News

စစ်တပ်ကမီးရှို့သဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့်ဒေသခံများကို ”မေတ္တာတဲအိမ်”ဟုအမည်ပေး၍ တဲအိမ်များပြန် လည် တည်ဆောက်ပေးခဲ့ရာ ၁၀၄ လုံးပြီးစီး

စစ်တပ်ကမီးရှို့သဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့်ဒေသခံများကို ”မေတ္တာတဲအိမ်”ဟုအမည်ပေး၍ တဲအိမ်များပြန် လည် တည်ဆောက်ပေးခဲ့ရာ ၁၀၄ လုံးပြီးစီး

ကိုကိုလေး/ဧရာဝတီတိုင်းမ်

မေလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းတွင် စစ်ကောင်စီ တပ်က မီးတင်ရှို့ခဲ့သဖြင့် နေအိမ်များပျက်ဆီးသွားသည့်ဒေ သခံများကို နေအိမ်များပြန်လည်တည် ဆောက်ပေးခဲ့ရာ နေအိမ် ၁၀၄ လုံးအထိ ပြီးစီးပြီ ဖြစ်ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

May be an image of 1 person, outdoors and tree

ပုလဲမြို့နယ်အတွင်း ဇန်နဝါရီလက မီးရှို့ခံခဲ့ရသည့် ကျေးရွာများအတွက် အဆိုပါ နေအိမ်တဲများကို ပြီးခဲ့သည့် မတ်လမှ စတင်တည်ဆောက်ပေးခဲ့ခြင်းဖြစ်ရာ ”မေတ္တာတဲအိမ်”ဟုအမည်ပေးထားကြောင်းဆိုသည်။

“ကျွန်တော်တို့ ပြည်သူတွေလှူဒါန်းထားတဲ့ငွေလေးတွေနဲ့ “မေတ္တာတဲအိမ်”လေးတွေဆောက်ပေးခဲ့တာပါ။တစ်အိမ်ကို ၅ သောင်း ကျပ်ကုန်ကျပါတယ်။စစ်တပ်ကကြိုက်သလိုပြည်သူကိုဒုက္ခပေးပေမယ့် ကျွန်တော်တို့ကတော့ ပြည်သူကိုဘယ်တော့မှပစ် ထားမှာမဟုတ်ဘူး” လို့ ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့ ဗိုလ်ဥက္ကာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ၏ မီးရှို့ခြင်းခံခဲ့ရသည့် ကျေးရွာများမှာ မွေ့တုံကျေးရွာအိမ်ခြေ ၁၂၇ လုံး၊ပန်းရွာ အိမ်ခြေ ၁၅၆ လုံး၊ လှော်ကား အိမ်ခြေ ၃၂၉၊ကိုင်းတွင်း အိမ်ခြေ ၁၀၂လုံး၊ ချောင်းဦး ၃၂၀ လုံး တို့ဖြစ်ပြီး နေအိမ် (၁၀၃၄)လုံးဖြစ်သည်။

အဆိုပါတည်ဆောက်ပေးသည့် အိမ်တစ်အိမ်၏ ကာလတန်ကြေးငွေမှာ ၅ သောင်းကျပ် ကျပ်ကျသင့်ပြီး ၁၀၄ လုံးအတွက် စုစုပေါင်းကုန်ကျငွေမှာ ၅၂ သိန်းကျပ်ဖြစ်ကြောင်း သိရသည်။

May be an image of outdoors, tree and text that says 'YEYARWADDY TIME'

”ပြည်တွင်း၊ပြည်ပ အလှူရှင်များ လှူဒါန်းလာသည့် အလှူငွေများကိုလည်း တဲအိမ်တည်ဆောက်ရေးအ တွက် စနစ်တကျ စီမံခန့်ခွဲသွားပါမယ်လို့ ဝန်ခံကတိပြုပါတယ်” ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ဝင်များက ဆက် လက်ပြောသည်။

ဓာတ်ပုံ – မတ်လက စတင်၍ ပြန်လည် တည်ဆောက်နေသည့် နေအိမ်တဲမျာ

စစ္တပ္ကမီးရွို႔သျဖင့္ အိုးမဲ့အိမ္မဲ့ျဖစ္သြားသည့္ေဒသခံမ်ားကို ေမတၱာတဲအိမ္ဟုအမည္ေပး၍ တဲအိမ္မ်ားျပန္ လည္ တည္ေဆာက္ေပးခဲ့ရာ ၁၀၄ လုံးၿပီးစီး

ကိုကိုေလး/ဧရာဝတီတိုင္းမ္

ေမလ ၁၀ ရက္

စစ္ကိုင္းတိုင္း၊ပုလဲၿမိဳ႕နယ္အတြင္းတြင္ စစ္ေကာင္စီ တပ္က မီးတင္ရွို႔ခဲ့သျဖင့္ ေနအိမ္မ်ားပ်က္ဆီးသြားသည့္ေဒ သခံမ်ားကို ေနအိမ္မ်ားျပန္လည္တည္ ေဆာက္ေပးခဲ့ရာ ေနအိမ္ ၁၀၄ လုံးအထိ ၿပီးစီးၿပီ ျဖစ္ေၾကာင္း က်ားသစ္နက္ေျပာက္က်ားတပ္ဖြဲ႕ထံက သိရသည္။

ပုလဲၿမိဳ႕နယ္အတြင္း ဇန္နဝါရီလက မီးရွို႔ခံခဲ့ရသည့္ ေက်း႐ြာမ်ားအတြက္ အဆိုပါ ေနအိမ္တဲမ်ားကို ၿပီးခဲ့သည့္ မတ္လမွ စတင္တည္ေဆာက္ေပးခဲ့ျခင္းျဖစ္ရာ ေမတၱာတဲအိမ္ဟုအမည္ေပးထားေၾကာင္းဆိုသည္။

ကြၽန္ေတာ္တို႔ ျပည္သူေတြလႉဒါန္းထားတဲ့ေငြေလးေတြနဲ႕ ေမတၱာတဲအိမ္ေလးေတြေဆာက္ေပးခဲ့တာပါ။တစ္အိမ္ကို ၅ ေသာင္း က်ပ္ကုန္က်ပါတယ္။စစ္တပ္ကႀကိဳက္သလိုျပည္သူကိုဒုကၡေပးေပမယ့္ ကြၽန္ေတာ္တို႔ကေတာ့ ျပည္သူကိုဘယ္ေတာ့မွပစ္ ထားမွာမဟုတ္ဘူး လို႔ က်ားသစ္နက္ေျပာက္ က်ားတပ္ဖြဲ႕ ဗိုလ္ဥကၠာက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

ပုလဲၿမိဳ႕နယ္အတြင္း စစ္ေကာင္စီ၏ မီးရွို႔ျခင္းခံခဲ့ရသည့္ ေက်း႐ြာမ်ားမွာ ေမြ႕တုံေက်း႐ြာအိမ္ေျခ ၁၂၇ လုံး၊ပန္း႐ြာ အိမ္ေျခ ၁၅၆ လုံး၊ ေလွာ္ကား အိမ္ေျခ ၃၂၉၊ကိုင္းတြင္း အိမ္ေျခ ၁၀၂လုံး၊ ေခ်ာင္းဦး ၃၂၀ လုံး တို႔ျဖစ္ၿပီး ေနအိမ္ (၁၀၃၄)လုံးျဖစ္သည္။

အဆိုပါတည္ေဆာက္ေပးသည့္ အိမ္တစ္အိမ္၏ ကာလတန္ေၾကးေငြမွာ ၅ ေသာင္းက်ပ္ က်ပ္က်သင့္ၿပီး ၁၀၄ လုံးအတြက္ စုစုေပါင္းကုန္က်ေငြမွာ ၅၂ သိန္းက်ပ္ျဖစ္ေၾကာင္း သိရသည္။

ျပည္တြင္း၊ျပည္ပ အလႉရွင္မ်ား လႉဒါန္းလာသည့္ အလႉေငြမ်ားကိုလည္း တဲအိမ္တည္ေဆာက္ေရးအ တြက္ စနစ္တက် စီမံခန႔္ခြဲသြားပါမယ္လို႔ ဝန္ခံကတိျပဳပါတယ္ ဟု က်ားသစ္နက္ေျပာက္က်ားတပ္ဖြဲ႕ ဝင္မ်ားက ဆက္ လက္ေျပာသည္။

ဓာတ္ပုံ မတ္လက စတင္၍ ျပန္လည္ တည္ေဆာက္ေနသည့္ ေနအိမ္တဲမ်ာ