Local News News

လှည်းတန်းမှာ အသက်ခံရတဲ့ ဆိုက်ကားဆရာမိသားစုရဲ့ လူနေမှုဘဝ (ရုပ်/သံ)







လှည်းတန်းမှာအ သ တ် ခံခဲ့ရတဲ့ ဆိုက္ကားဆရာရဲ့ မိသားစုဘဝ…

ရန်ကုန်မြို့ရဲ့ လူအစည်ကားဆုံးနေရာတခုဖြစ်တဲ့လှည်းတန်းမှာ လူတစုက နေ့ခင်းကြောင်တောင် ၀ိုင်းဝန်းရိုက်နှက်မှုကြောင့်​ေ တ ဆုံးခဲ့ရတဲ့ ဆိုက္ကားဆရာမှာ ဇနီးနှင့် အသက် ၅ နှစ်အရွယ် ကလေးတယောက် ကျန်ရစ်ခဲ့ပါတယ်

ဆိုက္ကားဆရာ ကိုသန့်စင်အောင်ဟာ ခါးပိုက်နှိုက်တယောက်ကိုဖမ်းဆီးရာမှာ ၀ိုင်းဝန်ကူညီခဲ့တာကြောင့် အဖမ်းခံရတဲ့ ခါးပိုက်နှိုက်ရဲ့ အပေါင်းအပါတွေက ရန်ညှိုးထားပြီး မေလ ၄ ရက်နေ့မှာ အုပ်စုဖွဲ့ သ က်ဖြ တ်ခဲ့ကြတာ ဖြစ်ပါတယ်

ကိုသန့်စင်အောင်ဟာ တာဝန်သိပြည်သူတဦးဖြစ်ပြီး အခွင့်အခါကြုံတိုင်း သူတပါးကို ကူညီတတ်သူတဦးဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်

ယခင်ကလည်း အလားတူကူညီစောင်မခဲ့မှုတွေကြောင့် မကျေနပ်သူတွေရဲ့ ရန်ပြုတိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရဖူးသူဖြစ်ပါတယ်

နွမ်းပါးပေမယ့် စိတ်ထားရိုးဖြောင့်တဲ့ ကိုသန့်စင်အောင်ရဲ့မိသားစအတွက် လှူဒါန်းလိုပါက ၀၉ ၂၅၄၂၆၁၀၀၁ သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါတယ် Crd

;