News

ခ်စ္သူသက္တမ္း ႏွစ္ပတ္လည္ေန႔ေလးမွာ ဆုေတာင္းစကားဆိုလာခဲ့တဲ့ ကိုေဇယ်ာ္ေသာ္ရဲ့ ေကာင္မေလး

တစ္ခ်ိန္က လူငယ္ေတြၾကားမွာ နာမည္ႀကီး ေရပန္းစားခဲ့တဲ့ Hip Hop အဖြဲ႕ ျဖစ္တဲ့ Acid အဖြဲ႕မွာေတာ့ ၿဖိဳးေဇယ်ာေသာ္၊ ရန္ရန္ခ်မ္း၊ အနဂၢ၊ ဟိန္းေဇာ္တို႔နဲ႔ ဖြဲစည္းခဲ့တာျဖစ္ပါတယ္

အဖြဲ႕လိုက္ ဂီတအလုပ္ေတြ လုပ္ေဆာင္မႈက ေလ်ာ့နည္းသြားၾကေပမယ့္ ပရိသတ္ေတြကေတာ့ အခုခ်ိန္ထိ အားေပးေနၾကတာပဲ ျဖစ္ပါတယ္

ကိုေဇယ်ာေသာ္ကေတာ့ နိုင္ငံေရးအလုပ္ေတြ နဲ႔အတူတူ အခြင့္အေရးရရင္လည္း သီခ်င္းေတြ သီဆိုေနဆဲျဖစ္ပါတယ္

ဒါေပမယ့္ လက္ရွိ နိုင္ငံေရး အေျခအေနေတြအရ ကိုေဇယ်ာေသာ္ကို နိုဝင္ဘာလ ၁၈ ရက္ေန႔က သူရဲ့ ေနအိမ္မွာ ဖမ္းဆီးခံလိုက္ရတာျဖစ္ၿပီး အခုအခ်ိန္ထိကို မလြတ္ေျမာက္ေသးပါဘူး

ကိုေဇယ်ာေသာ္ ကို မိသားစုေတြကေရာ ခ်စ္ခင္သူေတြေရာ ပရိသတ္ေတြကပါ သတိရေနၾကတာျဖစ္ပါတယ္

ေမလ ၁၁ ရက္ေန႔က ကိုေဇယ်ာေသာ္နဲ႔ သူ႔ခ်စ္သူေကာင္မေလးရဲ့ ႏွစ္ပတ္လည္ေန႔ျဖစ္ၿပီး ေကာင္မေလးက ဘယ္လိုအခက္အခဲပဲ ၾကဳံရၾကဳံရ ကိုကို႔ကို အျမဲေစာင့္ေနမွာပါဆိုၿပီး ေရသားထားတာပဲ ျဖစ္ပါတယ္

သူတို႔စုံတြဲ ပုံေလးနဲ႔အတူ “No matter how hard it gets, I will wait for you koko 😘😘😘 #anniversarylovedate❤️ #May11 ” ဆိုၿပီး သူရဲ့ လူမႈကြန္ယက္ထက္မွာ မၽွေဝလာတာပဲ ျဖစ္ပါတယ္။ ခ်စ္ရသူတိုင္း အျမန္နီးစပ္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္၊ Credit

Photo & Source : Thazin Nyunt Aung’s FB Acc

တစ်ချိန်က လူငယ်တွေကြားမှာ နာမည်ကြီး ရေပန်းစားခဲ့တဲ့ Hip Hop အဖွဲ့ ဖြစ်တဲ့ Acid အဖွဲ့မှာတော့ ဖြိုးဇေယျာသော်၊ ရန်ရန်ချမ်း၊ အနဂ္ဂ၊ ဟိန်းဇော်တို့နဲ့ ဖွဲစည်းခဲ့တာဖြစ်ပါတယ်

အဖွဲ့လိုက် ဂီတအလုပ်တွေ လုပ်ဆောင်မှုက လျော့နည်းသွားကြပေမယ့် ပရိသတ်တွေကတော့ အခုချိန်ထိ အားပေးနေကြတာပဲ ဖြစ်ပါတယ်

ကိုဇေယျာသော်ကတော့ နိုင်ငံရေးအလုပ်တွေ နဲ့အတူတူ အခွင့်အရေးရရင်လည်း သီချင်းတွေ သီဆိုနေဆဲဖြစ်ပါတယ်

ဒါပေမယ့် လက်ရှိ နိုင်ငံရေး အခြေအနေတွေအရ ကိုဇေယျာသော်ကို နိုဝင်ဘာလ ၁၈ ရက်နေ့က သူရဲ့ နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အခုအချိန်ထိကို မလွတ်မြောက်သေးပါဘူး

ကိုဇေယျာသော် ကို မိသားစုတွေကရော ချစ်ခင်သူတွေရော ပရိသတ်တွေကပါ သတိရနေကြတာဖြစ်ပါတယ်

မေလ ၁၁ ရက်နေ့က ကိုဇေယျာသော်နဲ့ သူ့ချစ်သူကောင်မလေးရဲ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး ကောင်မလေးက ဘယ်လိုအခက်အခဲပဲ ကြုံရကြုံရ ကိုကို့ကို အမြဲစောင့်နေမှာပါဆိုပြီး ရေသားထားတာပဲ ဖြစ်ပါတယ်

သူတို့စုံတွဲ ပုံလေးနဲ့အတူ “No matter how hard it gets, I will wait for you koko 😘😘😘 #anniversarylovedate❤️ #May11 ” ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်မှာ မျှဝေလာတာပဲ ဖြစ်ပါတယ်။ ချစ်ရသူတိုင်း အမြန်နီးစပ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊ Credit

Photo & Source : Thazin Nyunt Aung’s FB Acc