News

NUGနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်၌ လူချင်းတွေ့ဆုံ

NUGႏွင့္ မေလးရွား နိုင္ငံျခားေရးဝန္ႀကီးတို႔ ဝါရွင္တန္၌ လူခ်င္းေတြ႕ဆုံ

▪️ျမန္မာျပည္သူမ်ားႏွင့္ အတူရပ္တည္ၿပီး ဆက္လက္ကူညီေထာက္ပံ့မည္ဟု မေလးရွားကတိျပဳ

လီလီယႏ္/People’s Spring

ျမန္မာျပည္သူမ်ားႏွင့္အတူ ခိုင္မာစြာရပ္တည္ၿပီး ကူညီေထာက္ပံ့မႈမ်ားဆက္လက္ေပးမည္ဟု မေလးရွားနိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က ကတိျပဳေျပာၾကားသည္။

ဝါရွင္တန္သို႔ ေရာက္ရွိေနေသာ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ႏွင့္ မေလးရွားနိုင္ငံျခားေရးဝန္ႀကီးတို႔ လူခ်င္းယေန႔ေတြ႕ဆုံခဲ့ၿပီး ျမန္မာျပည္ ၿငိမ္းခ်မ္းေရးႏွင့္ ဒီမိုကေရစီ ျပန္လည္ရရွိေရး ဆက္လက္လုပ္ေဆာင္ရန္ မေလးရွားက အသင့္ရွိေၾကာင္း ထည့္သြင္းေဆြးေႏြးသည္။

ေတြ႕ဆုံစဥ္ ျမန္မာနိုင္ငံ၏ ေနာက္ဆုံးအေျခအေနမ်ားအေပၚ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၿပီး ျမန္မာဒုကၡသည္မ်ားအတြက္ လူသားခ်င္းစာနာမႈအကူအညီ၊ နည္းပညာသင္တန္းႏွင့္ ပညာေရး အပါအဝင္ NUG ရင္ဆိုင္ေနရေသာ စိန္ေခၚမႈမ်ားကို ဝန္ႀကီးေဒၚဇင္မာေအာင္က မၽွေဝခဲ့ေၾကာင္း မေလးရွားနိုင္ငံျခားေရးဝန္ႀကီးက ၎၏ လူမႈကြန္ရက္၌ ေရးသားထားသည္။

NUG နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္သည္ အေမရိကန္-အာဆီယံထိပ္သီးညီလာခံက်င္းပေနခ်ိန္တြင္ ဝါရွင္တန္သို႔ ေရာက္ရွိေနျခင္းျဖစ္ၿပီး အေမရိကန္ နိုင္ငံျခားေရး ဒုတိယဝန္ႀကီး ဝင္ဒီရွားမန္း၊ သမၼတဂ်ိဳးဘိုင္ဒန္၏ လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီး၊ အာဆီယံဝန္ႀကီးအခ်ိဳ႕ႏွင့္ လူခ်င္းေတြ႕ဆုံေဆြးေႏြးခဲ့သည္။

မေလးရွားနိုင္ငံျခားေရးဝန္ႀကီးသည္ အာဆီယံအေနျဖင့္ NUG ၊ NUCCအပါအဝင္ ပါဝင္သင့္သူမ်ားႏွင့္ ထိေတြ႕ဆက္ဆံရန္ အဆိုျပဳထားသည္။

NUGႏွင့္ မေလးရွား နိုင္ငံျခားေရးဝန္ႀကီးတို႔ ဝါရွင္တန္၌ လူခ်င္းေတြ႕ဆုံ

▪️ျမန္မာျပည္သူမ်ားႏွင့္ အတူရပ္တည္ၿပီး ဆက္လက္ကူညီေထာက္ပံ့မည္ဟု မေလးရွားကတိျပဳ

လီလီယန္/People’s Spring

NUGနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်၌ လူချင်းတွေ့ဆုံ

▪️မြန်မာပြည်သူများနှင့် အတူရပ်တည်ပြီး ဆက်လက်ကူညီထောက်ပံ့မည်ဟု မလေးရှားကတိပြု

လီလီယန်/People’s Spring

မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပြီး ကူညီထောက်ပံ့မှုများဆက်လက်ပေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ကတိပြုပြောကြားသည်။

ဝါရှင်တန်သို့ ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ လူချင်းယနေ့တွေ့ဆုံခဲ့ပြီး မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆက်လက်လုပ်ဆောင်ရန် မလေးရှားက အသင့်ရှိကြောင်း ထည့်သွင်းဆွေးနွေးသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး မြန်မာဒုက္ခသည်များအတွက် လူသားချင်းစာနာမှုအကူအညီ၊ နည်းပညာသင်တန်းနှင့် ပညာရေး အပါအဝင် NUG ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဝန်ကြီးဒေါ်ဇင်မာအောင်က မျှဝေခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန်-အာဆီယံထိပ်သီးညီလာခံကျင်းပနေချိန်တွင် ဝါရှင်တန်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်း၊ သမ္မတဂျိုးဘိုင်ဒန်၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ အာဆီယံဝန်ကြီးအချို့နှင့် လူချင်းတွေ့ဆုံဆွေးနွေးခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံအနေဖြင့် NUG ၊ NUCCအပါအဝင် ပါဝင်သင့်သူများနှင့် ထိတွေ့ဆက်ဆံရန် အဆိုပြုထားသည်။

NUGနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်၌ လူချင်းတွေ့ဆုံ

▪️မြန်မာပြည်သူများနှင့် အတူရပ်တည်ပြီး ဆက်လက်ကူညီထောက်ပံ့မည်ဟု မလေးရှားကတိပြု

လီလီယန်/People’s Spring