Local News

ေငြေဆာင္အလွၿပ ဆင္စခန္းတြင္ အသက္ ၉ ႏွစ္အရြယ္ ကေလးတဦး ဆင္နင္းခံရၿပီးေသဆုံး

ေငြေဆာင္အလွၿပ ဆင္စခန္းတြင္ အသက္ ၉ ႏွစ္အရြယ္ ကေလးတဦး ဆင္နင္းခံရၿပီးေသဆုံး

ဧရာ၀တီတိုင္းမ္၊ ေမလ ၈ ရက္။

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္၊ ေငြေဆာင္ၿမိဳ႕မွာ ေမလ ၅ ရက္ေန႔က အလွျပဆင္စခန္းမွာ အသက္ ၉ ႏွစ္ အရြယ္ ကေလးတဦး ဆင္နင္းခံရၿပီး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

သဇင္ေက်းရြာအုပ္စု ေရသိုးေက်းရြာမွာရွိတဲ့ အလွျပဆင္စခန္းမွာ ဆင္ဦးစီး ဦးဖာရဲ့သား အသက္ ၉ ႏွစ္အရြယ္ ေမာင္ဂ်ိမ္းမွာ ညေနပိုင္း ေခ်ာင္းထဲေရခပ္သြားခ်ိန္မွာ ဆင္နင္းခံရၿပီး ေသဆုံးခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။

ေသသြားတဲ့ကေလးက ဆင္ေတြေရခ်ိဳးေပးၿပီးလို႔ ေရခပ္သြားတဲ့အခ်ိန္မွာ ေတာဆင္ရိုင္းေတြ ေရာက္လာၿပီး နင္းသြားတာလို႔ ၾကားတယ္ နည္းနည္းေဝးေတာ့ သြားေတာ့မၾကည့္ျဖစ္ဘူး ျဖစ္သြားတာေတာ့ ၾကားတယ္ လို႔ ေဒသခံတဦးက ေျပာပါတယ္။

ေရသိုးေက်းရြာအနီးက ေတာထဲမွာ မၾကာခဏဆိုသလို ေတာဆင္ရိုင္းေတြ လွည့္လည္အစာရွာေလ့ရွိၿပီး ကေလးတဦးတဲ့သြားတဲ့အခ်ိန္မွာ အနင္းခံရတာျဖစ္နိုင္တယ္လို႔ ဆိုပါတယ္။

ဧရာဝတီတိုင္းထဲက ရခိုင္ရိုးမနဲ႔ဆက္စပ္ေနတဲ့ ၿမိဳ႕နယ္ေတြထဲက ေက်းရြာေတြမွာ မၾကာခဏဆိုသလို ေတာ ဆင္ရိုင္းေတြ အသတ္ခံရေလ့ရွိၿပီး တႏွစ္ကိုအနည္းဆုံး ဆင္နင္းခံရလို႔ ၂ ဦးေသဆုံးေလ့ရွိတယ္လို႔ သစ္ေတာ ဦးစီးဌာနမွတ္တမ္းေတြအရ သိရပါတယ္။ Crd- ဧရာ၀တီတိုင္းမ္

ငွေဆောင်အလှပြ ဆင်စခန်းတွင် အသက် ၉ နှစ်အရွယ် ကေလးတဦး ဆင်နင်းခံရပြီးသေဆုံး

ဧရာ၀တီတိုင်းမ်၊ မေလ ၈ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့မှာ မေလ ၅ ရက်နေ့က အလှပြဆင်စခန်းမှာ အသက် ၉ နှစ် အရွယ် ကေလးတဦး ဆင်နင်းခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သဇင်ကျေးရွာအုပ်စု ရေသိုးကျေးရွာမှာရှိတဲ့ အလှပြဆင်စခန်းမှာ ဆင်ဦးစီး ဦးဖာရဲ့သား အသက် ၉ နှစ်အရွယ် မောင်ဂျိမ်းမှာ ညနေပိုင်း ချောင်းထဲရေခပ်သွားချိန်မှာ ဆင်နင်းခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သေသွားတဲ့ကလေးက ဆင်တွေရေချိုးပေးပြီးလို့ ရေခပ်သွားတဲ့အချိန်မှာ တောဆင်ရိုင်းတွေ ရောက်လာပြီး နင်းသွားတာလို့ ကြားတယ် နည်းနည်းဝေးတော့ သွားတော့မကြည့်ဖြစ်ဘူး ဖြစ်သွားတာတော့ ကြားတယ် လို့ ဒေသခံတဦးက ပြောပါတယ်။

ရေသိုးကျေးရွာအနီးက တောထဲမှာ မကြာခဏဆိုသလို တောဆင်ရိုင်းတွေ လှည့်လည်အစာရှာလေ့ရှိပြီး ကလေးတဦးတဲ့သွားတဲ့အချိန်မှာ အနင်းခံရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေမှာ မကြာခဏဆိုသလို တော ဆင်ရိုင်းတွေ အသတ်ခံရလေ့ရှိပြီး တနှစ်ကိုအနည်းဆုံး ဆင်နင်းခံရလို့ ၂ ဦးသေဆုံးလေ့ရှိတယ်လို့ သစ်တော ဦးစီးဌာနမှတ်တမ်းတွေအရ သိရပါတယ်။ Crd- ဧရာ၀တီတိုင်းမ်