Local News News

ကားပေါ်တည့်တည့်နှစ်ကြိမ်ကျ။ ဘေးကပ်ပြီး ဝတ်နေတဲ့ စခတွေပါထိပြီး ကျ (ရုပ်/သံ)

ခင်ဦးတွင် စစ်​ကောင်စီပစ်မှတ်နှစ်ခုကို ဒရုန်းဖြင့်တိုက်ခိုက် ပစ်မှတ်တည့်တည့်ထိ့သဖြင့် ၃ဦး​တေ ရုပ်သံ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စကစစစ်တပ်အား ဒရုန်းဖြင့် ခြောက်ကြိမ်တိုက်ခိုက်ခဲ့ပြီး စခ ၃ ဦးတေဆုံးကြောင်း Royal Tiger Guerrilla Force မှတာဝန်ရှိသူက​ပြောသည်

ခင်ဦး-ရေဦးလမ်းပိုင်း နှောကုန်းဇရပ်တွင် ကင်းပုန်းစောင့်နေသည့် စစ်ကောင်စီတပ်နှင့် ကံသစ်တံတားပေါ်တွင် ဂိတ်ဖွင့်ကာ စစ်ဆေးငွေတောင်းနေသည့် စစ်ကောင်စီတပ်များအား ဒရုန်းဖြင့် ခြောက်ကြိမ်တိတိ တိုက်ခိုက်ခဲ့ကြောင်း Royal Tiger Guerrilla Force RTGF မှတာဝန်ရှိသူက ပြောသည်

ထိုတိုက်ခိုက်မှုများကြောင်း စစ်သား ၃ ဦးတေဆုံးကာ တေဆုံး ၊ဒဏ်ရာရရှိမှုများကို ​အဖွဲ့ကသေချာအတည်ပြုထား​ကြောင်းလည်းအထက်ပါတာဝန်ရှိသူက​ပြောသည်

နှစ်နေရာပေါင်း ခြောက်ကြိမ်တိုက်ခိုက်ခဲ့တာပါ။ ကံသစ်တံတားပေါ်မှာ သူတို့ကားပေါ်တည့်တည့်နှစ်ကြိမ်ကျခဲ့ပါတယ်။ လွတ်မယ်ထင်ပြီး ဘေးကပ်ပြီး ဝတ်နေတဲ့ စခတွေပါထိပြီး ကျ ခဲ့ပါတယ် ဟု Royal Tiger Guerrilla Forceအဖွဲ့ တာဝန်ရှိသူက ပြောသည်

ပြည်သူကိုဘယ်တော့မှ သစ္စာဖောက်မည်မဟုတ်ဘဲ အသက်ခန္ဓာရှိသရွေ့ ရသည့်နည်းလမ်းအကုန်သုံးကာ တော်လှန်သွားမည်ဟု Royal Tiger Guerrilla Forceအဖွဲ့ တာဝန်ရှိသူက ပြောသည်

ပြည်သူများ သွေးမအေးသွားကြစေလိုဘဲပူးပေါင်းပါဝင်ပေးကြရန် Royal Tiger Guerrilla Forceအဖွဲ့က တိုက်တွန်းသည်။ Royal Tiger Guerrilla Forceအဖွဲ့သည် မေလ ၇ ရက်နေ့ကလည်း ယနေ့ဖြစ်စဉ်​ဖြစ်ပွားသည့် ခင်ဦး-ရေဦးလမ်းပိုင်း ကံသစ်ကျေးရွာအနီးမှာပင် ကင်းပုန်းဝပ်နေသော စကစစစ်တပ်ကို ဒရုန်းချတိုက်ခိုက်ခဲ့ပြီး တစ်ဦးတေဆုံးခဲ့ကြောင်း ၎င်းအဖွဲ့က အသိပေးထားသည် Crd- People Spring

Zawgyi






