတယ် Crd- ဧရာဝတီတိုင်းမ်