Articles

PDF ရဲဘော်တစ်ယောက် အမေများနေ့အတွက် ရေးပေးထားတဲ့စာ….

“မေမေ့ထံသို့ပေးစာ”

သို့/ မေမေ
သတိရခြင်းများစွာဖြင့် စာရေးလိုက်ပါတယ်။ အိမ်နဲ့အဝေးမှာ ရောက်နေတဲ့ကျနော် ဒီစာကို ဘယ်သူနဲ့ လူကြုံပါးရမှန်းမသိပါဘူး။ ဒီမင်ရည်တွေ အငွေ့ပျံပြီး ‘မေမေ’ ရှိရာ ရပ်ဝန်းမှာ မိုးစက်တွေအဖြစ် ရွာသွန်းလိုက်ရင်လည်း ကောင်းမယ်။ မေမေသိလား “မိခင်မှန်လျှင် သွေးသားရင်းချာ နှပ်စီးကြောင်းအပါ၊ မစင်၊ ဆီးလည်း ရွံရိုးထုံးစံမရှိ” တဲ့။ ဒါ လူမသိသူမသိ မေမေ့သား ကဗျာရေးသူရဲ့ ခပ်ညံ့ညံ့ လေးလုံးစပ် သံပေါက် ကဗျာလေးတစ်ပုဒ်ပေါ့ မေမေ။

လွမ်းတယ်မေမေ… ကျွန်တော် အိမ်မက်ဆိုးတွေမက်လို့ လန့်နိုးတဲ့အခါတိုင်း ချွေးစီးတွေ သုတ်သုတ်ပေးတတ်တဲ့ မေမေ့ရဲ့ အကြောစိမ်းစိမ်း လက်ကလေးတွေကိုလေ။ ကျွန်တော် သွားမပေါက်သေးတဲ့အရွယ်က မေမေကထမင်းကိုဝါး သားပါးစပ်ထဲခွံ့ကျွေးခဲ့တာတွေကို နှလုံးသားမှာ ကဗ္မည်းထိုးထားပြီးသားပါ မေမေ။

ပရဆေးခင်းထဲချော့သိပ်၊ ကျောလိမ့်အောင် အလုပ်လုပ်ခဲ့တဲ့ ငါ့အမေ၊ သားချော့တေး မဆိုတတ်တဲ့ ငါ့အမေ။ မေမေရေ… မဒီ၊ သမ္ဘူ၊ အမရာ၊ ယသော် မိန်းမမြတ်လေးမျိုးတဲ့။ ၂၁ ရာစု စစ်တမ်းမှာတော့ မေမေ့ကိုလည်းထည့်ရမယ်။

ကျေးဇူးပါမေမေ။ ကျွန်တော့ကို “လက်အုပ်ချီသင့်သူရှေ့ လက်အုပ်ချီပြီး၊ လက်ခလယ်ထောင်ပြသင့်သူရှေ့ လက်ခလယ်ထောင်ပြတတ်သူ” တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့လို့ ကျေးဇူးပါမေမေ။

မေမေမှတ်မိလား၊ အဲ့နေ့တွေကလေ မေမေ့လည်တိုင်မှာ ဆွဲကြိုးပျောက်သွားတဲ့ အဲ့ဒီနေ့တွေက ကျွန်တော်ကျောင်းလခသွင်းတဲ့နေ့လေ။ “သားကြီးတော့အား၊ သမီးကြီးတော့ ထီး” တဲ့။ ကျွန်တော်ကျားတစ်ကောင်ဖြစ်ခဲ့တဲ့ နေ့ရက်တွေအတွက် ခွင့်လွတ်ပါမေမေ။

ငယ်ငယ်ကလမင်းကြီးကိုကြည့်တော့ အဖိုးအိုနဲ့ ယုန်တစ်ကောင်ကို တွေ့ခဲ့ရတယ်။ ခုနေလမင်းကြီးကိုကြည့်မိရင်များ မေမေ့မျက်နှာကို ပြေးပြေးမြင်မိတော့တာပါပဲ။ ကျွန်တော်အရွယ်ရောက်ပြီ။ ဒါပေမယ့် လွမ်းတတ်နေတုန်း။ ငိုတတ်နေတုန်း။ “ရယ်နေတာတွေဟာ၊ ငိုနေတာတွေကို ဖွက်ထားဖို့” ဆိုတဲ့ နစ်ရှေးရဲ့စကားကို လက်ကိုင်စွဲလို့ မေမေ့သားဘဝကို ကြံ့ကြံ့ခံဖြတ်သန်းနေပါတယ်။

အဲ့ဒီတောင်တန်းတွေရဲ့အလွန်မှာ ကျွန်တော် ဘေးမသီရန်မခ ရှိနေပါတယ်။ ညညဆို ကြယ်တွေနဲ့ စစ်တုရင်ကစားဖြစ်တယ် မေမေ။ သူတို့မှာ မြင်းလည်းခွါနာ၊ ရဲတိုက်လည်းပြို၊ ဘုရင်မငိုလို့ ဓူဝံကြယ်တောင်မှ သားကိုရှုံးသွားသေးတယ်။

စိတ်မပူပါနဲ့မေမေ…၊ သုဝဏ္ဏသာမ ရွှေအိုးထမ်းပြီး ပြန်လာခဲ့ပါမယ်။ ကျွန်တော်ပြန်လာတဲ့အခါ လမ်းကို ထမ်းခဲ့ပါမယ်။ ရှင်ယောဟန် ‘ပက်မုကျွန်း’ ကိုရောက်တော့ ဗျာဒိတ်ကျမ်းကို ရေးခဲ့တယ်။ ကျွန်တော် —— ရောက်တော့ “မေမေ့ထံသို့ပေးစာ” တစ်စောင် ရေးလိုက်ပါတယ်။

ကမ္ဘာပေါ်ရှိ အမေများအားလုံး ချမ်းမြေ့ပါစေ။

မေမေ့ကိုချစ်တဲ့ သားလတ်
ကီးကီး (ခေတ္တ မနောမြေ)

crd

ေမေမ့ထံသို႔ေပးစာ

သို႔/ ေမေမ
သတိရျခင္းမ်ားစြာျဖင့္ စာေရးလိုက္ပါတယ္။ အိမ္နဲ႕အေဝးမွာ ေရာက္ေနတဲ့က်ေနာ္ ဒီစာကို ဘယ္သူနဲ႕ လူႀကဳံပါးရမွန္းမသိပါဘူး။ ဒီမင္ရည္ေတြ အေငြ႕ပ်ံၿပီး ေမေမ ရွိရာ ရပ္ဝန္းမွာ မိုးစက္ေတြအျဖစ္ ႐ြာသြန္းလိုက္ရင္လည္း ေကာင္းမယ္။ ေမေမသိလား မိခင္မွန္လွ်င္ ေသြးသားရင္းခ်ာ ႏွပ္စီးေၾကာင္းအပါ၊ မစင္၊ ဆီးလည္း ႐ြံရိုးထုံးစံမရွိ တဲ့။ ဒါ လူမသိသူမသိ ေမေမ့သား ကဗ်ာေရးသူရဲ႕ ခပ္ညံ့ညံ့ ေလးလုံးစပ္ သံေပါက္ ကဗ်ာေလးတစ္ပုဒ္ေပါ့ ေမေမ။

လြမ္းတယ္ေမေမ ကြၽန္ေတာ္ အိမ္မက္ဆိုးေတြမက္လို႔ လန့္နိုးတဲ့အခါတိုင္း ေခြၽးစီးေတြ သုတ္သုတ္ေပးတတ္တဲ့ ေမေမ့ရဲ႕ အေၾကာစိမ္းစိမ္း လက္ကေလးေတြကိုေလ။ ကြၽန္ေတာ္ သြားမေပါက္ေသးတဲ့အ႐ြယ္က ေမေမကထမင္းကိုဝါး သားပါးစပ္ထဲခြံ႕ေကြၽးခဲ့တာေတြကို ႏွလုံးသားမွာ ကဗၼည္းထိုးထားၿပီးသားပါ ေမေမ။

ပရေဆးခင္းထဲေခ်ာ့သိပ္၊ ေက်ာလိမ့္ေအာင္ အလုပ္လုပ္ခဲ့တဲ့ ငါ့အေမ၊ သားေခ်ာ့ေတး မဆိုတတ္တဲ့ ငါ့အေမ။ ေမေမေရ မဒီ၊ သမၻဴ၊ အမရာ၊ ယေသာ္ မိန္းမျမတ္ေလးမ်ိဳးတဲ့။ ၂၁ ရာစု စစ္တမ္းမွာေတာ့ ေမေမ့ကိုလည္းထည့္ရမယ္။

ေက်းဇူးပါေမေမ။ ကြၽန္ေတာ့ကို လက္အုပ္ခ်ီသင့္သူေရွ႕ လက္အုပ္ခ်ီၿပီး၊ လက္ခလယ္ေထာင္ျပသင့္သူေရွ႕ လက္ခလယ္ေထာင္ျပတတ္သူ တစ္ေယာက္ျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့လို႔ ေက်းဇူးပါေမေမ။

ေမေမမွတ္မိလား၊ အဲ့ေန႕ေတြကေလ ေမေမ့လည္တိုင္မွာ ဆြဲႀကိဳးေပ်ာက္သြားတဲ့ အဲ့ဒီေန႕ေတြက ကြၽန္ေတာ္ေက်ာင္းလခသြင္းတဲ့ေန႕ေလ။ သားႀကီးေတာ့အား၊ သမီးႀကီးေတာ့ ထီး တဲ့။ ကြၽန္ေတာ္က်ားတစ္ေကာင္ျဖစ္ခဲ့တဲ့ ေန႕ရက္ေတြအတြက္ ခြင့္လြတ္ပါေမေမ။

ငယ္ငယ္ကလမင္းႀကီးကိုၾကည့္ေတာ့ အဖိုးအိုနဲ႕ ယုန္တစ္ေကာင္ကို ေတြ႕ခဲ့ရတယ္။ ခုေနလမင္းႀကီးကိုၾကည့္မိရင္မ်ား ေမေမ့မ်က္ႏွာကို ေျပးေျပးျမင္မိေတာ့တာပါပဲ။ ကြၽန္ေတာ္အ႐ြယ္ေရာက္ၿပီ။ ဒါေပမယ့္ လြမ္းတတ္ေနတုန္း။ ငိုတတ္ေနတုန္း။ ရယ္ေနတာေတြဟာ၊ ငိုေနတာေတြကို ဖြက္ထားဖို႔ ဆိုတဲ့ နစ္ေရွးရဲ႕စကားကို လက္ကိုင္စြဲလို႔ ေမေမ့သားဘဝကို ႀကံ့ႀကံ့ခံျဖတ္သန္းေနပါတယ္။

အဲ့ဒီေတာင္တန္းေတြရဲ႕အလြန္မွာ ကြၽန္ေတာ္ ေဘးမသီရန္မခ ရွိေနပါတယ္။ ညညဆို ၾကယ္ေတြနဲ႕ စစ္တုရင္ကစားျဖစ္တယ္ ေမေမ။ သူတို႔မွာ ျမင္းလည္းခြါနာ၊ ရဲတိုက္လည္းၿပိဳ၊ ဘုရင္မငိုလို႔ ဓူဝံၾကယ္ေတာင္မွ သားကိုရႈံးသြားေသးတယ္။

စိတ္မပူပါနဲ႕ေမေမ၊ သုဝဏၰသာမ ေ႐ႊအိုးထမ္းၿပီး ျပန္လာခဲ့ပါမယ္။ ကြၽန္ေတာ္ျပန္လာတဲ့အခါ လမ္းကို ထမ္းခဲ့ပါမယ္။ ရွင္ေယာဟန္ ပက္မုကြၽန္း ကိုေရာက္ေတာ့ ဗ်ာဒိတ္က်မ္းကို ေရးခဲ့တယ္။ ကြၽန္ေတာ္ ေရာက္ေတာ့ ေမေမ့ထံသို႔ေပးစာ တစ္ေစာင္ ေရးလိုက္ပါတယ္။

ကမၻာေပၚရွိ အေမမ်ားအားလုံး ခ်မ္းေျမ့ပါေစ။

ေမေမ့ကိုခ်စ္တဲ့ သားလတ္
ကီးကီး (ေခတၱ မေနာေျမ)

crd