News

မြန်မာ့အရေး ဝါရှင်တန်ဒီစီမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေ

မြန်မာ့အရေး ဝါရှင်တန်ဒီစီမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေး

ဖေအောင်/People’s Spring

အမေရိကန် ပြည်ထောင်စုဝါရှင်တန်ဒီစီမှာ မြန်မာ့အရေးအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မေလ ၁၁ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။တွေ့ဆုံမှုမှာ အမေရိကန်နဲ့အာဆီယံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ဖို့ ၊ မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေးတွေကို ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဗီဗီယန်ဘာလာ ခရစ်ရှနန်က သူ့ရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။

အဲဒီတွေ့ဆုံမှုမှာ မြန်မာစစ်ကောင်စီက လွဲရင် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်တာတွေ့ရပါတယ်။စစ်ကောင်စီကိုတော့ ဘုံသဘောတူညီချက် တွေကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်တဲ့အတွက် အစည်းအဝေးမှာ ဖိတ်ကြားခြင်းမရှိပါဘူး။

နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုဖိတ်တဲ့အတွက် စစ်ကောင်စီကလည်းမတက်ရောက်ဘူးလို့သိရပါတယ်။ ဒါပေမယ့် အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပမယ့် အချိန်မှာပဲ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန် ပြည်ထောင်စုကိုရောက်ရှိနေတယ်လို့ RFA သတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။

ဒီနေ့မှာပဲ အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ အာဆီယံ နိုင်ငံတွေရဲ့အစိုးရအဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ရှိပါသေးတယ်။အမေရိကန်အစိုးရရဲ့ အင်ဒို − ပစိဖိတ်ရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ကာ့ကမ့်ဘဲလ်က အာဆီယံ ဟာ မြန်မာ့အရေးမှာနက်နက်ရှိုင်းရှိုင်းပါဝင်ဆောင်ရွက်သင့်တယ်လို့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ ဆွေးနွေးပွဲတစ်ခုမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီနေ့မှာ တွေ့ဆုံမယ့် အမေရိကန် − အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေး ၊ အာဆီယံဒေသတွင်း သြဇာဖြန့်ကျက်လာတဲ့တရုတ်အရေးနဲ့ ယူကရိန်းအရေးတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ျမန္မာ့အေရး ဝါရွင္တန္ဒီစီမွာ အာဆီယံနိုင္ငံျခားေရးဝန္ႀကီးေတြ ေတြ႕ဆုံေဆြးႏြေး

ေဖေအာင္/Peoples Spring

အေမရိကန္ ျပည္ေထာင္စုဝါရွင္တန္ဒီစီမွာ ျမန္မာ့အေရးအတြက္ အာဆီယံ နိုင္ငံျခားေရးဝန္ႀကီးေတြ ေမလ ၁၁ ရက္ကေတြ႕ဆုံေဆြးႏြေးခဲ့ၾကပါတယ္။ေတြ႕ဆုံမႈမွာ အေမရိကန္နဲ႕အာဆီယံၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈကိုတိုးျမႇင့္ဖို႔ ၊ ျမန္မာ့အေရးအပါအဝင္ ေဒသတြင္းနဲ႕ နိုင္ငံတကာအေရးေတြကို ထည့္သြင္း ေဆြးႏြေးခဲ့ၾကတယ္လို႔စင္ကာပူနိုင္ငံျခားေရးဝန္ႀကီးဗီဗီယန္ဘာလာ ခရစ္ရွနန္က သူ႕ရဲ႕ေဖ့ဘြတ္ခ္ကေန အသိေပးထားပါတယ္။

အဲဒီေတြ႕ဆုံမႈမွာ ျမန္မာစစ္ေကာင္စီက လြဲရင္ အာဆီယံအဖြဲ႕ဝင္ နိုင္ငံျခားေရးဝန္ႀကီးေတြတက္ေရာက္တာေတြ႕ရပါတယ္။စစ္ေကာင္စီကိုေတာ့ ဘုံသေဘာတူညီခ်က္ ေတြကိုအေကာင္အထည္ေဖာ္ဖို႔ပ်က္ကြက္တဲ့အတြက္ အစည္းအေဝးမွာ ဖိတ္ၾကားျခင္းမရွိပါဘူး။

နိုင္ငံေရးအရ ကိုယ္စားမျပဳသူကိုဖိတ္တဲ့အတြက္ စစ္ေကာင္စီကလည္းမတက္ေရာက္ဘူးလို႔သိရပါတယ္။ ဒါေပမယ့္ အေမရိကန္ အာဆီယံ ထိပ္သီးအစည္းအေဝး က်င္းပမယ့္ အခ်ိန္မွာပဲ NUG အစိုးရရဲ႕ နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ဟာ အေမရိကန္ ျပည္ေထာင္စုကိုေရာက္ရွိေနတယ္လို႔ RFA သတင္းဌာနက ေဖာ္ျပထားတာေတြ႕ရပါတယ္။

ဒီေန႕မွာပဲ အေမရိကန္သမၼတ ဘိုင္ဒန္နဲ႕ အာဆီယံ နိုင္ငံေတြရဲ႕အစိုးရအဖြဲ႕ ေခါင္းေဆာင္ေတြ ေတြ႕ဆုံေဆြးႏြေးဖို႔ရွိပါေသးတယ္။အေမရိကန္အစိုးရရဲ႕ အင္ဒို ပစိဖိတ္ေရးရာ ညွိႏွိုင္းေဆာင္႐ြက္ေရးမႉး ကာ့ကမ့္ဘဲလ္က အာဆီယံ ဟာ ျမန္မာ့အေရးမွာနက္နက္ရွိုင္းရွိုင္းပါဝင္ေဆာင္႐ြက္သင့္တယ္လို႔ ထိပ္သီးေဆြးႏြေးပြဲမတိုင္ခင္ အေမရိကန္ ၿငိမ္းခ်မ္းေရး အင္စတီက်ဳရဲ႕ ေဆြးႏြေးပြဲတစ္ခုမွာ ထည့္သြင္းေျပာခဲ့ပါတယ္။

ဒီေန႕မွာ ေတြ႕ဆုံမယ့္ အေမရိကန္ အာဆီယံ ထိပ္သီးေဆြးႏြေးပြဲမွာ ျမန္မာ့အေရး ၊ အာဆီယံေဒသတြင္း ၾသဇာျဖန႔္က်က္လာတဲ့တ႐ုတ္အေရးနဲ႕ ယူကရိန္းအေရးေတြကို ေဆြးႏြေးၾကမွာျဖစ္ပါတယ္။