Local News

NUG သံမဏိ အပျိုကြီးဒေါ်ဇင်မာအောင် ဝါရှင်တန် ကပြန်ရောက်ရောက်ချင်းရေးတဲ့စာလေးတပိုဒ်

နှစ်အတော်ကြာမှ ပြန်ရောက် တယ် …

တိုင်းပြည်က အရေးပေါ် နေတဲ့အချိန်ဆိုတော့ ခရီး စီစဉ်ရတာလည်း အရေးပေါ် အမြန် – urgent –

ရက်စက်ကြမ်းကြုပ်တဲ့ စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာပြည်သူတွေရဲ့ ပစ္စုပ္ပန် ၊ အနာဂါတ်တွေ ဟာ မလုံခြုံ မရေရာ တဲ့ အခြေအနေ ၊

ကျမ ခရီးစဉ် mission ဟာ လည်း အဲ့ဒီအခြေအနေတွေ ကြားကနေ ဖြစ်အောင် စီစဉ်ခဲ့ ရတာ ဆိုတော့ ဟိုး အရင့်အရင် ဝါရှင်တန် ကို လာရ သွားရတဲ့ အခြေအနေ အချိန်အခါ တုန်း က စိတ်ခံစားမှု နဲ့ မတူ ။

တူတာတခုက ကိုယ်အနှစ်သက်ဆုံး နေရာ ကို ရောက်အောင်သွားဖြစ်ခဲ့တာတော့တူ တယ် ။

တဖက်က – လကိသီး ဆုပ်ထား တယ်၊ တဖက်က လက်ဖြန့်ထား တယ် – ခြေထောက်အနေအထား အထားအသိုက အစ လင်ကွန်း ဖြတ်သန်းခဲ့ရတဲ့ အခြေအနေ ကို ထင်ဟတ်ထားတယ် လို့ဆိုတယ် ။

ဒီနေရာ ရောက်တိုင်း ဟိုးအရင်နှစ်များဆီကလည်း ကိုယ့်တိုင်းပြည်ကို ဘယ်လို အခြေခံတန်ဖိုးထားမှုတွေ၊

နှုန်းစံတွေနဲ့ တည်ဆောက်ရမလဲ တည်ဆောက်နိုင်မလဲ ဆိုတာ တစိမ့် စိမ့် တွေးလေ့ ခွန်အားဖြစ်လေ့ ရှိတယ် ။

ခုတခေါက်က တော့ နာကျင်နေတဲ့ စိတ်နဲ့ ရောက်ရတယ် နောက်ထပ်အိပ်မက်အသစ်ကို အစ ကနေ ပြန်စ နေရတဲ့ မျိုးဆက်သစ်တွေ

လူငယ်တွေ လူရွယ်တွေ အပါအဝင် အရွယ်(၃) ပါး ဘဝတွေ အကြောင်း စဉ်းစားရင်းနဲ့ ….

Zin Mar Aung









