ဗေဒင်

7 ရက်သားသမီးအတွက် ဟောစာတမ်းအကျဉ်း( မေလ ၉ ရက်နေ့)

9.May.2022 တစ်နေ့တာလမ်းညွှန်ချက်၊ ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ရရက်သားသမီးဟောစာတမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊မေလ ၉ ရက်နေ့လဲ ဖြစ်ပါတယ်။

ရရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အခက်အခဲတွေကိုရင်ဆိုင်ရပါလိမ့်မယ်။ ခေါင်းအေးအေး ထားပြီးတော့လုပ်ကိုင်သွားစေချင်ပါတယ်။ ကျန်းမာရေး ကတော့ အထူးညံ့နေတတ်ပါတယ်။အိမ်တွင်းရေးနဲ့ပတ် သက်ပြီးတော့လဲ ပြဿနာလေးတွေရှိနေတတ်ပါတယ်။

သူများကိစ္စတွေကိုဝင်မပါတာက ပိုကောင်းပါတယ်။ အလုပ်ထဲမှာအလေးအနက်ထားပါ။ ခပ်ပေါ့ပေ့ါလုပ်ကိုင်တာ မျိုးလဲရှောင်သင့်ပါတယ်။ ငွေက ဝင်သလောက် အဟောသိကံပြန်ကုန်သွားတတ်ပါ တယ်။

အဖတ်မတင်ဘဲ ပြန်ကုန်သွားတတ်တာမျိုးပေါ့၊ စီးပွားရေးမှာ အရေးကြီး တဲ့ဆုံးဖြတ်ချက်တွေကို ဒီနေ့မှာမချမှတ်လိုက်ပါနဲ့။

တနင်္လာ

အကောင်းအဆိုးတွေကို တလှည့်စီခံစားရတတ်ပါတယ်။ မိမိ ကိုယ်တိုင်က အသစ်အဆန်းတွေကို လုပ်တာမျိုး၊ပေါ်ပင်လုပ်တာမျိုးတွေကိုအထူးပဲရှောင်လိုက်ပါ။ ကျန်းမာရေး ကတော့ အကောင်းဘက်အလေးသာ ပါတယ်။

ပညာရေးလဲပတ်သက်ပြီး စိတ်မပါသလိုဖြစ်နေရတတ်ပါတယ်။ ဒီလို နေ့မျိုးမှာတော့စက်ကား မောင်းနှင်သူများ အထူးပဲသတိထားပါဗျ။ သတ်မှတ်မိုင်နှုန်းထက်ပိုမမောင်းပါနဲ့။

အရမ်း ရင်းနှီးတဲ့ မိတ်ဆွေ၊သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားလေးတစ်ခွန်း အမူအရာလေးတစ်ခုကြောင့် တစ်သက်လုံး မခေါ်နိုင်မပြောနိုင်ဖြစ်ရတတ်ပါတယ်။

အင်္ဂါ

အလုပ်နဲ့ပတ်သက်ပြီး ခရီးများရတတ်ပါတယ်။ အမျိုးသားများ ဇနီးသည်ရဲ့ကျန်းမာရေးကိုဂရုစိုက်လိုက်ပါ။ မိသားစုစီးပွားရေးများ အချင်းချင်းစိတ်ဝမ်းကွဲနေတတ်ပါတယ်။

လိုက်ပါဆောင်ရွက်သောကိစ္စမှန်သမျှ ကြန့်ကြာ မှုလေးတွေရှိနေတတ်ပါတယ်။ ပညာယူလို့ ပညာသင်လို့ မကောင်းတဲ့နေ့ရက်ပါပဲ။ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ငန်းတူ၊လုပ်ငန်းပြိုင်တွေရဲ့ မတရားတိုက်ခိုက်အပုပ်ချတာ မျိုးတွေကြုံရတတ်ပါတယ်။

သတိထားပါ။ ရန်ကိုရန်ချင်း မတုန့်ပြန်လိုက်ပါနဲ့။ မိမိလိုချင်တာတွေကို တရားနည်းလမ်း ကျကျနဲ့လုပ်ယူနိုင်ဖို့လိုပါတယ်။ ခရီးသွားလုပ်ငန်းများ အနည်းငယ် အခက်အခဲများရတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

ကိုယ့်ကိစ္စထက်သူများကိစ္စတွေကို ဝင်ပါနေရတတ်ပါတယ်။ သူများတွေရဲ့သာရေးနာရေးကိစ္စတွေ ကိုယ်စွမ်းကိုယ်စ ရှိသလောက်ကူညီပေးနေရတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး အိမ်နဲ့အဝေးမှာပညာသွားသင်ဖို့ အကြောင်းဖန် လာတတ်ပါတယ်။

ငွေကြေးနဲ့ပက်သက်ပြီး ဝယ်စရာလေး တွေများနေတာကြောင့် ငွေကုန်ကြေးကျများ နေရတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ အလုပ်များ၊ အလုပ်ရှုပ်နေရတတ် ပါတယ်။

အလုပ်ကများ လူကမနိုင်ဆိုတာမျိုးတွေဖြစ်ရတတ်ပါတယ်။ အချစ်ရေးကံကတော့ အားနည်းပါတယ်။ အိမ်ထောင်သည် များကတော့ စန်းပွင့်နေတဲ့အတွက် သတိထားဖို့တော့လိုပါတယ်။

ကြာသပတေး

အခက်အခဲတွေကိုကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားများ ဖောက်သည်သစ်တွေတိုးပွားလာတတ် ပါတယ်။ ရောင်းပန်းဝယ်ပန်းတွေလဲပွင့်ပါလိမ့်မယ်။ ငွေရှာလို့အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။

ပညာရေးနဲ့ပတ်သက်ပြီး အားထည့်ကြိုးစားလို့အကောင်းဆုံးနေ့ပါပဲ။ ကျန်း မာရေးကတော့စိတ်ချမ်းသာရပါလိမ့်မယ်။ လူချစ်လူခင်လဲ များမဲ့နေ့ရက်ပါပဲ။

မိတ်ဆွေတွေနဲ့ အချိန်ပေးတွေ့ဆုံပြီး အတွေ့အကြုံတွေဖလှယ်သင့်တဲ့နေမျိုးဆိုရင်လဲ မမှားပါဘူး ။ စီးပွားရေးနဲ့ ပတ်သက်ပြီးလူကြီးတွေနဲ့တွေ့ဆုံ တိုင်ပင်ရ မယ်ဆိုရင်လဲ ဒီနေမှာပြောဆိုတိုင်ပင်လိုက်ပါ။

သောကြာ

အခက်အခဲတွေကိုကောင်းစွာကျော်လွှားသွားနိုင်ပါလိမ့်မယ်။ မိမိဖြစ်ချင်တာတွေကို အားထည့်လုပ်ကိုင်သွားနိုင်မဲ့ နေ့ရက်လဲဖြစ်ပါတယ်။ အိမ်တွင်းရေး ၊မိသားစုအရေးကိစ္စတွေ အဆင်ပြေလိမ့်မယ်။

နိုင်ငံခြားအင်တာဗျူးများ ၊နိုင်ငံခြား သွားဖို့စီစဉ်ဆောင်ရွက်ခြင်းများလဲအဆင်ပြေနိုင်တဲ့နေ့ရက် ပါပဲ။ ကျန်းမာရေးအတွက်လဲ ပူစရာမလိုတဲ့ နေ့ရက်ပါပဲ။ကိုယ်စွမ်းကိုယ်စ တတ်နိုင်သလောက် ထုတ်သုံးလိုက်ပါ။ လုပ်သလောက်အကျိုးများ တဲ့နေ့ပါပဲ။

အလှကုန်ပစ္စည်း၊ အလှပြင်ဆိုင်၊ ဖက်ရှင်ဒီဇိုင်းများနှင့် အမှတ်တရပစ္စည်း လုပ်ငန်းများအထူးအဆင်ပြေပါလိမ့်မယ်။ ကတိတော့လွယ်လွယ်မပေးလိုက်ပါနဲ့။

စနေ

အတွေးအခေါ်ထဲမှာတော့ ကိုယ်ချင်းစာစိတ်၊ လောကီကို စိတ်ကုန်နေတဲ့စိတ်တွေဖြစ်ပေါ်နေတတ်ပါတယ်။ ဒါကြောင့်ပဲဘာသာရေးကိုအလေးပေးပြီးလုပ်နေမိတတ်ပါတယ်။ ကျန်းမာရေးကလဲကောင်းနေပြီး စိတ်ကြည် နေတတ်ပါတယ်။

ကံကောင်းခြင်းတွေ မိမိဆီရောက်လာမဲ့နေ့မျိုးပါပဲ။ ဒါကြောင့် ဒီလိုနေ့မျိုးဟာ အနာဂတ်အတွက် ခေါင်းအေးအေးထားတွေးသင့်တဲ့နေ့မျိုးပါပဲ။ မိမိကို အမြင်မကြည် တဲ့သူတွေ မိမိကိုအထင်မကြီးသူတွေ ဒီနေ့ လေးစားသမှုနဲ့ ခေါ်လာပြောလာ တတ်ပါတယ်။

ငွေကံလဲမြင့်မားနေတဲ့ နေ့ရက်ပါပဲ။ထီဝါသနာပါသူများ ထီထိုးပါလို့ တိုက်တွန်းလိုက်ရပါတယ်။ Credit- ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09775555695