News
ဈေးနှုန်းမသတ်မှတ်ထားတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး စားချင်သလောက်စား ပေးချင်သလောက်ပေး ကုသိုလ်ဖြစ်ဆိုင်လေး
ဈေးနှုန်းမသတ်မှတ်ထားတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး စားချင်သလောက်စား ပေးချင်သလောက်ပေး ထမင်းဆိုင် စဖွင့်ပြီ..
ထမင်းဆိုင် ဖွင့်​ဖြစ်တာက ချို့တဲ့သူတွေအတွက် စားဖို့ တဖက်တလမ်းက ဖြေရှင်းပေးတဲ့အနေနဲ့ ဖွင့်ဖြစ်တာပါ.. ဈေးနှုန်းအနေနဲ့ သတ်မှတ်ထားတာမရှိပဲ
စျေးနှုန်းမသတ်မှတ်ထားတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး စားချင်သလောက်စား ပေးချင်သလောက်ပေး ထမင်းဆိုင် စဖွင့်ပြီ
မြန်မာ့စိတ်ရင်း ပရဟိတမှ အခြေခံလူတန်းစားများ စားသောက်ရေးအတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ပရဟိတ ထမင်းဆိုင်ကို
မေလ ၁၀ ရက်နေ့ မနက် ၁၀ နာရီမှာ တောင်ဒဂုံ ၅၆ ရပ်ကွက်ပုဂံ လမ်းမကြီးပေါ် ဝနဝါသီဘုန်းကြီးကျောင်းရှေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်
အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး မြန်မာစိတ်ရင်းပရဟိတမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုမိုးမာန်က.. ပရဟိတ
ထမင်းဆိုင် ဖွင့်​ဖြစ်တာက ချို့တဲ့သူတွေအတွက် စားဖို့ တဖက်တလမ်းက ဖြေရှင်းပေးတဲ့အနေနဲ့ ဖွင့်ဖြစ်တာပါ.. စျေးနှုန်းအနေနဲ့ သတ်မှတ်ထားတာမရှိပဲ
ထမင်းကြိုက်သလောက်စားပြီးမှ အဆင်ပြေသလိုလေးပဲ ပေးလို့ရပါတယ်.. ဟင်းကသတ်သတ်လွတ်ဟင်း
၁၀ မျိုးစီစဉ်ပေးထားမယ်.. ကြိုက်တဲ့ဟင်း ၃ မျိုးယူစားလို့ရတယ်.. အရည်သောက်ဟင်းလည်းစီစဉ်ပေးထားတယ်
ပုံမှန်ဖွင့်ချိန်ကနံနက် ၁၀ နာရီစဖွင့် ကုန်တဲ့အချိန်ရပ်မယ် စီးပွားရေးလိုလည်း မဟုတ်ဘူး။ ပထမဦးဆုံးစဖွင့်တဲ့ရက်မှာ အနိမ့်ဆုံးအနေနဲ့ ဆန် ၁၀ ပြည်ချက်ဖြစ်တယ် လို့ပြောပါတယ်
ပုံတွေက ကျွန်တော့်ရဲ့ မြန်မာ့စိတ်ရင်း သားသတ်လွတ် စားချင်သလောက်စား ပေးချင်သလောက်ပေး ထမင်းဆိုင်ဖွင့်ပွဲ ပုံရိပ်များဖြစ်ပါတယ်။ ဆိုင်ဖွင့်ပွဲနေ့မှာတော့ ကျွန်တော့်ရဲ့အလှူအနေနဲ့ ကြွလာသူအားလုံးကို
အခမဲ့ကျွေးခဲ့ပါတယ်။ ထမင်းဆိုင်ဖွင့်ပွဲမှာ ကျွန်တော်တို့မြန်မာ့စိတ်ရင်းရဲ့ နာယက ကြီးဖြစ်တဲ့ ကိုအောင်မြတ်သူ Aroma မှ ဆန် ၁၀ အိပ် လှူဒါန်းပါသည်
ဆိုင်တည်နေရာ တောင်ဒဂုံ ၅၆ ရပ်ကွက် ပုဂံလမ်းမကြီးပေါ်ဝနဝါသီဘုန်းကြီးကျောင်းရှေ့ ဖြစ်ပါတယ်.. မြန်မာ့စိတ်ရင်း ပရဟိတအနေနဲ့ ကိုဗစ်ကာလမှာ အောက်ဆီဂျင်လိုအပ်တဲ့သူတွေအတွက် ကူညီလှူဒါန်းမှုတွေပြုလုပ်ပေးခဲ့သလို
အခုနောက်ပိုင်းမှာလည်း အခြေခံလူတန်းစားတွေ အဆင်ပြေစေဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ပရဟိတ ဆေးခန်းအပြင် ပရဟိတထမင်းဆိုင်ပါ ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရပါတယ် credit