News

PDF ကို အပြတ်ချေမှုန်းမည်ဟု ကြွေးကြော်သူ ဒုတိယဗိုလ်မှူးကြီးတင့်ထူးနိုင်

PDF ကို အပြတ်ချေမှုန်းမည်ဟု ကြွေးကြော်သူ ဒုတိယဗိုလ်မှူးကြီးတင့်ထူးနိုင် မိုင်းဆွဲခံရပြီးသေဆုံး၊ ကလေးမြို့တိုက်ပွဲတွင်သေဆုံးသူ ဗိုလ်ကြီး ထက်အောင်ခိုင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးအလောင်းများကို ၁၉ ရက်ကြာမှ စစ်တပ်က လိုက်ကောက် နွားလှည်းဖြင့် သယ်ဆောင် မီးသဂြိုလ်

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး-ယင်းမာပင်လမ်းတွင် စစ်ကောင်စီတပ်ဘက်မှ PDF ကို အပြတ်ချေမှုန်းမည်ဟု ကြွေးကြော်ခဲ့သော ဒုတိယဗိုလ်မှူးကြီး တင့်ထူးနိုင် မိုင်းဆွဲခံရ၍ သေဆုံးသွားပြီး ယနေ့ စစ်အခမ်းအနားဖြင့် သဂြိုလ်မည်ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သော အသိုင်းအဝိုင်းထံမှ သိရှိရသည်။

မေလ ၁၀ ရက်နေ့ ဆားလင်းကြီး-ယင်းမာပင်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ကလေးမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင့်ထူးနိုင် အသက် ၃၉ နှစ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၄၆ သေဆုံးသွားကြောင်း၊ အလောင်းကို မုံရွာ နမခ ထဲသို့ ယူဆောင်ထားပြီး ယနေ့ မေလ ၁၂ ရက်နေ့တွင် အခမ်းအနားဖြင့် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

“သူ့မိန်းမက ကလေးမြို့ကနေ ရဟတ်ယာဉ်နဲ့ မုံရွာကို ရောက်နေပြီ။ သူ့မိဘ၊ အဒေါ်တွေနဲ့ ညီမတွေ ရန်ကုန်ကနေ ကတိုက်ကရိုက်နဲ့ လိုက်သွားကြတယ်။ မေလ ၁၂ ရက်နေ့ နာရေး သဂြိုလ်ပြီး ပြန်လာမှ ရန်ကုန်မှာ ရက်လည်လုပ်မယ်။ သူ့အမေက သင်္ဃန်းကျွန်း ဇဝနမှာနေပါတယ်။ သူ့မိန်းမက ပျဉ်းမနားသူ။ အသက် ၈ နှစ် သားသမီးတစ်ဦး ကျန်တယ်။ သူကအာဏာသိမ်းတာကို သဘောကျပြီး PDF တွေကိုအပြတ်ချေမှုန်းမယ်ဆိုပြီး ကြွေးကြော်တဲ့သူ။ သဘောထားအရမ်းတင်းမာသူပါ” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ဒုဗိုလ်မှူး‌ကြီး တင့်ထူးနိုင်သည် ဂျိုင်းအောက် မိုင်းစ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ အလားတူ ကလေးမြို့ နယ်တိုက်ပွဲတွင် ဧပြီလ ၂၂ ရက်နေ့က သေဆုံးသွားသော ခလရ ၈၇ မှ ကြည်း-၅၁၀၉၅ ဗိုလ်ကြီးထက်အောင်ခိုင်၊ ခလရ ၂၈ မှ တ-၅၆၇၈၆၈ တပ်သားရန်နိုင်ကျော်၊

လှုပ်ရှားတပ်ခွဲ ၆ မှ လ-၂၂၅၃၆၂ ရဲ ဒုတပ်ကြပ် စိုးမင်းသူ၊ အင်းကျွန်းမှ ပြည်သူ့စစ်(ခ) ပျူစောထီး ခိုင်ဇော်လင်းတို့ အလောင်းကို မေလ ၁၀ ရက်နေ့တွင် သွားရောက် ဖော်ယူပြီး နွားလှည်းဖြင့် သယ်ဆောင်ကာ အင်းကျွန်းကျေးရွာ သုဿာန်တွင် မီးသဂြိုလ်ကြောင်း၊ သေဆုံးပြီး ရက် ၁၉ ရက် အကြာ အရိုးကျမှ သွားရောက် ဖော်ယူ သဂြိုလ်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ကြီးထက်အောင်ခိုင် အလောင်း အပါအဝင် အလောင်းများ ကို ဖော်ယူ သဂြိုလ်ရေးတွင် လှုပ်ရှားတပ်ခွဲ ၆ မှ ဒုရဲအုပ်ချစ်ကိုကို၊ ခလရ ၈၉ မှ ဗိုလ်ကြီးရာဇာမျိုး၊ ကျောက်ပြုတ် ပြည်သူ့စစ်(ခ)ပျူစောထီးခေါင်းဆောင် ဉာဏ်လင်းအောင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာ အခြေပြု ဗိုလ်မှူးသန်းနိုင်၊ ခလရ ၂၆၈ မှ ဗိုလ်ကြီး ဇွဲသူထွန်းတို့ ဦးဆောင်သော အဖွဲ့စုံက ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။

PDF ကို အျပတ္ေခ်မႈန္းမည္ဟု ေႂကြးေၾကာ္သူ ဒုတိယဗိုလ္မႉးႀကီးတင့္ထူးနိုင္ မိုင္းဆြဲခံရၿပီးေသဆုံး၊ ကေလးၿမိဳ႕တိုက္ပြဲတြင္ေသဆုံးသူ ဗိုလ္ႀကီး ထက္ေအာင္ခိုင္ အပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၄ ဦးအေလာင္းမ်ားကို ၁၉ ရက္ၾကာမွ စစ္တပ္က လိုက္ေကာက္ ႏြားလွည္းျဖင့္ သယ္ေဆာင္ မီးသၿဂိဳလ္

ရန္ကုန္၊ ေမ ၁၂

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီး-ယင္းမာပင္လမ္းတြင္ စစ္ေကာင္စီတပ္ဘက္မွ PDF ကို အျပတ္ေခ်မႈန္းမည္ဟု ေႂကြးေၾကာ္ခဲ့ေသာ ဒုတိယဗိုလ္မႉးႀကီး တင့္ထူးနိုင္ မိုင္းဆြဲခံရ၍ ေသဆုံးသြားၿပီး ယေန႕ စစ္အခမ္းအနားျဖင့္ သၿဂိဳလ္မည္ျဖစ္ေၾကာင္း မိသားစုႏွင့္နီးစပ္ေသာ အသိုင္းအဝိုင္းထံမွ သိရွိရသည္။

ေမလ ၁၀ ရက္ေန႕ ဆားလင္းႀကီး-ယင္းမာပင္လမ္းတြင္ စစ္ေကာင္စီယာဥ္တန္းမ်ား မိုင္းဆြဲတိုက္ခိုက္ခံရသျဖင့္ ကေလးမွ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး တင့္ထူးနိုင္ အသက္ ၃၉ ႏွစ္၊ စစ္တကၠသိုလ္ အပတ္စဥ္ ၄၆ ေသဆုံးသြားေၾကာင္း၊ အေလာင္းကို မုံ႐ြာ နမခ ထဲသို႔ ယူေဆာင္ထားၿပီး ယေန႕ ေမလ ၁၂ ရက္ေန႕တြင္ အခမ္းအနားျဖင့္ သၿဂိဳလ္မည္ျဖစ္ေၾကာင္း သိရွိရသည္။

သူ႕မိန္းမက ကေလးၿမိဳ႕ကေန ရဟတ္ယာဥ္နဲ႕ မုံ႐ြာကို ေရာက္ေနၿပီ။ သူ႕မိဘ၊ အေဒၚေတြနဲ႕ ညီမေတြ ရန္ကုန္ကေန ကတိုက္ကရိုက္နဲ႕ လိုက္သြားၾကတယ္။ ေမလ ၁၂ ရက္ေန႕ နာေရး သၿဂိဳလ္ၿပီး ျပန္လာမွ ရန္ကုန္မွာ ရက္လည္လုပ္မယ္။ သူ႕အေမက သဃၤန္းကြၽန္း ဇဝနမွာေနပါတယ္။ သူ႕မိန္းမက ပ်ဥ္းမနားသူ။ အသက္ ၈ ႏွစ္ သားသမီးတစ္ဦး က်န္တယ္။ သူကအာဏာသိမ္းတာကို သေဘာက်ၿပီး PDF ေတြကိုအျပတ္ေခ်မႈန္းမယ္ဆိုၿပီး ေႂကြးေၾကာ္တဲ့သူ။ သေဘာထားအရမ္းတင္းမာသူပါ ဟု မိသားစုႏွင့္နီးစပ္သူတစ္ဦးက ေျပာဆိုသည္။

ဒုဗိုလ္မႉးႀကီး တင့္ထူးနိုင္သည္ ဂ်ိဳင္းေအာက္ မိုင္းစ ထိမွန္ၿပီး ပြဲခ်င္းၿပီး ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။ အလားတူ ကေလးၿမိဳ႕ နယ္တိုက္ပြဲတြင္ ဧၿပီလ ၂၂ ရက္ေန႕က ေသဆုံးသြားေသာ ခလရ ၈၇ မွ ၾကည္း-၅၁၀၉၅ ဗိုလ္ႀကီးထက္ေအာင္ခိုင္၊ ခလရ ၂၈ မွ တ-၅၆၇၈၆၈ တပ္သားရန္နိုင္ေက်ာ္၊

လႈပ္ရွားတပ္ခြဲ ၆ မွ လ-၂၂၅၃၆၂ ရဲ ဒုတပ္ၾကပ္ စိုးမင္းသူ၊ အင္းကြၽန္းမွ ျပည္သူ႕စစ္(ခ) ပ်ဴေစာထီး ခိုင္ေဇာ္လင္းတို႔ အေလာင္းကို ေမလ ၁၀ ရက္ေန႕တြင္ သြားေရာက္ ေဖာ္ယူၿပီး ႏြားလွည္းျဖင့္ သယ္ေဆာင္ကာ အင္းကြၽန္းေက်း႐ြာ သုႆာန္တြင္ မီးသၿဂိဳလ္ေၾကာင္း၊ ေသဆုံးၿပီး ရက္ ၁၉ ရက္ အၾကာ အရိုးက်မွ သြားေရာက္ ေဖာ္ယူ သၿဂိဳလ္နိုင္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဗိုလ္ႀကီးထက္ေအာင္ခိုင္ အေလာင္း အပါအဝင္ အေလာင္းမ်ား ကို ေဖာ္ယူ သၿဂိဳလ္ေရးတြင္ လႈပ္ရွားတပ္ခြဲ ၆ မွ ဒုရဲအုပ္ခ်စ္ကိုကို၊ ခလရ ၈၉ မွ ဗိုလ္ႀကီးရာဇာမ်ိဳး၊ ေက်ာက္ျပဳတ္ ျပည္သူ႕စစ္(ခ)ပ်ဴေစာထီးေခါင္းေဆာင္ ဉာဏ္လင္းေအာင္၊ ဂန႔္ေဂါၿမိဳ႕နယ္၊ ေျမာက္ခင္ရန္းေက်း႐ြာ အေျချပဳ ဗိုလ္မႉးသန္းနိုင္၊ ခလရ ၂၆၈ မွ ဗိုလ္ႀကီး ဇြဲသူထြန္းတို႔ ဦးေဆာင္ေသာ အဖြဲ႕စုံက ပူးေပါင္းေဆာင္႐ြက္ခဲ့ရေၾကာင္း သိရွိရသည္။