News

ပိုက်ဆံကိစ္စပြောကြရင်းယောက္ခမနှင့်သမက်ဖြစ်သူနှစ်ဦးစကားများရာမှယောက္ခမကိုSee more

မိတ္ထီလာမြို့နယ်၊ မွေရွာမှာယောက္ခမနဲ့သမက် စကားများရာကနေ သမက်က တုတ်နဲ့ ရိုက်လိုက်ရာ ယောက္ခမဖြစ်သူ သေဆုံးသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

မိတ္ထီလာမြို့နယ် မွေရွာနေ အသက် ၆၀ နှစ်ရှိ ဒေါ်ညွန့်ရီဟာ ရွာရဲ့အရှေ့မြောက်ဘက် ၃ ဖာလုံအကွာက လယ်တောထဲမှာနေတဲ့ သမက်ဖြစ်သူ အသက် ၃၄ နှစ်ရှိ ရဲထွန်းသန့်နဲ့

သမီးဖြစ်သူ မမိုးဆွေ(ခ)မသန်းသန်းဆင့်တို့ဆီ သွားပြီးစကားများကြရာက ရဲထွန်းသန့်က အရှည် ၂ ပေ ၈ လက်မ လုံးပတ် ၄ လက်မရှိတဲ့ ဝါးဆစ်ပိတ်တုတ်နဲ့ ဦးေ-ခါင်းကို ရို-က်လိုက်လို့ မိတ္ထီလာဆေးရုံမှာ ဆေးကုသရင်း ေ-သဆုံ-းသွားခဲ့ပါတယ်။

မိတ္ထီလာမြို့မရဲစခန်းစခန်မှူး ဒုရဲမှူးကျော်ထင်က “ရဲထွန်းသန့်နဲ့ ဒေါ်ညွန့်ရီတို့ ယာထွက်သီးနှံနဲ့ နေအိမ်တို့ရဲ့ ငွေကြေးအရှုပ်အရှင်း စကားများရာက ရဲထွန်းသန့်က ဒေါ်ညွန့်ရီကို ရိုက်လိုက်တာပါ။ မိတ္ထီလာဆေးရုံမှာ ဆေးကုနေတုန်း သေဆုံးသွားတယ်” လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက ရဲထွန်းသန့်ကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။crd
