Local News News

မႏၲေလး ဆိုင္ကယ္အေရာင္းဆိုင္တစ္ခုမွာ က်ပ္သိန္း ၇၀၀ ေက်ာ္ဖိုးရွိ ဆိုင္ကယ္မ်ား အခိုးခံရ၊ ကူညီေပးၾကရန္ ဆိုင္ရွင္ ေမတၱာရပ္ခံ

မႏၲေလး ဆိုင္ကယ္အေရာင္းဆိုင္တစ္ခုမွာ က်ပ္သိန္း ၇၀၀ ေက်ာ္ဖိုးရွိ ဆိုင္ကယ္မ်ား အခိုးခံရ၊ ကူညီေပးၾကရန္ ဆိုင္ရွင္ ေမတၱာရပ္ခံ

MFP ၊ ေမ – ၁၀

မႏၲေလးၿမိဳ႕ ၆၁ လမ္းနဲ႔ မေနာ္ဟရီလမ္းေထာင့္မွာရွိတဲ့ ဆိုင္ကယ္အေရာင္းဆိုင္တစ္ခုမွာ ေမလ (၉)ရက္ နံနက္ပိုင္းက က်ပ္သိန္း (၇၀၀)ေက်ာ္တန္ဖိုးရွိတဲ့ ဆိုင္ကယ္ေတြ အခိုးခံလိုက္ရတဲ့လို႔ အဲဒီဆိုင္က ထုတ္ျပန္ထားပါတယ္။

Honda အမ်ိဳးအစား ဆိုင္ကယ္ (၁၄)စီးနဲ႔ Scoopyi အမ်ိဳးအစား ဆိုင္ကယ္ (၃)စီး၊ စုစုေပါင္း ဆိုင္ကယ္ (၁၇)စီးကို ေဖာက္ထြင္းခိုးယူခံရတာျဖစ္ၿပီး ကာလေပါက္ေစ်း က်ပ္သိန္း (၇၀၀)ေက်ာ္ခန္႔ ရွိတယ္လို႔လည္း ဆိုပါတယ္။

ေအာက္ေဖာ္ျပပါ ဆိုင္ကယ္ Frame မ်ားမွ ဆိုင္ကယ္ တစ္ခ်ိဳ႕ ေတြ႕ရွိခဲ့ပါက ကူညီဆက္သြယ္ေပးၾကပါရန္ အႏူးအညြတ္ ေမတၱာရပ္ခံပါတယ္ရွင္။အကူအညီေပးခဲ့ပါက

ညီမတို႔ဘက္မွ ကူညီေပးမႈအတြက္ တတ္နိုင္သေရြ႕ ေက်းဇူးတုံ႔ျပန္ပါမယ္ရွင့္ လို႔ ဆိုင္ရွင္က လူမႈကြန္ရက္ေပၚကတစ္ဆင့္ အကူအညီ ေတာင္းထားပါတယ္။

ဆိုင္ကယ္ေတြကို ေတြ႕တဲ့သူေတြအေနနဲ႔ ဖုန္းနံပါတ္ 09893900011၊ 09782509984 ကို ဆက္သြယ္ေပးၾကဖို႔လည္း ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ မတ္လ (၃၁)ရက္မွာလည္း မဟာေအာင္ေျမၿမိဳ႕နယ္ (၃၈)လမ္းနဲ႔ (၈၂)လမ္းေထာင့္၊ ရပ္ကြက္႐ုံးနားမွာ ဖြင့္လွစ္ထားတဲ့ ဆိုင္ကယ္အေရာင္းဆိုင္တစ္ခုမွာလည္း ညအခ်ိန္ ဆိုင္ကို ေဖာက္ထြင္းၿပီး ဆိုင္ကယ္ (၁၂)စီး ခိုးယူးခံခဲ့ရပါေသးတယ္။

၂၀၂၂ ႏွစ္ဆန္းပိုင္းကစၿပီး မႏၲေလးၿမိဳ႕ေပၚမွာ ေန႔ခင္းေၾကာင္ေတာင္ ဓားျပတိုက္တာ၊ အႏုၾကမ္းစီး လုယက္တာနဲ႔ ေဖာက္ထြင္းခိုးယူတာေတြ ျဖစ္ပြါးေနတယ္လို႔ ၿမိဳ႕ခံေတြက ဆိုၾကပါတယ္။ Crd- MFP

မန္တလေး ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှာ ကျပ်သိန်း ၇၀၀ ကျော်ဖိုးရှိ ဆိုင်ကယ်များ အခိုးခံရ၊ ကူညီပေးကြရန် ဆိုင်ရှင် မေတ္တာရပ်ခံ

MFP ၊ မေ ၁၀

မန္တလေးမြို့ ၆၁ လမ်းနဲ့ မနော်ဟရီလမ်းထောင့်မှာရှိတဲ့ ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှာ မေလ (၉)ရက် နံနက်ပိုင်းက ကျပ်သိန်း (၇၀၀)ကျော်တန်ဖိုးရှိတဲ့ ဆိုင်ကယ်တွေ အခိုးခံလိုက်ရတဲ့လို့ အဲဒီဆိုင်က ထုတ်ပြန်ထားပါတယ်။

Honda အမျိုးအစား ဆိုင်ကယ် (၁၄)စီးနဲ့ Scoopyi အမျိုးအစား ဆိုင်ကယ် (၃)စီး၊ စုစုပေါင်း ဆိုင်ကယ် (၁၇)စီးကို ဖောက်ထွင်းခိုးယူခံရတာဖြစ်ပြီး ကာလပေါက်ဈေး ကျပ်သိန်း (၇၀၀)ကျော်ခန့် ရှိတယ်လို့လည်း ဆိုပါတယ်။

အောက်ဖော်ပြပါ ဆိုင်ကယ် Frame မ်ားမွ ဆိုင်ကယ် တစ်ချို့ တွေ့ရှိခဲ့ပါက ကူညီဆက်သွယ်ပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံပါတယ်ရှင်။အကူအညီပေးခဲ့ပါက

ညီမတို့ဘက်မှ ကူညီပေးမှုအတွက် တတ်နိုင်သရွေ့ ကျေးဇူးတုံ့ပြန်ပါမယ်ရှင့် လို့ ဆိုင်ရှင်က လူမှုကွန်ရက်ပေါ်ကတစ်ဆင့် အကူအညီ တောင်းထားပါတယ်။

ဆိုင်ကယ်တွေကို တွေ့တဲ့သူတွေအနေနဲ့ ဖုန်းနံပါတ် 09893900011၊ 09782509984 ကို ဆက်သွယ်ပေးကြဖို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ္လ (၃၁)ရက်မှာလည်း မဟာအောင်မြေမြို့နယ် (၃၈)လမ်းနဲ့ (၈၂)လမ်းထောင့်၊ ရပ်ကွက်ရုံးနားမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှာလည်း ညအချိန် ဆိုင်ကို ဖောက်ထွင်းပြီး ဆိုင်ကယ် (၁၂)စီး ခိုးယူးခံခဲ့ရပါသေးတယ်။

၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး မန္တလေးမြို့ပေါ်မှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်တာ၊ အနုကြမ်းစီး လုယက်တာနဲ့ ဖောက်ထွင်းခိုးယူတာတွေ ဖြစ်ပွါးနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။ Crd- MFP