Local News

မင္းေအာင္လွိုင္ အင္းလ်ားလမ္းေနအိမ္ အစုရွယ္ယာမ်ား NUG ေရာင္းခ်မႈ ၃ ရက္အတြင္း ေဒၚလာ ၂ သန္းရရွိ

မင္းေအာင္လွိုင္ အင္းလ်ားလမ္းေနအိမ္ အစုရွယ္ယာမ်ား NUG ေရာင္းခ်မႈ ၃ ရက္အတြင္း ေဒၚလာ ၂ သန္းရရွိ

ရန္ကုန္၊ ေမ ၈

အၾကမ္းဖက္ စစ္ရာဇဝတ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ ပိုင္ဆိုင္သည့္ အင္း လ်ား လမ္း ၿခံအမွတ္ ၁၄၏ အစုရွယ္ယာမ်ားကို NUG က ေရာင္းခ်လ်က္ရွိရာ ၇၂ နာရီ အတြင္း ေဒၚလာ ၂ သန္း ရရွိသြားၿပီျဖစ္ေၾကာ

င္း NUG စီမံကိန္း ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈ ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးတင္ထြန္းနိုင္က တရားဝင္သတင္းထုတ္ျပန္သည္။

” အၾကမ္းဖက္စစ္ေခါင္းေဆာင္ရဲ႕ အိမ္နဲ႕ၿခံေျမ၂၀ ရာခိုင္ႏႈန္းကို ျပည္သူက ၃ ရက္အတြင္း ျပန္လည္ သိမ္းပိုက္နိုင္လိုက္တာပါပဲ။ နာရီ၊ မိနစ္၊ စကၠန႔္နဲ႕အမွ် ဝယ္လို

အားေတြ တရိပ္ရိပ္တက္ေနတာမို႔ မူလရည္မွန္းထားတဲ့ ေဒၚလာ ၁၀ သန္းျပည့္ဖို႔ ရက္သတၱပတ္နဲ႕ခ်ီၿပီး ၾကာမယ့္ပုံ မရွိပါဘူး” ဟု ဦးတင္ထြန္းနိုင္က လူမႈကြန္ရက္ စာမ်က္ႏွာတြင္ သတင္းထုတ္ျပန္သည္။

ရန္ကုန္၊ အင္းလ်ားလမ္းရွိ မင္းေအာင္လွိုင္က မတရားသိမ္းယူထားေသာ နိုင္ငံေတာ္ပိုင္ ေနအိမ္ကို NUGအမ်ိဳးသားညီၫြတ္ေရးအစိုးရ က အေမရိကန္ေဒၚလာ ၁၀ သန္း ေစ်းႏႈန္းသတ္မွတ္လိုက္ၿပီး ေဒၚလာ ၁၀ သန္းကို

အစုရွယ္ ယာ ၁ သိန္း ခြဲျခမ္း၍ ေရာင္းခ်မည္ျဖစ္ကာ ရွယ္ယာတစ္စုလွ်င္ ေဒၚလာ ၁၀၀ ျဖင့္ ျပည္သူမ်ား ဝယ္ယူနိုင္ေၾကာင္း NUG က တရားဝင္ ထုတ္ျပန္ေၾကညာသည္။

အာဏာရွင္ အဆုံးသတ္နိဂုံး (The End of Dictatorship-EOD) အစီအစဥ္၏ ကနဦးေျခလွမ္းအျဖစ္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္မတရားသျဖင့္ ရယူထားေသာ နိုင္ငံေတာ္ပိုင္ ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ အင္းလ်ားလမ္း၊ ၿခံအမွတ္ (၁၄)ရွိ ေျမႏွ

င့္အေဆာက္အအုံအား ႀကိဳတင္ေရာင္းခ်နိဳင္ေရး အတြက္ ျပည္သူ႕ဆႏၵေကာက္ယူမႈ စစ္တမ္း တစ္ခု ျပဳလုပ္ခဲ့ေၾကာင္း၊ စစ္တမ္းေကာက္ယူမႈ (၆) ရက္တာကာလအတြင္း စုစုေပါင္း ဆႏၵျပဳသူ တစ္ေသာင္းရွစ္ေထာ

င္ေက်ာ္၏ ၉၇ ရာခိုင္ႏႈန္း ေက်ာ္က ဝယ္ယူမည္ဟု ဆႏၵျပဳခဲ့ၾကၿပီး ဝယ္ယူရန္ အဆိုျပဳပမာဏ စုစုေပါင္းမွာ ေငြက်ပ္ ၃၄ ဘီလီယံေက်ာ္ (အေမရိကန္ေဒၚလာ ၁၇ သန္း) ခန႔္ ရွိေၾကာင္း သိရွိရသည္။

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ မတရားသျဖင့္ ရယူထားေသာ အဆိုပါနိုင္ငံေတာ္ပိုင္ေျမမွာ ၁ ဒသမ ၈၆ ဧက က်ယ္ဝန္းၿပီး ကာလေပါက္ေဈး

အားျဖင့္ အေမရိကန္ေဒၚလာ သန္း ၃၀ ေက်ာ္တန္ေၾကးရွိေၾကာင္း၊ NUG က မင္းေအာင္လွိုင္အိမ္ကို ေရာင္းခ်သည့္အခါ ကာလတန္ေၾကး၏ ၃ ပုံ ၁ ပုံ၊

အေမရိကန္ေဒၚလာ ၁၀ သန္းသာ တန္ဖိုးျဖတ္၍ အစုရွယ္ယာ တစ္သိန္းတိတိ ေရာင္း ခ်သြားမည္ျဖစ္ၿပီး ရွယ္ယာတစ္စုလွ်င္ အေမရိကန္ေဒၚလာ ၁၀၀ သတ္ မွတ္ေၾကာင္း သိရွိရသည္။

ကမၻာတလႊားရွိ ဆက္သြယ္ဝယ္ယူရရွိနိုင္မည့္ ကိုယ္စားလွယ္အမည္စာရင္းႏွင့္ စတင္ေရာင္းခ်မည့္အခ်ိန္အား သီးျခားထုတ္ျပန္ေပးသြားမည္ျဖစ္ၿပီး မိမိတို႔ႏွင့္ အဆင္ေျပနီးစပ္သည့္ နိုင္ငံတကာကိုယ္စားလွယ္မ်ားထံ ခ်ိတ္ဆက္၍ ဝယ္ယူရရွိနိုင္ပါေၾကာင္း သတင္းေကာင္းပါးအ

ပ္ေၾကာင္း ၊ ဤေရာင္းခ်မႈအား အမ်ိဳး သားညီၫြတ္ေရးအစိုးရ၏ ၂၄-၀၂-၂၀၂၂ ရက္စြဲျဖင့္ ထုတ္ျပန္ထားသည့္ အၾကမ္းဖက္စစ္ေကာင္စီက သိမ္းယူထားေ

သာ တပ္ပိုင္ေျမဆိုင္ရာ အေျခခံမူမ်ား အပိုဒ္ ၄ ႏွင့္ အပိုဒ္ ၅ အရ စီမံေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း၊ အာဏာရွင္အဆုံးသတ္နိဂုံးအတြက္ မဆုတ္မနစ္ေသာ ဇြဲ

လုံ႕လ၊ ခိုင္မာျပတ္သားေသာသႏၷိ႒ာန္ျဖင့္ ပူးေပါင္း ပါဝင္ဝယ္ယူၾကသူအားလုံးကို ေလးစားဂုဏ္ျပဳ ဦးၫႊတ္အပ္ေၾကာင္း NUG ၏ ထုတ္ျပန္ေၾကညာခ်က္တြင္ ေရးသားထားသည္။

ဓာတ္ပုံ- အၾကမ္းဖက္ စစ္ရာဇဝတ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ႏွင့္သူ၏ ေျမးမ်ား။

မင်းအောင်လှိုင် အင်းလျားလမ်းနေအိမ် အစုရှယ်ယာများ NUG ရောင်းချမှု ၃ ရက်အတွင်း ဒေါ်လာ ၂ သန်းရရှိ

ရန်ကုန်၊ မေ ၈

အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင် ပိုင်ဆိုင်သည့် အင်း လျား လမ်း ခြံအမှတ် ၁၄၏ အစုရှယ်ယာများကို NUG က ရောင်းချလျက်ရှိရာ ၇၂ နာရီ အတွင်း ဒေါ်လာ ၂ သန်း ရရှိသွားပြီဖြစ်ကြောင်း NUG

စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်က တရားဝင်သတင်းထုတ်ပြန်သည်။

 

” အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အိမ်နဲ့ခြံမြေ၂၀ ရာခိုင်နှုန်းကို ပြည်သူက ၃ ရက်အတွင်း ပြန်လည် သိမ်းပိုက်နိုင်လိုက်တာပါပဲ။ နာရီ၊ မိနစ်၊ စက္ကန့်နဲ့အမျှ

ဝယ်လိုအားတွေ တရိပ်ရိပ်တက်နေတာမို့ မူလရည်မှန်းထားတဲ့ ဒေါ်လာ ၁၀ သန်းပြည့်ဖို့ ရက်သတ္တပတ်နဲ့ချီပြီး ကြာမယ့်ပုံ မရှိပါဘူး” ဟု ဦးတင်ထွန်းနိုင်က လူမှုကွန်ရက် စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ အင်းလျားလမ်းရှိ မင်းအောင်လှိုင်က မတရားသိမ်းယူထားသော နိုင်ငံတော်ပိုင် နေအိမ်ကို NUGအမျိုးသားညီညွတ်ရေးအစိုးရ က အမေရိကန်ဒေါ်လာ ၁၀ သန်း စျေးနှုန်းသတ်မှတ်လိုက်ပြီး ဒေါ်လာ ၁၀

သန်းကို အစုရှယ် ယာ ၁ သိန်း ခွဲခြမ်း၍ ရောင်းချမည်ဖြစ်ကာ ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ပြည်သူများ ဝယ်ယူနိုင်ကြောင်း NUG က တရားဝင် ထုတ်ပြန်ကြေညာသည်။

အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်၏ ကနဦးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄)ရှိ မြေ

နှင့်အဆောက်အအုံအား ကြိုတင်ရောင်းချနိုင်ရေး အတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်း တစ်ခု ပြုလုပ်ခဲ့ကြောင်း၊ စစ်တမ်းကောက်ယူမှု (၆) ရက်တာကာလအတွင်း

စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော်၏ ၉၇ ရာခိုင်နှုန်း ကျော်က ဝယ်ယူမည်ဟု ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူ

ရန် အဆိုပြုပမာဏ စုစုပေါင်းမှာ ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော အဆိုပါနိုင်ငံတော်ပိုင်မြေမှာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိကြောင်း၊ NUG က မင်းအောင်လှိုင်အိမ်ကို ရောင်းချသည့်အခါ

ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်းသာ တန်ဖိုးဖြတ်၍ အစုရှယ်ယာ တစ်သိန်းတိတိ ရောင်း ချသွားမည်ဖြစ်ပြီး ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ် မှတ်ကြောင်း သိရှိရသည်။

ကမ္ဘာတလွှားရှိ ဆက်သွယ်ဝယ်ယူရရှိနိုင်မည့် ကိုယ်စားလှယ်အမည်စာရင်းနှင့် စတင်ရောင်းချမည့်အချိန်အား သီးခြားထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး မိမိတို့နှင့် အဆင်ပြေနီးစပ်သည့် နိုင်ငံတကာကိုယ်စားလှယ်များထံ ချိတ်ဆက်၍ ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ကြောင်း ၊ ဤရောင်းချမှုအား အမျိုး သားညီညွတ်ရေးအစိုးရ၏ ၂၄-၀၂-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ အပိုဒ် ၄ နှင့် အပိုဒ် ၅ အရ စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အာဏာရှင်အဆုံးသတ်နိဂုံးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာပြတ်သားသောသန္နိဋ္ဌာန်ဖြင့် ပူးပေါင်း ပါဝင်ဝယ်ယူကြသူအားလုံးကို လေးစားဂုဏ်ပြု ဦးညွှတ်အပ်ကြောင်း NUG ၏ ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

 

ဓာတ်ပုံ- အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်သူ၏ မြေးများ။