Local News News

ေႂကြးေၾကာ္သူ ဒုတိယဗိုလ္မႉးႀကီးတင့္ထူးနိုင္ ဗိုလ္ႀကီး ထက္ေအာင္ခိုင္နဲ႔အတူ ကေလးမွာ က်

PDF ကို အျပတ္ေခ်မႈန္းမည္ဟု ေႂကြးေၾကာ္သူ ဒုတိယဗိုလ္မႉးႀကီးတင့္ထူးနိုင္ ေတဆုံး၊ ကေလးၿမိဳ႕တိုက္ပြဲတြင္ေတဆုံးသူ ဗိုလ္ႀကီး ထက္ေအာင္ခိုင္ အပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၄ ဦး ဒီဘီ မ်ားကို ၁၉ ရက္ၾကာမွ စစ္တပ္က လိုက္ေကာက္ သၿဂိဳလ္

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီး-ယင္းမာပင္လမ္းတြင္ စစ္ေကာင္စီတပ္ဘက္မွ PDF ကို အျပတ္ေခ်မႈန္းမည္ဟု ေႂကြးေၾကာ္ခဲ့ေသာ ဒုတိယဗိုလ္မႉးႀကီး တင့္ထူးနိုင္ နံနံသီးဆြဲခံရ၍ ေတဆုံးသြားၿပီး ယေန႔ စစ္အခမ္းအနားျဖင့္ သၿဂိဳလ္မည္ျဖစ္ေၾကာင္း မိသားစုႏွင့္နီးစပ္ေသာ အသိုင္းအဝိုင္းထံမွ သိရွိရသည္

ေမလ ၁၀ ရက္ေန႔ ဆားလင္းႀကီး-ယင္းမာပင္လမ္းတြင္ စစ္ေကာင္စီယာဥ္တန္းမ်ား တိုက္ခိုက္ခံရသျဖင့္ ကေလးမွ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး တင့္ထူးနိုင္ အသက္ ၃၉ ႏွစ္

စစ္တကၠသိုလ္ အပတ္စဥ္ ၄၆ ေတဆုံးသြားေၾကာင္း၊ ဒီဘီကို မုံရြာ နမခ ထဲသို႔ ယူေဆာင္ထားၿပီး ယေန႔ ေမလ ၁၂ ရက္ေန႔တြင္ အခမ္းအနားျဖင့္ သၿဂိဳလ္မည္ျဖစ္ေၾကာင္း သိရွိရသည္

သူ႔မိန္းမက ကေလးၿမိဳ႕ကေန ရဟတ္ယာဥ္နဲ႔ မုံရြာကို ေရာက္ေနၿပီ သူ႔မိဘ၊ အေဒၚေတြနဲ႔ ညီမေတြ ရန္ကုန္ကေန ကတိုက္ကရိုက္နဲ႔ လိုက္သြားၾကတယ္ ေမလ ၁၂ ရက္ေန႔ နာေရး သၿဂိဳလ္ၿပီး ျပန္လာမွ ရန္ကုန္မွာ ရက္လည္လုပ္မယ္

သူ႔အေမက သဃၤန္းကၽြန္း ဇဝနမွာေနပါတယ္ သူ႔မိန္းမက ပ်ဥ္းမနားသူ အသက္ ၈ ႏွစ္ သားသမီးတစ္ဦး က်န္တယ္ သူကအာဏာသိမ္းတာကိုသေဘာက်ၿပီး PDF ေတြကိုအျပတ္ေခ်မႈန္းမယ္ဆိုၿပီး ေႂကြးေၾကာ္တဲ့သူ သေဘာထားအရမ္းတင္းမာသူပါ ဟု မိသားစုႏွင့္နီးစပ္သူတစ္ဦးက ေျပာဆိုသည္

ဒုဗိုလ္မႉး‌ႀကီး တင့္ထူးနိုင္သည္ ဂ်ိဳင္းေအာက္ ထိမွန္ၿပီး ပြဲခ်င္းၿပီးသြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။ အလားတူ ကေလးၿမိဳ႕ နယ္တိုက္ပြဲတြင္ ဧၿပီလ ၂၂ ရက္ေန႔ကာ ခလရ ၈၇ မွ ၾကည္း-၅၁၀၉၅ ဗိုလ္ႀကီးထက္ေအာင္ခိုင္၊ ခလရ ၂၈ မွ တ-၅၆၇၈၆၈ တပ္သားရန္နိုင္ေက်ာ္

လႈပ္ရွားတပ္ခြဲ ၆ မွ လ-၂၂၅၃၆၂ ရဲ ဒုတပ္ၾကပ္ စိုးမင္းသူ၊ အင္းကၽြန္းမွ ျပည္သူ႔စစ္ ပ်ဴေစာထီး ခိုင္ေဇာ္လင္းတို႔ ဒီဘီကို ေမလ ၁၀ ရက္ေန႔တြင္ သြားေရာက္ ေဖာ္ယူၿပီး အင္းကၽြန္းေက်းရြာ သုႆာန္တြင္ မီးသၿဂိဳလ္ေၾကာင္း၊ ဆုံးၿပီး ရက္ ၁၉ ရက္ အၾကာ အရိုးက်မွ သြားေရာက္ ေဖာ္ယူ သၿဂိဳလ္နိုင္ျခင္းျဖစ္ေၾကာင္း သိရွိရသည္ Crd- Khit Thit.

PDF ကို အပြတ်ချေမှုန်းမည်ဟု ကြွေးကြော်သူ ဒုတိယဗိုလ်မှူးကြီးတင့်ထူးနိုင် တေဆုံး၊ ကလေးမြို့တိုက်ပွဲတွင်တေဆုံးသူ ဗိုလ်ကြီး ထက်အောင်ခိုင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဒီဘီ များကို ၁၉ ရက်ကြာမှ စစ်တပ်က လိုက်ကောက် သဂြိုလ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး-ယင်းမာပင်လမ်းတွင် စစ်ကောင်စီတပ်ဘက်မှ PDF ကို အပြတ်ချေမှုန်းမည်ဟု ကြွေးကြော်ခဲ့သော ဒုတိယဗိုလ်မှူးကြီး တင့်ထူးနိုင် နံနံသီးဆွဲခံရ၍ တေဆုံးသွားပြီး ယနေ့ စစ်အခမ်းအနားဖြင့် သဂြိုလ်မည်ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သော အသိုင်းအဝိုင်းထံမှ သိရှိရသည်

မေလ ၁၀ ရက်နေ့ ဆားလင်းကြီး-ယင်းမာပင်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများ တိုက်ခိုက်ခံရသဖြင့် ကလေးမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင့်ထူးနိုင် အသက် ၃၉ နှစ်

စစ်တက္ကသိုလ် အပတ်စဉ် ၄၆ တေဆုံးသွားကြောင်း၊ ဒီဘီကို မုံရွာ နမခ ထဲသို့ ယူဆောင်ထားပြီး ယနေ့ မေလ ၁၂ ရက်နေ့တွင် အခမ်းအနားဖြင့် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်

သူ့မိန်းမက ကလေးမြို့ကနေ ရဟတ်ယာဉ်နဲ့ မုံရွာကို ရောက်နေပြီ သူ့မိဘ၊ အဒေါ်တွေနဲ့ ညီမတွေ ရန်ကုန်ကနေ ကတိုက်ကရိုက်နဲ့ လိုက်သွားကြတယ် မေလ ၁၂ ရက်နေ့ နာရေး သဂြိုလ်ပြီး ပြန်လာမှ ရန်ကုန်မှာ ရက်လည်လုပ်မယ်

သူ့အမေက သင်္ဃန်းကျွန်း ဇဝနမှာနေပါတယ် သူ့မိန်းမက ပျဉ်းမနားသူ အသက် ၈ နှစ် သားသမီးတစ်ဦး ကျန်တယ် သူကအာဏာသိမ်းတာကိုသဘောကျပြီး PDF တွေကိုအပြတ်ချေမှုန်းမယ်ဆိုပြီး ကြွေးကြော်တဲ့သူ သဘောထားအရမ်းတင်းမာသူပါ ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်

ဒုဗိုလ်မှူး‌ကြီး တင့်ထူးနိုင်သည် ဂျိုင်းအောက် ထိမှန်ပြီး ပွဲချင်းပြီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ အလားတူ ကလေးမြို့ နယ်တိုက်ပွဲတွင် ဧပြီလ ၂၂ ရက်နေ့ကာ ခလရ ၈၇ မှ ကြည်း-၅၁၀၉၅ ဗိုလ်ကြီးထက်အောင်ခိုင်၊ ခလရ ၂၈ မှ တ-၅၆၇၈၆၈ တပ်သားရန်နိုင်ကျော်

လှုပ်ရှားတပ်ခွဲ ၆ မှ လ-၂၂၅၃၆၂ ရဲ ဒုတပ်ကြပ် စိုးမင်းသူ၊ အင်းကျွန်းမှ ပြည်သူ့စစ် ပျူစောထီး ခိုင်ဇော်လင်းတို့ ဒီဘီကို မေလ ၁၀ ရက်နေ့တွင် သွားရောက် ဖော်ယူပြီး အင်းကျွန်းကျေးရွာ သုဿာန်တွင် မီးသဂြိုလ်ကြောင်း၊ ဆုံးပြီး ရက် ၁၉ ရက် အကြာ အရိုးကျမှ သွားရောက် ဖော်ယူ သဂြိုလ်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည် Crd- Khit Thit