Local News News

သာလွန်အင်အားနဲ့ စီးနင်းခံရချိန် ရဲဘော်ရှစ်ဦးနှင့်အတူ ကျဆုံးခဲ့တဲ့ စစ်ကိုင်းတကသအတွင်းရေးမှူး ကိုဝေယံဖြိုး







စစ်ကိုင်းတကသအတွင်းရေးမှူး ကိုဝေယံဖြိုး ကျဆုံးမှုအပေါ် အကသများကွန်ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပို့

စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုဝေယံဖြိုး ကျဆုံးမှုအပေါ် အခြေခံပညာ ကျောင်းသားသမဂ္ဂများကွန်ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာအား ယနေ့ မေ ၁၂ ထုတ်ပြန်သည်

ကိုဝေယံဖြိုးသည် အာဏာရှင်စနစ်အား ခုခံတွန်းလှန်ရင်း မေ ၉ ရက်က မြင်းမူနယ်တွင် ဂုဏ်ရောင်ပြောင်ဝင်းစွာ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်

ကျဆုံးလေပြီးသော ကိုဝေယံဖြိုးအပါအဝင် အာဇာနည် သူရဲကောင်းအပေါင်းသည် အတောင်ရိုက်ချိုး၊ အတက်ကျိုးသည့်တိုင် အရိုးထဲမှ ခွပ်ဒေါင်းတွန်သံမှာ အစဉ်ပြန့်လွင့်လျက်ရှိပေမည် ဟု အကသကွန်ရက်က ထုတ် ပြန်သည်

ထို့ကြောင့် ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူများ၏ အသွေးအသားနှင့် ထွင်းထုထားသော တော်လှန်ရေးကမ္ဗည်းအား ကျန်ရစ်ခဲ့သောတော်လှန်ရေးသမား ရဲဘော်များမှ ဆက် လက်ထမ်းဆောင် ရေးထိုးကြရမည်မှာ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်ကြောင်းလည်း ဖော်ပြ သည်

စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုဝေယံဖြိုးနှင့် ရဲဘော်ရှစ်ဦးသည် မေ ၉ ရက်က မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းစီးနင်းခံရစဉ် ကျဆုံးခဲ့ခြင်း ဖြစ်သည် ပုံ- စစ်ကိုင်းတကသ အတွင်း​ရေးမှူးကို​​ဝေယံဖြိုး Crd- People Spring