Local News

တာချီလိတ်မြို့ရှိ အဆွေတော် မီနီမတ် ဗုံးခွဲခံရ၊ ရဲများလာစစ်ချိန် နောက်တစ်လုံး ထပ်ကွဲ

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ အောင်မြတ်ခန်းမရှေ့ရှိ အဆွေတော်မီနီမတ်တွင် ယနေ့ ၂၀၂၂ခုနှစ် မေလ(၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

“အဆွေတော်ရှေ့မှာ ဗုံးပေါက်ကွဲတာလို့ ပြောတယ်။ အသံကတော့ အကျယ်ကြီးပဲ အဝေးကနေတောင်ကြားရတယ်။ နောက်ထပ်လည်း နောက်တစ်လုံး ထပ်ကွဲတယ်၊ အသံကတော့ အရင်က ကြားဖူးတာထက် ပိုကျယ်တယ်”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားရာသို့ ရဲနှင့်စစ်ကောင်စီတပ်ကားများ ရောက်ရှိနေပြီး ဆက်လက်၍လည်း ည(၈)နာရီခွဲဝန်းကျင်တွင် နောက်ထပ် ပြင်းထန်သည့် ဗုံးတစ်လုံး ထပ်ပေါက်သည်ဟု သိရသည်။

( အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်လက်ဖော်ပြပေးသွားပါမည်။ )

#TachileikNewsAgency

* * * *