Local News News

ပေါက်မှာ စစ်ကောင်စီကိုတိုက်ခိုက်ရင်း YRF ရဲဘော် ၂ ဦးကျဆုံး

ပေါက်မှာ စစ်ကောင်စီကိုတိုက်ခိုက်ရင်း YRF ရဲဘော် ၂ ဦးကျဆုံး

ပေါက်၊ မေ ၉၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီကိုတိုက်ခိုက်ရင်း PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Young Revolution Front – YRFမှ ရဲဘော် ဇေယျာအောင် ( ၂၀ ) နှစ် နဲ့ ရဲ နေလင်းထက် ( ၁၉ ) နှစ်တို့ဖြစ်ပြီး၊ ပြီးခဲ့တဲ့ မေလ ၄ ရက်က ပေါက်မြို့နယ်တောင်ပိုင်း၊ ချက်ကန်ရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရင်း နှစ်ဦးစလုံး ကျည်ထိမှန်ကျဆုံးသွားတာလို့ YRF မှ ဗိုလ်နပေါက်က ပြောပါတယ်။

 

“ကျနော်တို့ မေလ ၄ ရက်နေ့က ချက်ကန်ရွာ တိုက်ပွဲမှာကျတာဗျ၊ ကျဆုံးသွားတဲ့ရဲဘော်တွေကို ၆ ရက်နေ့က သြင်္ဂိုလ်လိုက်တာပါ၊ ရဲဘော်ဇေယျာအောင် နဲ့ ရဲဘော်နေလင်းထက်ပါ၊ ရဲ‌ဘော်နေလင်းထက်က အသက် ၁၉ နှစ်ပဲရှိပါသေးတယ်၊ သူတို့ကတော့ လူပျိုလူလွတ်တွေပါ၊ ဆွေမျိုးမိဘတွေတော့ကျန်ခဲ့တာပေါ့၊” လို့ သူကပြောပါတယ်။

မေလ ၄ ရက် နေ့လည် ၁ နာရီလောက်က စတင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ ဒီရဲဘော် ၂ ဦးကျဆုံးခဲ့သလို၊ စစ်ကောင်စီဘက်ကလည်း ၃၀ ဦးထက်မနည်းကျဆုံးခဲ့တယ်လို့ YRF ရဲ့မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေက ခန့်မှန်းပြောဆိုထားပါတယ်။

#မြေလတ်အသံ

ေပါက္မွာ စစ္ေကာင္စီကိုတိုက္ခိုက္ရင္း YRF ရဲေဘာ္ ၂ ဦးက်ဆဳံး

ေပါက္၊ ေမ ၉၊ ၂၀၂၂။

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီကိုတိုက္ခိုက္ရင္း PDF ရဲေဘာ္ႏွစ္ဦး က်ဆဳံးခဲ့တယ္လို႔ သိရပါတယ္။

Young Revolution Front YRFမွ ရဲေဘာ္ ေဇယ်ာေအာင္ ( ၂၀ ) ႏွစ္ နဲ႕ ရဲ ေနလင္းထက္ ( ၁၉ ) ႏွစ္တို႔ျဖစ္ၿပီး၊ ၿပီးခဲ့တဲ့ ေမလ ၄ ရက္က ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္း၊ ခ်က္ကန္႐ြာအနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႕ တိုက္ပြဲျဖစ္ရင္း ႏွစ္ဦးစလုံး က်ည္ထိမွန္က်ဆဳံးသြားတာလို႔ YRF မွ ဗိုလ္နေပါက္က ေျပာပါတယ္။

 

က်ေနာ္တို႔ ေမလ ၄ ရက္ေန႕က ခ်က္ကန္႐ြာ တိုက္ပြဲမွာက်တာဗ်၊ က်ဆဳံးသြားတဲ့ရဲေဘာ္ေတြကို ၆ ရက္ေန႕က ၾသဂႋုလ္လိုက္တာပါ၊ ရဲေဘာ္ေဇယ်ာေအာင္ နဲ႕ ရဲေဘာ္ေနလင္းထက္ပါ၊ ရဲေဘာ္ေနလင္းထက္က အသက္ ၁၉ ႏွစ္ပဲရွိပါေသးတယ္၊ သူတို႔ကေတာ့ လူပ်ိဳလူလြတ္ေတြပါ၊ ေဆြမ်ိဳးမိဘေတြေတာ့က်န္ခဲ့တာေပါ့၊ လို႔ သူကေျပာပါတယ္။

ေမလ ၄ ရက္ ေန႕လည္ ၁ နာရီေလာက္က စတင္တိုက္ခိုက္ခဲ့တဲ့ တိုက္ပြဲမွာ ဒီရဲေဘာ္ ၂ ဦးက်ဆဳံးခဲ့သလို၊ စစ္ေကာင္စီဘက္ကလည္း ၃၀ ဦးထက္မနည္းက်ဆဳံးခဲ့တယ္လို႔ YRF ရဲ႕ေျမျပင္တိုက္ခိုက္ေရးရဲေဘာ္ေတြက ခန႔္မွန္းေျပာဆိုထားပါတယ္။

#ေျမလတ္အသံ