News

မြင်းမူတွင် ပြည်သူ့ကာကွယ်ရေးတပ်စခန်း တိုက်ခိုက်ခံရပြီး ရှစ်ဦးကျဆုံး

မြင်းမူ – မေ ၉၊ ၂၀၂၂။

မြင်းမူမြို့နယ်ရှိ Black Eagle Defense Force ၏တပ်စခန်း ယနေ့ နံနက် ၆ နာရီခန့် ဝင်ရောက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းချိန် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဒီစခန်းကိုစီးဖို့သီးသန့်လာတာပဲ ထင်ပါတယ် စစ်ကောင်စီတွေကတော့ ဖမ်းမိတဲ့ရဲဘော်တွေကို သတ်ပြီးပြန်သွားပါပြီ” ဟုသူကပြောသည်။
PDF တပ်ဖွဲ့ဝင်များ၏ လက်လုပ်သေနတ်၊ လက်လုပ်မိုင်း၊ ဖုန်းနှင့် ဖောက်ခွဲရေးသုံးပစ္စည်းများ သိမ်းဆည်းခံခဲ့ရသည်ဟု လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
မေလ ၅ ရက်နေ့ကလည်း မြောင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စခန်းချထားသည့် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်သိမ်းဆည်းခဲ့သည်။

အရာတော်မြို့နယ်တွင် မေ ၂ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်စခန်းခြောက်ခုကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့သည်။

credit