News

ယာဉ်ထိန်းရဲကင်းထဲမှ စစ်သား ၂ ဦးကို

ရန်ကုန်အင်းလျားလမ်းနှင့်ပြည်လမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းထဲမှ စစ်သား ၂ ဦးကို PDF က အနီးကပ် ပစ်သတ်၊ သန်လျင်တွင် ဗုံးပေါက်ပြီး ရန်ကုန်တစ်မြို့လုံး စစ်တပ်က ယခုည ကင်းလှည့် လုံခြုံရေးတိုးချ

ရန်ကုန်၊ မေ ၁၃

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် အင်းလျားလမ်းနှင့်ပြည်လမ်းထောင့်ရှိ ယာဉ် ထိန်းရဲကင်းတွင် ကင်းစောင့်နေသော စစ်သား ၂ ဦးကို လူငယ် ၂ ဦးက ယနေ့ညနေ ၇ နာရီကျော်ဝန်းကျင် ပစ်သတ်သွားကြောင်း သိရှိရသည်။

“တစ်ဦးက ခေါင်းကိုထိပြီး ပွဲချင်းပြီး ဆုံးတယ်။ နောက်တစ်ဦးကတော့ ဆေးရုံရောက်တယ်။ ဒဏ်ရာပြင်းလို့ ဆုံးတယ်။ အတိုနဲ့ ပစ်သွားတာ။ ဖမ်းမိတာမရှိပါဘူး” ဟု တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုသည် နန်းထိုက်အောင် စစ်ဆင်ရေးဖြစ်ကြောင်း ရန်ကုန်တိုင်းPDF က သတင်းမီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပြောဆိုထားသည်။

ထို့ပြင် ရန်ကုန်တိုင်း သန်လျင်မြို့နယ် ဘုရားကြီးကုန်းနားတွင် ယခုည ၉ နာရီ ၄၀ မိနစ်အချိန် ဗုံးပေါက်သံနှစ်ချက်ကြားရကြောင်း၊ လက်ရှိတွင် ကမာရွတ်မြို့နယ်၊ တောင်ဒဂုံ၊ သန်လျင်၊ သာကေတ၊ ကျောက်တံတား၊ စမ်းချောင်း၊ ကြည့်မြင်တိုင် အလုံ၊

တာမွေမြို့နယ်များတွင် စစ်ကားများ ရဲကားများ လှည့်လည်နေပြီး လမ်းဆုံလမ်းခွများကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပစ်ခတ်မှုဖြစ်ပွားသော အင်းလျားလမ်းနှင့်ပြည်လမ်းထောင့် ယာဉ်ထိန်းရဲကင်း နေရာ(အနီဖြင့် ဝိုင်းပြထားသည်)

Photo- ထက်အောင်

ရန္ကုန္အင္းလ်ားလမ္းႏွင့္ျပည္လမ္းေထာင့္ရွိ ယာဥ္ထိန္းရဲကင္းထဲမွ စစ္သား ၂ ဦးကို PDF က အနီးကပ္ ပစ္သတ္၊ သန္လ်င္တြင္ ဗုံးေပါက္ၿပီး ရန္ကုန္တစ္ၿမိဳ႕လုံး စစ္တပ္က ယခုည ကင္းလွည့္ လုံၿခဳံေရးတိုးခ်

ရန္ကုန္၊ ေမ ၁၃

ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္ အင္းလ်ားလမ္းႏွင့္ျပည္လမ္းေထာင့္ရွိ ယာဥ္ ထိန္းရဲကင္းတြင္ ကင္းေစာင့္ေနေသာ စစ္သား ၂ ဦးကို လူငယ္ ၂ ဦးက ယေန႕ညေန ၇ နာရီေက်ာ္ဝန္းက်င္ ပစ္သတ္သြားေၾကာင္း သိရွိရသည္။

 

တစ္ဦးက ေခါင္းကိုထိၿပီး ပြဲခ်င္းၿပီး ဆုံးတယ္။ ေနာက္တစ္ဦးကေတာ့ ေဆး႐ုံေရာက္တယ္။ ဒဏ္ရာျပင္းလို႔ ဆုံးတယ္။ အတိုနဲ႕ ပစ္သြားတာ။ ဖမ္းမိတာမရွိပါဘူး ဟု တပ္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

အဆိုပါ ပစ္ခတ္သတ္ျဖတ္မႈသည္ နန္းထိုက္ေအာင္ စစ္ဆင္ေရးျဖစ္ေၾကာင္း ရန္ကုန္တိုင္းPDF က သတင္းမီဒီယာမ်ားမွတစ္ဆင့္ ထုတ္ျပန္ေျပာဆိုထားသည္။

ထို႔ျပင္ ရန္ကုန္တိုင္း သန္လ်င္ၿမိဳ႕နယ္ ဘုရားႀကီးကုန္းနားတြင္ ယခုည ၉ နာရီ ၄၀ မိနစ္အခ်ိန္ ဗုံးေပါက္သံႏွစ္ခ်က္ၾကားရေၾကာင္း၊ လက္ရွိတြင္ ကမာ႐ြတ္ၿမိဳ႕နယ္၊ ေတာင္ဒဂုံ၊ သန္လ်င္၊ သာေကတ၊ ေက်ာက္တံတား၊ စမ္းေခ်ာင္း၊ ၾကည့္ျမင္တိုင္ အလုံ၊

တာေမြၿမိဳ႕နယ္မ်ားတြင္ စစ္ကားမ်ား ရဲကားမ်ား လွည့္လည္ေနၿပီး လမ္းဆုံလမ္းခြမ်ားကို ပိတ္ဆို႔ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ပစ္ခတ္မႈျဖစ္ပြားေသာ အင္းလ်ားလမ္းႏွင့္ျပည္လမ္းေထာင့္ ယာဥ္ထိန္းရဲကင္း ေနရာ(အနီျဖင့္ ဝိုင္းျပထားသည္)

Photo- ထက္ေအာင္