News







ထို့ပြင် စစ်ခေါင်းဆောင်များဖက်က အချက် ငါးချက်ကို အချိန်မီ ပြီးပြည့်စုံအောင် အကောင်အထည် ဖေါ်ပေးရန်၊ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံခြားသားများ ပြန်လွှတ်ပေးရန် တောင်းဆိုထားပြန်ပြီး အမေရိကန် နှင့် အာဆီယံ ဖက် မှလည်း အတူ ပူးပေါင်း၍ နှစ်ဆတိုး ကြိုးပမ်းသွားမည်ဟု ထည့်သွင်း ဖေါ်ပြထားသည်။


အာဆီယံ မူများနှင့် မညီဆိုကာ ဝဏ္ဏမောင်လွင်က ပယ်ချကြောင်းနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်များ နှင့် အမေရိကန် အရာရှိများ တွေ့ဆုံခဲ့မှုသည် အကြမ်းဖက်မှုကို အားပေးခြင်းဖြစ်၍ ကန့်ကွက်သည်ဟု ဆိုသည်။

ထူးထူးခြားခြား မပါသော်လည်း ဝူးဝူးဝါးဝါး ဖြစ်နေတဲ့ စစ်ကောင်စီ

နှစ်ရက်ကြာ ကျင်းပခဲ့သည့် အာဆီယံ- အမေရိကန် ထိပ်သီး ဆွေးနွေးပွဲက ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

အစည်းအဝေး အပြီး ထုတ်ပြန် သော ပူးတွဲကြေညာချက်တွင် မြန်မာ အကျပ်အတည်းအား အထူးတလည် ထည့်သွင်းဖေါ်ပြလာခဲ့သည်။

ထိုအထဲတွင် ကုလ အတွင်းရေးမှုး ချုပ်၏ အထူး သံတမန် နှင့် အာဆီယံ အထူး သံတမန်တို့ ငြိမ်းချမ်းရေး အတွက် အထူး ကြိုးပမ်းကြရန် နှင့် ကုလ အထူး သံတမန်ကိုလည်း ပြည်ဝင်ခွင့်ပေးရန် တောင်းဆိုထားသည်။

စီးပွားရေး၊ လုံခြုံရေး၊ အများပြည်သူ ကျန်းမာရေး၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စရပ်တွေအတွက် အာဆီယံ ဒေသတွင်းနိုင်ငံတွေမှာ အမေရိကန် ဒေါ်လာ သန်း ၁၅၀ သုံးစွဲသွားမယ်လို့လည်း သမ္မတ ဘိုင်ဒန်က ကတိပြုခဲ့ပါတယ်။

ထို့ပြင် စစ်ခေါင်းဆောင်များဖက်က အချက် ငါးခ်က္ကို အချိန်မီ ပြီးပြည့်စုံအောင် အကောင်အထည် ဖေါ်ပေးရန်၊ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံခြားသားများ ပြန်လွှတ်ပေးရန် တောင်းဆိုထားပြန်ပြီး အမေရိကန် နှင့် အာဆီယံ ဖက် မှလည်း အတူ ပူးပေါင်း၍ နှစ်ဆတိုး ကြိုးပမ်းသွားမည်ဟု ထည့်သွင်း ဖေါ်ပြထားသည်။

ထိုသို့ သော အကြောင်းများ ပါရှိသည့် ကြေညာချက်ပါ အပိုဒ် (၂၆) တွင် မြန်မာ အကြောင်း အထူးပြုပါရှိလာသည်မှာ ကြေညာချက်တွင် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအား နာမည်တပ် မပြောကြေး ဆိုသည့်

အာဆီယံ မူများနှင့် မညီဆိုကာ ဝဏ္ဏမောင်လွင်က ပယ်ချကြောင်းနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ္စားလွယ္မ်ား နှင့် အမေရိကန် အရာရွိမ်ား တွေ့ဆုံခဲ့မှုသည် အကြမ်းဖက်မှုကို အားပေးခြင်းဖြစ်၍ ကန့်ကွက်သည်ဟု ဆိုသည်။