Local News News

တောင်ကြီးမြို့ရှိ Play House ဘား လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားကို ဖမ်းဆီး

တောင်ကြီး၊ မေ ၁၂

လူငယ့်ခေတ်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ Royal Taunggyi ဟိုတယ်အတွင်းဖွင့်လှစ်ထားသည့် Play House ဘားနှင့် နိုက်ကလပ်ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ရှမ်းလူငယ်ဖယ်ဒရယ်ဒီမိုကရက်တစ်အာမီ က အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် Play House ဘားကို လုံခြုံရေးပေးနေသည့် စစ်ကောင်စီတပ်သားတစ်ဦး ဖမ်းမိထားသည်မှာ မှန်ကန်ကြောင်း အသေးစိတ်အချက်အလက်များကိုမှု စစ်ဆေးပြီးမှသာ ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း ရှမ်းလူငယ်ဖယ်ဒရယ်ဒီမိုကရက်တစ်အာမီ တာဝန်ရှိသူက လူငယ့်ခေတ်သို့ပြောသည်။

Play House ဘားနှင့် နိုက်ကလပ်သည် တော်လှန်ရေးကာလ၌ စစ်ကောင်စီအလိုကျ အေးချမ်းတည်ငြိမ်သည်ကို ပြသနိုင်ရန်နှင့် လူငယ်များကို တော်လှန်ရေးသို့ အာရုံမရောက်စေရန် ပျော်ပါးကခုန်ခြင်းများကို လုပ်ဆောင်ခွင့်ပြုနေသည့်အတွက် ဖောက်ခွဲ တိုက်ခိုက်မည်ဟုလည်း ရှမ်းလူငယ်ဖယ်ဒရယ်ဒီမိုကရက်တစ်အာမီက မေလ ၁၀ ရက်တွင် သတိပေးထားသည်။

ဓာတ်ပုံ- Play House ဘားဆိုင်မြင်ကွင်း