News

စစ်တက္ကသိုလ်ဆင်းပြီး ၂ နှစ်အကြာ ဗိုလ်သော်ကောင်းစံ PDF၏ ဖမ်းဆီးမှုမှ လွတ်မြောက်ရန် ထွက်ပြေးစဉ်….

စစ်တက္ကသိုလ်ဆင်းပြီး ၂ နှစ်အကြာ ဗိုလ်သော်ကောင်းစံ PDF၏ ဖမ်းဆီးမှုမှ လွတ်မြောက်ရန် ထွက်ပြေးစဉ် ပြစ်ခတ်ခံရပြီး တေဆုံး

ရန်ကုန် ၊ မေ ၈

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ရှားစေဖိုးနှင့် ရေလျှံရွာအနီးတွင် မေလ ၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ ခြေလျင်တပ်ရင်း ၈၄ မှ ဗိုလ်သော်ကောင်းစံနှင့် တပ်ကြပ်ကြီး ၁ ဦးတို့မှာ

KNLA၊ PDFပူးပေါင်းတပ်နှင့် ထိပ်တိုက်တွေ့ဆုံစဉ် ဖမ်းဆီးခံခဲ့ရာမှ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်

မေလ ၇ ရက်နေ့ ညနေပိုင်း KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဗိုလ်သော်ကောင်းစံနှင့် တပ်ကြပ်ကြီးတစ်ဦး လိုက်ပါသော ကားကို ဖမ်းဆီးလိုက်ကြောင်း၊ သို့ရာတွင် ဗိုလ်သော်ကောင်းစံနှင့်

တပ်ကြပ်ကြီးက ကားပေါ်မှ ဆင်းပြေးသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက်အရှင် ဖမ်းဆီးမိခဲ့သော်လည်း လမ်းတွင် ထပ်မံထွက်ပြေး၍ ပစ်ခတ်ရာ သေဆုံးသွားကြာင်း သိရှိရသည်

သေဆုံးသွားသူ ဗိုလ်သော်ကောင်းစံ(ကြည်းရ၆‌၃၂၄) သည် ခလရ (၈၄)မှ ဖြစ်ပြီး ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှ ဖြစ်ကြောင်း၊ စစ်တက္ကသိုလ် အပတ်စဉ် – ၆၂ ကျောင်းဆင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းဆင်းခဲ့သူဖြစ်ကြောင်း သိရှိရသည်

အဲဒီတပ်က ရှားစေးဘိုစခန်းမှာ နားနေတာ။ ရှားစေးဘိုနဲ့ကျီတော်လမ်းမှာ ကျနော်တို့အဖွဲ့နဲ့ သူတို့ကား တည့်တည့်တိုးတာ။ သူတို့က ကျွန်တော်တို့အဖွဲ့ကိုတွေ့တော့ ကားပေါ်က ဆင်းပြေးတာ လိုက်ဖမ်းတာ အရှင်မိတယ်

လမ်းမှာထွက်ပြေးလို့ ရှင်းလင်းလိုက်တာ ဟု ထန်းတပင် PDF ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ မေလ ၈ ရက် နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို စစ်သားများက လာကောက်သွားခဲ့ကြောင်း သိရှိရသည်။ Crd- Khit Thit

Zawgyi

စစ္တကၠသိုလ္ဆင္းၿပီး ၂ ႏွစ္အၾကာ ဗိုလ္ေသာ္ေကာင္းစံ PDF၏ ဖမ္းဆီးမႈမွ လြတ္ေျမာက္ရန္ ထြက္ေျပးစဥ္ ျပစ္ခတ္ခံရၿပီး ေတဆုံး

ရန္ကုန္ ၊ ေမ ၈

ပဲခူးတိုင္း၊ ထန္းတပင္ၿမိဳ႕နယ္၊ ရွားေစဖိုးႏွင့္ ေရလၽွံရြာအနီးတြင္ ေမလ ၇ ရက္ေန႔ ညေနပိုင္းက စစ္ေကာင္စီ ေျခလ်င္တပ္ရင္း ၈၄ မွ ဗိုလ္ေသာ္ေကာင္းစံႏွင့္ တပ္ၾကပ္ႀကီး ၁ ဦးတို႔မွာ

KNLA၊ PDFပူးေပါင္းတပ္ႏွင့္ ထိပ္တိုက္ေတြ႕ဆုံစဥ္ ဖမ္းဆီးခံခဲ့ရာမွ ထြက္ေျပးသျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္

ေမလ ၇ ရက္ေန႔ ညေနပိုင္း KNLA ႏွင့္ PDF ပူးေပါင္းတပ္ဖြဲ႕က ဗိုလ္ေသာ္ေကာင္းစံႏွင့္ တပ္ၾကပ္ႀကီးတစ္ဦး လိုက္ပါေသာ ကားကို ဖမ္းဆီးလိုက္ေၾကာင္း၊ သို႔ရာတြင္ ဗိုလ္ေသာ္ေကာင္းစံႏွင့္

တပ္ၾကပ္ႀကီးက ကားေပၚမွ ဆင္းေျပးသည့္အတြက္ လိုက္လံဖမ္းဆီးခဲ့ေၾကာင္း၊ ထို႔ေနာက္အရွင္ ဖမ္းဆီးမိခဲ့ေသာ္လည္း လမ္းတြင္ ထပ္မံထြက္ေျပး၍ ပစ္ခတ္ရာ ေသဆုံးသြားၾကာင္း သိရွိရသည္

ေသဆုံးသြားသူ ဗိုလ္ေသာ္ေကာင္းစံ(ၾကည္းရ၆‌၃၂၄) သည္ ခလရ (၈၄)မွ ျဖစ္ၿပီး ဧရာဝတီတိုင္း၊ ဘိုကေလးၿမိဳ႕မွ ျဖစ္ေၾကာင္း၊ စစ္တကၠသိုလ္ အပတ္စဥ္ – ၆၂ ေက်ာင္းဆင္းျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလတြင္ ေက်ာင္းဆင္းခဲ့သူျဖစ္ေၾကာင္း သိရွိရသည္

အဲဒီတပ္က ရွားေစးဘိုစခန္းမွာ နားေနတာ။ ရွားေစးဘိုနဲ႔က်ီေတာ္လမ္းမွာ က်ေနာ္တို႔အဖြဲ႕နဲ႔ သူတို႔ကား တည့္တည့္တိုးတာ။ သူတို႔က ကၽြန္ေတာ္တို႔အဖြဲ႕ကိုေတြ႕ေတာ့ ကားေပၚက ဆင္းေျပးတာ လိုက္ဖမ္းတာ အရွင္မိတယ္

လမ္းမွာထြက္ေျပးလို႔ ရွင္းလင္းလိုက္တာ ဟု ထန္းတပင္ PDF ၁ ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။ ေမလ ၈ ရက္ နံနက္ပိုင္းတြင္ အဆိုပါ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂ ဦးကို စစ္သားမ်ားက လာေကာက္သြားခဲ့ေၾကာင္း သိရွိရသည္။ Crd- Khit Thit