Local News

၁၄/အင်းလျား အိမ်နဲ့ခြံ အစုရှယ်ယာ ၃၀၀ အထိ ဝယ်ယူတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦး ပေါ်လာ

၁၄/အင်းလျား အိမ်နဲ့ခြံ အစုရှယ်ယာ ၃၀၀ အထိ ဝယ်ယူတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦး ပေါ်လာ

မင်းအောင်လှိုင် မတရားသိမ်းထားတဲ့ ၁၄/အင်းလျားအိမ်နဲ့ခြံလေလံပွဲမှာ အစုရှယ်ယာ ၃၀၀ (အမေရိကန်ဒေါ်လာ သုံးသောင်း) အထိ ဝယ်ယူတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦး ပေါ်ထွက်လာခဲ့ပြီလို့ သိရပါတယ်။

အစုရှယ်ယာ ၃၀၀ ဝယ်ယူသူဟာ စင်ကာပူနိုင်ငံက ဖြစ်တယ်လို့ လေလံအစီအစဉ်ဆောင်ရွက်နေတဲ့( The End of Dictatorship- EOD) က မနေ့ညက ထုတ်ပြန်ပါတယ်။

၁၄/အင်းလျား အစုရှယ်ယာကို PDF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ဖြစ်တဲ့ မေ ၅ ရက်မှာ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး အရောင်းစတင်တဲ့ရက်မှာ အစုရှယ်ယာ၂၀၀၊ ၁၅၀ နဲ့ ၁၀၀ ဝယ်ယူခဲ့သူတွေ ရှိခဲ့ပါတယ်။

၁၄/အင်းလျားအိမ်နဲ့ခြံ ရောင်းချမှု ၅ ရက်မြောက်မှာ အမေရိကန်ဒေါ်လာ ၃ သန်းဖိုး ဝယ်ယူပြီးပြီလို့ သိရပါတယ်။

အစုရှယ်ယာ ဝယ်ယူကြသူတွေဟာ မင်းအောင်လှိုင်ကိုတိုက်ရိုက်ထိတယ်လို့ ယူဆတာကြောင့် ဝယ်ယူသူတွေ ရှိသလို အာဏာရှင်စနစ်ကို မကြိုက်လို့၊ တော်လှန်ရေးကာလကို မကြာရှည်စေချင်တာကြောင့်နဲ့ ၁၄/အင်းလျားဝယ်ယူမှုဟာ ရင်းနှီးမြှုပ်နှံမှု တစ်ခုလို ဖြစ်နေတာရယ်ကြောင့်လို့ ဆိုကြကြောင်း EOD က ထုတ်ပြန်ပါတယ်။

အစောင်ရေ မများလှပေမဲ့ ပြည်တွင်းကနေ လှမ်းဝယ်တဲ့ အငြိမ်းစား ဝန်ထမ်းတဦးက ‘အစ်မ လှူဖို့စုထားတာလေးနဲ့ ဝယ်တာ၊ ၁၄ /အင်းလျားကို ပြန်ရောင်းတဲ့တစ်နေ့ စစ်ကိုင်းက မီးရှို့ခံရတဲ့ရွာတွေ ပြန်လည်ထူထောင်ဖို့ အကုန်လှူမယ်’ လို့ ပြောပါတယ်။

အမိမြေကနေ အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ် ပျောက်ကွယ်သွားဖို့ အာဏာရှင် စစ်အုပ်စုက မတရားသဖြင့် ရယူ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူအားပေးခြင်းနဲ့ တော်လှန်ရေးကို တစ်တပ်တအား ပါဝင်ကြပါလို့ EOD က တိုက်တွန်းထားပါတယ်။DNA

၁၄/အင္းလ်ား အိမ္နဲ႕ၿခံ အစုရွယ္ယာ ၃၀၀ အထိ ဝယ္ယူတဲ့ ရင္းႏွီးျမႇုပ္ႏွံသူတစ္ဦး ေပၚလာ

မင္းေအာင္လွိုင္ မတရားသိမ္းထားတဲ့ ၁၄/အင္းလ်ားအိမ္နဲ႕ၿခံေလလံပြဲမွာ အစုရွယ္ယာ ၃၀၀ (အေမရိကန္ေဒၚလာ သုံးေသာင္း) အထိ ဝယ္ယူတဲ့ ရင္းႏွီးျမႇုပ္ႏွံသူတစ္ဦး ေပၚထြက္လာခဲ့ၿပီလို႔ သိရပါတယ္။

အစုရွယ္ယာ ၃၀၀ ဝယ္ယူသူဟာ စင္ကာပူနိုင္ငံက ျဖစ္တယ္လို႔ ေလလံအစီအစဥ္ေဆာင္႐ြက္ေနတဲ့( The End of Dictatorship- EOD) က မေန႕ညက ထုတ္ျပန္ပါတယ္။

၁၄/အင္းလ်ား အစုရွယ္ယာကို PDF ဖြဲ႕စည္းျခင္း တစ္ႏွစ္ျပည့္ျဖစ္တဲ့ ေမ ၅ ရက္မွာ စတင္ေရာင္းခ်ခဲ့ျခင္းျဖစ္ၿပီး အေရာင္းစတင္တဲ့ရက္မွာ အစုရွယ္ယာ၂၀၀၊ ၁၅၀ နဲ႕ ၁၀၀ ဝယ္ယူခဲ့သူေတြ ရွိခဲ့ပါတယ္။

၁၄/အင္းလ်ားအိမ္နဲ႕ၿခံ ေရာင္းခ်မႈ ၅ ရက္ေျမာက္မွာ အေမရိကန္ေဒၚလာ ၃ သန္းဖိုး ဝယ္ယူၿပီးၿပီလို႔ သိရပါတယ္။

အစုရွယ္ယာ ဝယ္ယူၾကသူေတြဟာ မင္းေအာင္လွိုင္ကိုတိုက္ရိုက္ထိတယ္လို႔ ယူဆတာေၾကာင့္ ဝယ္ယူသူေတြ ရွိသလို အာဏာရွင္စနစ္ကို မႀကိဳက္လို႔၊ ေတာ္လွန္ေရးကာလကို မၾကာရွည္ေစခ်င္တာေၾကာင့္နဲ႕ ၁၄/အင္းလ်ားဝယ္ယူမႈဟာ ရင္းႏွီးျမႇုပ္ႏွံမႈ တစ္ခုလို ျဖစ္ေနတာရယ္ေၾကာင့္လို႔ ဆိုၾကေၾကာင္း EOD က ထုတ္ျပန္ပါတယ္။

အေစာင္ေရ မမ်ားလွေပမဲ့ ျပည္တြင္းကေန လွမ္းဝယ္တဲ့ အၿငိမ္းစား ဝန္ထမ္းတဦးက အစ္မ လႉဖို႔စုထားတာေလးနဲ႕ ဝယ္တာ၊ ၁၄ /အင္းလ်ားကို ျပန္ေရာင္းတဲ့တစ္ေန႕ စစ္ကိုင္းက မီးရွို႔ခံရတဲ့႐ြာေတြ ျပန္လည္ထူေထာင္ဖို႔ အကုန္လႉမယ္ လို႔ ေျပာပါတယ္။

အမိေျမကေန အာဏာရွင္စနစ္ အၿပီးတိုင္ အဆုံးသတ္ ေပ်ာက္ကြယ္သြားဖို႔ အာဏာရွင္ စစ္အုပ္စုက မတရားသျဖင့္ ရယူ ပိုင္ဆိုင္ထားတဲ့ ပိုင္ဆိုင္မႈေတြကို ဝယ္ယူအားေပးျခင္းနဲ႕ ေတာ္လွန္ေရးကို တစ္တပ္တအား ပါဝင္ၾကပါလို႔ EOD က တိုက္တြန္းထားပါတယ္။DNA