Local News News

အမေရိကန်အစိုးရနဲ့ NUG ပေါင်းစ-ပရိုက် အကြီးကြီး တိုက်ပြီလားပဲ

အမေရိကန်-အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်ဒီစီရောက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ‌အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိလာပါတယ်။

အခုခရီးစဉ်အတွင်း၊ အမေရိကန်အစိုးရပိုင်းကခေါင်းဆောင်တွေ၊ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ NUG ရဲ့အာဆီယံဆိုင်ရာသံအမတ်ကြီး ဦးဘိုလှတင့်က RFA ကို ပြောပါတယ်။

တွေ့ဆုံဆွေးနွေးမယ့်ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေကိုတော့ လတ်တလော အသေးစိတ် ပြောကြားလို့ မရသေးဘူးလို့ ဆိုပါတယ်။NUG ဘက်က ရရှိတဲ့ တခြားသတင်းတစ်ခုအရ ဒေါ်ဇင်မာအောင်ဟာ ဒီခရီးစဉ်အတွင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေအပြင် မြန်မာ့အရေးဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်တစ်ချို့နဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

မနက်ဖြန် မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ဝါရှင်တန်ဒီစီမှာ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံကို သမ္မတဂျိုးဘိုင်ဒင် ဦးဆောင်ပြီး ကျင်းပဖို့ ရှိပါတယ်။ဒီညီလာခံမှာ NUG ကို ဖိတ်ကြားမှု ရှိ၊မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မေလ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းပွဲမှာ “ဒီညီလာခံကို မြန်မာပြည်ကိုယ်စားပြုသူ ဘယ်သူတက်ခွင့်ရမလဲ” ဆိုပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Ned Price က “မကြာခင် သိရပါလိမ့်မယ်” လို့ ဖြေဆိုခဲ့ပါတယ်။source-RFA

အေမရိကန္-အာဆီယံေခါင္းေဆာင္ေတြနဲ႕ ေတြ႕ဖို႔ NUG နိုင္ငံျခားေရးဝန္ႀကီး ဝါရွင္တန္ဒီစီေရာက္

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ဟာ ေမလ ၁၁ ရက္ေန႕ မနက္ပိုင္းမွာ အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္ကို ေရာက္ရွိလာပါတယ္။

အခုခရီးစဥ္အတြင္း၊ အေမရိကန္အစိုးရပိုင္းကေခါင္းေဆာင္ေတြ၊ အာဆီယံေခါင္းေဆာင္ေတြနဲ႕ ေတြ႕ဆုံေဆြးႏြေးမယ္လို႔ NUG ရဲ႕အာဆီယံဆိုင္ရာသံအမတ္ႀကီး ဦးဘိုလွတင့္က RFA ကို ေျပာပါတယ္။

ေတြ႕ဆုံေဆြးႏြေးမယ့္ပုဂၢိုလ္ေတြနဲ႕ ေဆြးႏြေးမယ့္အေၾကာင္းအရာေတြကိုေတာ့ လတ္တေလာ အေသးစိတ္ ေျပာၾကားလို႔ မရေသးဘူးလို႔ ဆိုပါတယ္။NUG ဘက္က ရရွိတဲ့ တျခားသတင္းတစ္ခုအရ ေဒၚဇင္မာေအာင္ဟာ ဒီခရီးစဥ္အတြင္း အေမရိကန္အစိုးရ နိုင္ငံျခားေရးဌာနတာဝန္ရွိသူေတြအျပင္ ျမန္မာ့အေရးေဆာင္႐ြက္ေနတဲ့ လႊတ္ေတာ္အမတ္တစ္ခ်ိဳ႕နဲ႕လည္း ေတြ႕ဆုံေဆြးႏြေးမယ္လို႔ သိရပါတယ္။

မနက္ျဖန္ ေမလ ၁၂ ရက္နဲ႕ ၁၃ ရက္ေန႕ေတြမွာ ဝါရွင္တန္ဒီစီမွာ အေမရိကန္-အာဆီယံ ထိပ္သီးညီလာခံကို သမၼတဂ်ိဳးဘိုင္ဒင္ ဦးေဆာင္ၿပီး က်င္းပဖို႔ ရွိပါတယ္။ဒီညီလာခံမွာ NUG ကို ဖိတ္ၾကားမႈ ရွိ၊မရွိ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ေမလ ၁၀ ရက္ေန႕က အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာန သတင္းစာရွင္းပြဲမွာ ဒီညီလာခံကို ျမန္မာျပည္ကိုယ္စားျပဳသူ ဘယ္သူတက္ခြင့္ရမလဲ ဆိုၿပီး သတင္းေထာက္တစ္ဦးက ေမးျမန္းရာမွာ အေမရိကန္၊ နိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရသူ Ned Price က မၾကာခင္ သိရပါလိမ့္မယ္ လို႔ ေျဖဆိုခဲ့ပါတယ္။source-RFA