News

ျမန္မာနိုင္ငံဒီမိုကေရစီရရွိရန္ ေဆာင္ရြက္ေနၾကသူမ်ားကို ဆက္လက္အားေပးေထာက္ခံမည္ဟု အေမရိကန္ ဒုတိယနိုင္ငံျခားေရးဝန္ႀကီး ကတိျပဳ

ျမန္မာနိုင္ငံဒီမိုကေရစီရရွိရန္ ေဆာင္ရြက္ ေနၾကသူမ်ားကို ဆက္လက္အားေပးေထာက္ခံမည္ဟု အေမရိကန္ ဒုတိယနိုင္ငံျခားေရးဝန္ႀကီး ကတိျပဳ

ရန္ကုန္၊ ေမ ၁၃ ၊ လူငယ့္ေခတ္

အာဏာရွင္အဖြဲ႕၏ ၿဖိဳခြင္းမႈမ်ားကို ရင္ဆိုင္ေနရသည့္ ျမန္မာျပည္သူမ်ားအတြက္ ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္လည္ေရာက္ရွိရန္ ၿငိမ္းခ်မ္းစြာ ေဆာင္ရြက္ေနၾကသည့္သူမ်ားအားလုံးကို ဆက္လက္အားေပးေထာက္ခံသြားမည္ဟု အေမရိကန္နိုင္ငံ ဒုတိယ နိုင္ငံျခားေရးဝန္ႀကီး ရွားမန္းကေျပာၾကားခဲ့သည္။

အေမရိကန္နိုင္ငံ ဒုတိယ နိုင္ငံျခားေရးဝန္ႀကီး ရွားမန္းႏွင့္ ေဒၚဇင္မာေအာင္အပါအဝင္ NUG ကိုယ္စားလွယ္မ်ားႏွင့္ ဝါရွင္တန္ၿမိဳ႕ေတာ္တြင္ ေမလ ၁၂ရက္ က ေတြ႕ဆုံခဲ့စဥ္ရွားမန္းက ကတိေပးေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္သံ႐ုံး ရန္ကုန္က ယေန႔ ထုတ္ျပန္ထားသည္။

 

လက္ရွိ အာဆီယံေခါင္းေဆာင္အမ်ားစုသည္ အေမရိကန္-အာဆီယံထိပ္သီးအစည္းအေဝးသို႔တက္ေရာက္ရန္ ဝါရွင္တန္ၿမိဳ႕ေတာ္သို႔ ေရာက္ရွိေနၿပီး ျမန္မာနိုင္ငံ၏ အၾကပ္အတည္းကို

တရားမၽွတၿပီး ၿငိမ္းခ်မ္းစြာအေျဖရွာနိုင္ၾကရန္ အာဆီယံႏွင့္ အျခားေသာ မိတ္ဖက္မ်ားႏွင့္အတူ ဆက္ လက္ၿပီး အနီးကပ္ပူးေပါင္းေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း ဒုတိယနိုင္ငံျခားေရးဝန္ႀကီးရွားမန္း ကေျပာသည္

အာဏာရွင္အဖြဲ႕မွ အၾကမ္းဖက္မႈမ်ားကို တိုးျမႇင့္လုပ္ေဆာင္လာျခင္းႏွင့္ ၎၏ အက်ိဳးဆက္ လူသားခ်င္းစာနာေထာက္ ထားမႈဆိုင္ရာအၾကပ္အတည္းျဖစ္ေပၚလာရျခင္းကို ရႈတ္ခ်ေၾကာင္း ​ေျပာၾကားထားသည္

လက္ရွိ ေဒၚဇင္မာေအာင္ ကို အေမရိကန္နိုင္ငံမွ လုံျခဳံေရးတင္းၾကပ္စြာ ယူထားေပးေၾကာင္းလည္း သိရသည္။ ၾကာသာပေတးေန႔က စတင္သည့္ ႏွစ္ရက္ၾကာအစည္းအေဝးတြင္ ကိုဗစ္အလြန္ စီးပြားေရး ျပန္လည္ထူေထာင္ေရး၊ ရာသီဥတုအေျပာင္းအလဲႏွင့္ ျမန္မာစစ္အာဏာသိမ္းမႈတို႔ကို ေဆြးေႏြးၾကမည္ျဖစ္သည္။

ထို အစည္းအေဝးသည္ အေမရိကန္-အာဆီယံ၏ ၄၅ ႏွစ္ၾကာ ဆက္ဆံေရးကို ဂုဏ္ျပဳျခင္းႏွင့္ အာဆီယံအေပၚ အေမရိကန္၏ ခိုင္မာသည့္အေလးထားမႈကို ျပသျခင္း ျဖစ္လိမ့္မည္ ဟု အိမ္ျဖဴေတာ္က ဆိုသည္

အာဆီယံအဖြဲ႕၀င္ ၁၀ နိုင္ငံသည္ ကမၻာ့စီးပြားေရးတြင္ နံပတ္ခုႏွစ္ အႀကီးဆုံးျဖစ္ၿပီး နိုင္ငံေခါင္းေဆာင္မ်ားအားလုံး အစည္းအေဝးကိုတက္ေရာက္ၾကသည္

သို႔ေသာ္ ဘိုင္ဒန္ႏွင့္အစည္းအေဝးတြင္ သက္တမ္းကုန္ဆုံးေတာ့မည့္ ဖိလစ္ပိုင္သမၼတ ဒူတာေတးႏွင့္ ျမန္မာအာဏာသိမ္းစစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္တို႔ ကိုယ္စားျပဳတက္ေရာက္ျခင္း မရွိေပ

အာဆီယံအဖြဲ႕အစည္းမွ အတည္ျပဳသတ္မွတ္ေပးထားသည့္ ဘုံသေဘာတူညီခ်က္ ၅ ရပ္ ကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ျခင္းမရွိသည့္အတြက္ အာဆီယံ၏ ထိပ္တန္းအဆင့္အစည္းအေဝးမ်ားတြင္

ျမန္မာနိုင္ငံမွ နိုင္ငံေရးႏွင့္မပတ္သက္သည့္ ကိုယ္စားလွယ္မ်ားကိုသာ ဖိတ္ၾကားရန္ ဆုံးျဖတ္သည့္ အာဆီယံ၏ ဆုံးျဖတ္ခ်က္ကို မိမိတို႔ အားေပးေထာက္ခံသည္ ဟု အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး နက္ဒ္ပရိုက္စ္က ယမန္ေန႔က ေျပာၾကားထားသည္

ထို႔ျပင္အေမရိကန္-အာဆီယံထိပ္သီးအစည္းအေဝးတြင္လည္း အဆိုပါ လမ္းစဥ္ကို က်င့္သုံးမည္ ျဖစ္ၿပီး စစ္အာဏာရွင္အဖြဲ႕သည္ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ရပ္ကို

အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္ပ်က္ကြက္ခဲ့ျခင္းႏွင့္ ျမန္မာျပည္သူမ်ား အေပၚ အၾကမ္းဖက္မႈႏွင့္ ႏွိပ္ကြပ္မႈမ်ားကို ဆက္လက္တိုးျမႇင့္လုပ္ေဆာင္ေနျခင္းေၾကာင့္ အဆိုပါမူကို ဆက္လက္က်င့္သုံးျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္ Crd- Lunge khit

မြန်မာနိုင်ငံဒီမိုကရေစီရရှိရန် ဆောင်ရွက် နေကြသူများကို ဆက်လက်အားပေးထောက်ခံမည်ဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကတိပြု

ရန်ကုန်၊ မေ ၁၃ ၊ လူငယ့်ခေတ်

အာဏာရှင်အဖွဲ့၏ ဖြိုခွင်းမှုများကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရန် ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြသည့်သူများအားလုံးကို ဆက်လက်အားပေးထောက်ခံသွားမည်ဟု အမေရိကန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှားမန်းကပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှားမန်းနှင့် ဒေါ်ဇင်မာအောင်အပါအဝင် NUG ကိုယ်စားလှယ်များနှင့် ဝါရှင်တန်မြို့တော်တွင် မေလ ၁၂ရက် က တွေ့ဆုံခဲ့စဉ်ရှားမန်းက ကတိပေးပြောကြားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သံရုံး ရန္ကုန္က ယနေ့ ထုတ်ပြန်ထားသည်။

လက်ရှိ အာဆီယံခေါင်းဆောင်အများစုသည် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ဝါရှင်တန်မြို့တော်သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံ၏ အကြပ်အတည်းကို

တရားမျှတပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြရန် အာဆီယံနှင့် အခြားသော မိတ်ဖက်များနှင့်အတူ ဆက် လက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးရှားမန်း ကပြောသည်

အာဏာရှင်အဖွဲ့မှ အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်းနှင့် ၎၏ အကျိုးဆက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကြပ်အတည်းဖြစ်ပေါ်လာရခြင်းကို ရှုတ်ချကြောင်း ပြောကြားထားသည်

လက်ရှိ ဒေါ်ဇင်မာအောင် ကို အမေရိကန်နိုင်ငံမှ လုံခြုံရေးတင်းကြပ်စွာ ယူထားပေးကြောင်းလည်း သိရသည်။ ကြာသာပတေးနေ့က စတင်သည့် နှစ်ရက်ကြာအစည်းအဝေးတွင် ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ ရာသီဥတုအပြောင်းအလဲနှင့် မြန်မာစစ်အာဏာသိမ်းမှုတို့ကို ဆွေးနွေးကြမည်ဖြစ်သည်။

ထို အစည်းအဝေးသည် အမေရိကန်-အာဆီယံ၏ ၄၅ နှစ်ကြာ ဆက်ဆံရေးကို ဂုဏ်ပြုခြင်းနှင့် အာဆီယံအပေါ် အမေရိကန်၏ ခိုင်မာသည့်အလေးထားမှုကို ပြသခြင်း ဖြစ်လိမ့်မည် ဟု အိမ်ဖြူတော်က ဆိုသည်

အာဆီယံအဖွဲ့၀င် ၁၀ နိုင်ငံသည် ကမ်ဘာ့စီးပွားရေးတွင် နံပတ်ခုနှစ် အကြီးဆုံးဖြစ်ပြီး နိုင်ငံခေါင်းဆောင်များအားလုံး အစည်းအဝေးကိုတက်ရောက်ကြသည်

သို့သော် ဘိုင်ဒန်နှင့်အစည်းအဝေးတွင် သက်တမ်းကုန်ဆုံးတော့မည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ကိုယ်စားပြုတက်ရောက်ခြင်း မရှိပေ

အာဆီယံအဖွဲ့အစည်းမှ အတည်ပြုသတ်မှတ်ပေးထားသည့် ဘုံသဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့်အတွက် အာဆီယံ၏ ထိပ်တန်းအဆင့်အစည်းအဝေးများတွင်

မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ္စားလွယ္မ်ားကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို မိမိတို့ အားပေးထောက်ခံသည် ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နက်ဒ်ပရိုက်စ်က ယမန်နေ့က ပြောကြားထားသည်

ထို့ပြင်အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း အဆိုပါ လမ်းစဉ်ကို ကျင့်သုံးမည် ဖြစ်ပြီး စစ်အာဏာရှင်အဖွဲ့သည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ္ကို

အကောင်အထည်ဖော်ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ခြင်းနှင့် မြန်မာပြည်သူများ အပေါ် အကြမ်းဖက်မှုနှင့် နှိပ်ကွပ်မှုများကို ဆက်လက်တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် အဆိုပါမူကို ဆက်လက်ကျင့်သုံးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည် Crd- Lunge khit