ဟင်းချက်ရန်အတွက် ပလပ်ပေါက် ထိုးရာမှ အဆောင် ငှားနေတဲ့ ကောင်မလေးတစ်ဦး …
ဖြစ်စဉ်မှ ာနံနက် ၁ဝနာရီ ၂ဝမိနစ် အချိန် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု ၊အေးသုခကျေးရွာ ၊ကျောက်တောင်(၂)လမ်းရှိ ဦးမြင့်စိုး၏ေ နအိမ်လိုင်းခန်းအမှတ်(၁)တွ င်ငှားရမ်းနေထိုင်သော အမျိုးသမီးတစ်ဦး ဓာတ်လိုက် တေဆုံးသွားကြောင်း သတင်းအရ
သက်သေ မဲကနယ်ကျေးရွာအုပ်စု ရာအိမ်မှုး ဦးကျော်စိုးမိုး၊ အေးသုခကျေးရွာရ ာအိမ်မှုးဦးနေဝင်းတို့နှင့်အတူအခင်းဖြစ်နေရာသို့သွားရောက် စစ်ဆေးကြည့်ရှုရာ
တေဆုံးသူမှာ မမင်းမော်မော်ထွန်း ၂၁ နှစ်၊အေးသုခကျေးရွာ၊မဲကနယ်ကျေးရွာအုပ်စု၊ မြဝတီမြို့နယ် နေသူဖြစ်ကြောင်း သိရပြီး သေဆုံးမှုကို စတင်သိရှိသူလိုင်းခန်းတွင်ငှားရမ်းနေထိုင်သည့် မနှင်းအိဖြိုး (၂၀)နှစ်၊ မှီခို အေးသုခကျေးရွာနေသူကိုမေးမြန်းခဲ့ရာ
သေဆုံးသူမမင်းမော်မော်ထွန်းသည် ထမင်းချက်ပြီးသောကြောင့ ် ဟင်းဆက်လက်ချက်ပြုတ်ရန် မီးပလတ်ထိုးစဉ် ဓာတ်လိုက်သွားကြောင်း၊ဓာတ်လိုက်သဖြင့် မင်းမော်မော်ထွန်း အော်သံကြားသဖြင့်
၎င်းကသွားရောက်ကြည့်ရှုခဲ့ရာမင်းမော်မော်ထွန်း၏လက်ထဲတွင် လျပ်စစ်ဝါယာကြိုးကပ်နေသည်ကို တွေ့မြင်ရသောကြောင့် ပါတ်ဝန်းကျင်ကို အကူအညီတောင်းရာပါတ်ဝန်းကျင်က
လူများက မိန်းကိုချပြီးအဆောင်ပိုင်ရှင် ဦးမြင့်စိုးကားနှင့် မမင်းမော်မော်ထွန်းကိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိသောဒဏ်ရာနှင့် သေဆုံးသွားခဲ့သောကြောင့်ရဲဆေးစာပေးပို့ထားရှိကာ
ဆေးရုံတာဝန်ကျဆရာဝန်ကပီအာရ် အမှတ်ဝ၆ အရ လက်ခံကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးနိုင်ပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့ရာသက္ကန်းညီနောင် ရဲစခန်းကသေမှု သေခင်းရေးဖွင့်စစ်ဆေးနေကြောင်းသိရသည် Crd