Articles

စစ်ကားပေါ် ဗုံးပစ်သွင်း

အင်းတော်မှာ စစ်ကားပေါ် ဗုံးပစ်သွင်း၊ အသေအပျောက်များနိုင်

#DeltaNewsAgency

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ကနေ အထက်ဘက်တက်လာတဲ့ စစ်ကားထဲ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းခဲ့ရာ ကားတစ်စီးလုံးပျက်စီးသွားပြီး အသေအပျောက်များနိုင်ကြောင်းသိရပါတယ်။

ဒီနေ့မနက် ၅နာရီလောက်မှာ အကြမ်းဖက်စစ်ယာဉ်တန်း ၈စီးဟာ ထီးချိုင့်ကနေ တက်လာခဲ့ရာ ကျောင်းကုန်းနဲ့ အင်းတော်ကြားအရောက် အင်းတော်PDF နဲ့ပူးပေါင်းတပ်ဖွဲ့က စစ်ကားတစ်စီးထဲလက်ပစ်ဗုံး ပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်း အင်းတော်PDF ကထုတ်ပြန်ပါတယ်။

‘လက်ပစ်ဗုံးကတော်တော်ပြင်းတယ်လို့ သိရတယ်။အုန်းခနဲ အသံကလည်းတော်တော်ကျယ်တယ်။ကားလည်းပျက်သွားတယ်ဆိုတော့ ကားပေါ်ကကောင်တွေ အသေများ လိမ့်မယ်။ခက်တာက ဘယ်သူမှ သွားမစပ်စုရဲတော့ ဘယ်လောက်သေသလဲမသိသေးဘူး’လို့ အင်းတော်မြို့၊အောင်မေတ္တာရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

လက်ပစ်ဗုံးထိတဲ့စစ်ကားကို အင်းတော်နားမှာ ရပ်ထားပြီး စစ်သားတွေ အသေအပျောက်များနိုင်တယ်လို့ အင်းတော်PDF ကဆိုပါတယ်။

ပင်ဝယ်နဲ့ နဘားကြားမှာလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော်PDF ကဆိုပေမဲ့ အသေးစိတ်ကို မထုတ်ပြန်ထားပါဘူး။