Local News

စစ်ကောင်စီ၏ ဆွမ်းဆန်စိမ်းလောင်းပွဲကို ကြွရောက်မယ့်သံဃာအရေအတွက်မပြည်လို့ မဘသ နဲ့ ပျူစောထီးများကို စစ်ကောင်စီက ဒုလ္လဘဝတ်ခိုင်း

စစ်ကောင်စီ၏ ဆွမ်းဆန်စိမ်းလောင်းပွဲကို ကြွရောက်မယ့်သံဃာအရေအတွက်မပြည်လို့ မဘသ၊ ပျူစောထီးနဲ့ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ဒုလ္လဘဝတ်ခိုင်း

ဧရာဝတီတိုင်းမ်

မေလ ၁၃ ရက်

မန္တလေးမြို့မှာ အာဏာသိမ်း စစ်ကောင်စီက မေလ ၁၄ ရက်နေ့ (ကဆုန်လပြည့်နေ့)မှာ ပြုလုပ်မယ့် သံဃာ ၁ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကြွရောက်မယ့် သံဃာအရေအတွက်မပြည့်တာကြောင့် မဘသအဖွဲ့ဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကို ဒုလ္လဘဝတ်ခိုင်းပြီး ထည့်သွင်းကြွခိုင်းဖို့စီစဉ်နေတယ်လို့ မန္တလေးမြို့က သံဃာအသိုင်းအဝိုင်းထံက သိရပါတယ်။

မန္တလေးမြို့ပေါ်က မဘသ၊ ပျူစောထီးနဲ့ ယာဉ်ထိန်းရဲတွေကို မေလ ၁၂ ရက် မနေ့ကစလို့ ဘုန်းကြီးကျောင်းတချို့မှာ ဒုလ္လဘဝတ် သင်္ကန်းစီးပေးနေတာဖြစ်တယ်လို့ မန္တလေးသံဃာ့သမ္မဂက မိန့်ပါ

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စစ်ကောင်စီက သံဃာအပါးရေ ၁ သောင်း ပင့်ဖိတ်ထားတာဖြစ်ပြီး ကြွရောက်မယ့်သံဃာ မပြည့်မီတာကြောင့် အခုလို ဒုလ္လဘရဟန်းတွေ ဝတ်ခိုင်းပြီး ကြွခိုင်းဖို့ ပြုလုပ်နေတာလို့ သိရပါတယ်။

”စစ်ကောင်စီက ပင့်ထားတဲ့သံဃာတသောင်းကျော် မပြည့်တဲ့အတွက် ရဟန်းအတုအယောင်တွေ ဒုလ္လဘစီးပေးနေတယ်ဆိုတာ သိရတယ်။ ဦးဇင်းတို့ လိုက်ပြီးစုံစမ်းတော့ မဘသတွေ၊ ပျူစောထီးတွေ၊ ယာဉ်ထိန်းရဲတွေဖြစ်နေတယ်ဆိုတာ သိရတယ်။

သူတို့ဘက်ကအားသွန်ခွန်စိုက်လုပ်ထားတဲ့ ဒီအခမ်း အနားမှာ အရှက်တကွဲမဖြစ်အောင်လို့ ဒီလိုသူတို့လူတွေကို ဒုလ္လဘစီးပြီး ဆွမ်းဆန်စိမ်းဝင်ခံဖို့ပြင်ဆင်လာတာ”လို့ မန္တလေးသံဃာ့သမ္မဂဆရာတော်တပါးက ဧရာဝတီတိုင်းမ်ကို မိန့်ပါတယ်။

မန္တလေး သံဃာသမ္မဂအနေနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် သံဃာတစ်သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မပါဝင်ဘဲ သပိတ် မှောက်ကြဖို့ မန္တလေးသံဃာထုကို မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

မန္တလေးမြို့ဟာ ရဟန်းငယ်များ စာပေလေ့လာသင်ယူတဲ့စာသင်တိုက် အများအပြားတည်ရှိတဲ့မြို့ဖြစ်ပြီး သံဃာအရေအတွက် သိန်းနဲ့ချီရှိတဲ့ မြို့တမြို့လည်းဖြစ်ပါတယ်

စစ္ေကာင္စီ၏ ဆြမ္းဆန္စိမ္းေလာင္းပြဲကို ႂကြေရာက္မယ့္သံဃာအေရအတြက္မျပည္လို႔ မဘသ၊ ပ်ဴေစာထီးနဲ႕ရဲတပ္ဖြဲ႕ဝင္မ်ားကို စစ္ေကာင္စီက ဒုလႅဘဝတ္ခိုင္း

ဧရာဝတီတိုင္းမ္

ေမလ ၁၃ ရက္

မႏၱေလးၿမိဳ႕မွာ အာဏာသိမ္း စစ္ေကာင္စီက ေမလ ၁၄ ရက္ေန႕ (ကဆုန္လျပည့္ေန႕)မွာ ျပဳလုပ္မယ့္ သံဃာ ၁ဝဝဝဝ ဆြမ္းဆန္စိမ္းေလာင္းလႉပြဲကို ႂကြေရာက္မယ့္ သံဃာအေရအတြက္မျပည့္တာေၾကာင့္ မဘသအဖြဲ႕ဝင္ေတြ၊ စစ္တပ္ေထာက္ခံသူေတြနဲ႕ရဲတပ္ဖြဲ႕ဝင္ေတြကို ဒုလႅဘဝတ္ခိုင္းၿပီး ထည့္သြင္းႂကြခိုင္းဖို႔စီစဥ္ေနတယ္လို႔ မႏၱေလးၿမိဳ႕က သံဃာအသိုင္းအဝိုင္းထံက သိရပါတယ္။

မႏၱေလးၿမိဳ႕ေပၚက မဘသ၊ ပ်ဴေစာထီးနဲ႕ ယာဥ္ထိန္းရဲေတြကို ေမလ ၁၂ ရက္ မေန႕ကစလို႔ ဘုန္းႀကီးေက်ာင္းတခ်ိဳ႕မွာ ဒုလႅဘဝတ္ သကၤန္းစီးေပးေနတာျဖစ္တယ္လို႔ မႏၱေလးသံဃာ့သမၼဂက မိန႔္ပါတယ္။

အဆိုပါ ဆြမ္းဆန္စိမ္းေလာင္းလႉပြဲကို စစ္ေကာင္စီက သံဃာအပါးေရ ၁ ေသာင္း ပင့္ဖိတ္ထားတာျဖစ္ၿပီး ႂကြေရာက္မယ့္သံဃာ မျပည့္မီတာေၾကာင့္ အခုလို ဒုလႅဘရဟန္းေတြ ဝတ္ခိုင္းၿပီး ႂကြခိုင္းဖို႔ ျပဳလုပ္ေနတာလို႔ သိရပါတယ္။

စစ္ေကာင္စီက ပင့္ထားတဲ့သံဃာတေသာင္းေက်ာ္ မျပည့္တဲ့အတြက္ ရဟန္းအတုအေယာင္ေတြ ဒုလႅဘစီးေပးေနတယ္ဆိုတာ သိရတယ္။ ဦးဇင္းတို႔ လိုက္ၿပီးစုံစမ္းေတာ့ မဘသေတြ၊ ပ်ဴေစာထီးေတြ၊ ယာဥ္ထိန္းရဲေတြျဖစ္ေနတယ္ဆိုတာ သိရတယ္။

သူတို႔ဘက္ကအားသြန္ခြန္စိုက္လုပ္ထားတဲ့ ဒီအခမ္း အနားမွာ အရွက္တကြဲမျဖစ္ေအာင္လို႔ ဒီလိုသူတို႔လူေတြကို ဒုလႅဘစီးၿပီး ဆြမ္းဆန္စိမ္းဝင္ခံဖို႔ျပင္ဆင္လာတာလို႔ မႏၱေလးသံဃာ့သမၼဂဆရာေတာ္တပါးက ဧရာဝတီတိုင္းမ္ကို မိန႔္ပါတယ္။

မႏၱေလး သံဃာသမၼဂအေနနဲ႕ စစ္ေကာင္စီက ျပဳလုပ္မယ့္ သံဃာတစ္ေသာင္း ဆြမ္းဆန္စိမ္းေလာင္းလႉပြဲကို မပါဝင္ဘဲ သပိတ္ ေမွာက္ၾကဖို႔ မႏၱေလးသံဃာထုကို ေမတၱာရပ္ခံထားတယ္လို႔ သိရပါတယ္။

မႏၱေလးၿမိဳ႕ဟာ ရဟန္းငယ္မ်ား စာေပေလ့လာသင္ယူတဲ့စာသင္တိုက္ အမ်ားအျပားတည္ရွိတဲ့ၿမိဳ႕ျဖစ္ၿပီး သံဃာအေရအတြက္ သိန္းနဲ႕ခ်ီရွိတဲ့ ၿမိဳ႕တၿမိဳ႕လည္းျဖစ္ပါတယ္