News

ဘယ်လိုမှ မခံစားနိုင်တော့လို့ ရန်ကုန်က ဒီလူတွေရဲ့ လိပ်စာကို ရှာပြီး တင်ပေးလိုက်ပါပြီနော့်


တချို့တွေက ရန်ကုန်ထဲမှာနေတယ် အာဏာသိမ်းပြီးချိန်က လမ်းပေါ်ထွက်တာ မပါပေမယ့်















Crd- Yebaw Che

ရန်ကုန်ထဲ နေပြီးတော့ စော်ကားနေကြတာအဘတို့အတွက် ခံပြင်းလို့ လိပ်စာနဲ့တကွ အတိအကျကို ရှာပြီး တင်ပေးလိုက်ပြီနော့်အဘ

တချိ့ုတွေက ရန်ကုန်ထဲမှာနေတယ် အာဏာသိမ်းပြီးချိန်က လမ်းပေါ်ထွက်တာ မပါပေမယ့်

စစ်ကောင်စီနဲ့ ပတ်သက်လာရင် တောက်လျှောက် ကန့်ကွက်ခဲ့သလို နွေဦးတော်လှန်ရေးစတော့ တောက်လျှောက် ထောက်ခံခဲ့သူတွေ

အချိန်တိုင်း စာထုတ်ကန့်ကွက်ပြီး စစ်ကောင်စီကို တချိန်လုံး ဖိအားပေး နေကြတဲ့သူတွေ ရန်ကုန်ထဲ ရှိနေတယ်

အရင်လို စာထုတ်ကန့်ကွက် စိုးရိမ်တာမဟုတ်ပဲအခုဆို တရားဝင်အစိုးရတခုလို ဆက်ဆံနေပြီဒေါ်လာ သန်းရာကျော် ပံ့ပိုးမယ် ပြောထားသလို NUG ကိုလဲ တရားဝင်အစိုးရဖြစ်လာအောင် ပံ့ပိုးဖို့ဥပဒေထဲတောင် ထည့်ဆွဲထားတယ်

ဒါတွေအပြင်အခုဆို NUG အစိုးရဝန်ကြီးတွေကို အမေရိကန် အိမ်ဖြူတော်ထဲထိ ဖိတ်ခေါ်ပြီး အမေရိကန်- အာဆီယံ ထိပ်သီးခေါင်းဆောင်တွေနဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံဆွေးနွေးလို့ရအောင်အတွက် စီစဉ်ပေးနေတယ်

တော်လှန်ရေးနဲ့ပတ်သက်လာရင် မိဘမတွေ့ရင် မိသားစုလိုက်ဖ-မ်း သက်ကြီးရွယ်အိုနဲ့ ကလေးပါဖမ်းလူငယ်တွေ ဖမ်းမမိရင် မိဘတွေ ပြန်ပေး-ဆွဲဖမ်း PDF LDF မတွေ့ရင် မဆိုင်တဲ့ ရွာတွေကိုပါ မီး-ရှို့ဖျ-က်ဆီးရဲတဲ့ မလုပ်ရဲတာမရှိတဲ့ အဘတို့သတ္တိကို

ရန်ကုန်ထဲမှာ နေထိုင်ပြီး ဒါမျိုးစမ်းလာတာကိုတော့ အဘတို့ဖက်ကနေ ဘယ်လိုမှ မခံစားနိုင်တော့လို့ ဒီလူတွေရဲ့ လိပ်စာကို ရှာပြီး တင်ပေးလိုက်ပါပြီနော့်

ရန်ကုန် အမေရိကန်သံရုံး

အမှတ် ၁၁၀၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်

ရန်ကုန် မလေးရှားသံရုံး

အမှတ် ၈၂ ပြည်ထောင်စုရိပ်သာလမ်း ဒဂုံမြို့နယ်

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလဲ ပြည်ပကနေ အဘတို့နဲ့ပတ်သက်လာရင် မခန့်ပြောနေပြီး NUG NUCC တို့ကို တရားဝင် ဆက်ဆံရမယ်

မြန်မာပြည်သူတွေကို ထောက်ခံပါမယ် ပြောနေတာတွေ အဘတို့ကို စော်ကားနေတယ်လို့ ခံစားရပါတယ်ဗျာ့

ဒါကြောင့် ရန်ကုန်ထဲ နေထိုင်ပြီးတော့ အဘတို့ကိုဒီလိုမျိုး ကလန်ကဆန်လုပ်နေတာက ဘယ်လိုမှသည်းခံမနေသင့်ပါဘူး

အဘတို့ ဇ ကို ပြချိန်တန်ပြီမို့ ဒီသံရုံးတွေကို ေ-မာ င်းထုတ်ဖို့ ချိတ်ပိတ်ဖို့ လိုပြီလို့ အဘတို့ ကိုယ်စား ခံပြင်းလို့ တိုက်တွန်း လိုက်ပါတယ်

Crd- Yebaw Che


တချို့တွေက ရန်ကုန်ထဲမှာနေတယ် အာဏာသိမ်းပြီးချိန်က လမ်းပေါ်ထွက်တာ မပါပေမယ့်