News

US နဲ့ မလေးရှားကတော့ နိုင်မြင်းကို ရွေးလောင်းပြီ ပွဲမြန်မြန်ပြီးဖို့ လောင်းကြေးများများထည့်ပေးဖို့တော့ လိုတယ်

အေမရိကန္ႏွင့္ NUG တို႔ေတြ႕ဆုံမႈႏွင့္ အေမရိကန္-အာဆီယံအစည္းအေဝး၏ထုတ္ျပန္ခ်က္အေပၚ စစ္ေကာင္စီ အျပင္းအထန္ကန႔္ကြက္

ထက္ေခါင္လင္း၊ ဧရာဝတီတိုင္းမ္၊ ေမ ၁၅၊ ၂ဝ၂၂

အမ်ိဳးသားညီညြတ္ေရးအစိုးရ- NUG ၏ နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ႏွင့္ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာနတို႔ ေတြ႕ဆုံ၍ ျမန္မာ့အေရးေဆြးေႏြးခဲ့မႈမ်ားအေပၚ အျပင္းအထန္ကန္႔ကြက္ေၾကာင္း စစ္ေကာင္စီနိုင္ငံျခားေရးဌာနက ယမန္ေန႔ ေမလ ၁၄ ရက္စြဲျဖင့္ ထုတ္ ျပန္သည္။

ထို႔အျပင္ အေမရိကန္နိုင္ငံ၊ဝါရွင္တန္တြင္ က်င္းပခဲ့သည့္ အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးမွ ထုတ္ျပန္ခဲ့သည့္အခ်က္မ်ားတြင္ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ထက္ ေက်ာ္လြန္ေသာေတာင္းဆိုမႈမ်ားပါဝင္ေန သည္ဟုဆိုကာ အျပင္းအထန္ကန႔္ကြက္ေၾကာင္း ေဖာ္ ျပသည္။

အေမရိကန္-အာဆီယံ အစည္းအေဝးထုတ္ျပန္ခ်က္မွ ျမန္မာနိုင္ငံကို အထူးျပဳထားေသာ အခ်က္တြင္ အၾကမ္း ဖက္မႈမ်ားကို ခ်က္ခ်င္းရပ္တန႔္ရန္၊ စစ္ေကာင္စီဘက္မွ ဖမ္းဆီးထားသည့္ မည္သည့္နိုင္ငံေရး အက်ဥ္းသားမဆို လႊတ္ေပးရန္

ျမန္မာျပည္သူမ်ား အေရးတႀကီးလိုအပ္ေနေသာ လူသားခ်င္းဆိုင္ရာ အကူအညီမ်ားကို ထိေရာက္စြာ ေပးအပ္နိုင္ရန္၊ ျမန္မာျပည္ၿငိမ္းခ်မ္းေရးကို ႏွစ္ဆ တိုးကာ အာဆီယံသံတမန္၊ ကုလသမဂၢသံတမန္တို႔၏ ႀကိဳးပမ္းမႈကို အေလးထားကာ ပူးေပါင္းေဆာင္ရြက္ရန္စသည့္အခ်က္မ်ားကို သေဘာတူခဲ့ၾကသည္။

အေမရိကန္-အာဆီယံအစည္းအေဝးမွ အဆိုပါထုတ္ျပန္ခ်က္စာပိုဒ္သည္ နိုင္ငံတနိုင္ငံအထူးျပဳလိုက္နာရန္ေဖာ္ျပထားၿပီး အသုံးအႏႈန္းမ်ားသည္ နိုင္ငံတနိုင္ငံ၏ အခ်ဳပ္ အျခာႏွင့္ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္းသမာသမတ္က်သည့္ ခ်ဥ္းကပ္မႈမရွိျခင္းဟုဆိုကာ စစ္ေကာင္စီက ကန္႔ကြက္ခဲ့ျခင္းျဖစ္သည္။

အခု ျပည္သူေတြအေပၚ ဘယ္သူေတြက အၾကမ္း ဖက္ေနလဲဆိုတာ ဒီေလာက္ ထင္ထင္ရွားရွား ျမင္ေတြ႕ ၾကား သိေနရတဲ့ၾကားမွာ မ်က္ႏွာေျပာင္တိုက္ၿပီးေတာ့ PDF ေတြနဲ႔ NUG တို႔ကို သူတို႔က အၾကမ္းဖက္အဖြဲ႕လို႔ ေျပာေန၊ ဝါဒျဖန႔္ေနေသးတယ္။

သူတို႔ဘယ္ေလာက္ေျပာေျပာ ျပည္သူေရာ၊ နိုင္ငံတကာကပါ လက္ခံ၊ မခံက အသိသာႀကီးပဲ။ အာဏာသိမ္းစစ္တပ္ဟာ တကယ့္ကို ရွက္တတ္မယ္ဆိုရင္ သူတို႔က်ဴးလြန္ထားတာေတြအေပၚ သက္သာေစမယ့္ လမ္းေၾကာင္းကို ေလၽွာက္လွမ္းသင့္ေနၿပီ ဟု ရန္ကုန္ၿမိဳ႕ခံတဦးက သုံးသပ္သည္။

ဓာတ္ပုံ – စစ္အာဏာသိမ္းမႈအားအေျဖရွာရန္ ၂၀၂၁ ခုႏွစ္ ဧၿပီလက စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ကို အာဆီယံကေခၚယူေဆြးေႏြးစဥ္ Crd- Ayeyarwaddy Times

အမေရိကန်နှင့် NUG တို့တွေ့ဆုံမှုနှင့် အမေရိကန်-အာဆီယံအစည်းအဝေး၏ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီ အပြင်းအထန်ကန့်ကွက်

ထက်ခေါင်လင်း၊ ဧရာဝတီတိုင်းမ်၊ မေ ၁၅၊ ၂ဝ၂၂

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေးခဲ့မှုများအပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဌာနက ယမန်နေ့ မေလ ၁၄ ရက်စွဲဖြင့် ထုတ် ပြန်သည်။

ထို့အပြင် အမေရိကန်နိုင်ငံ၊ဝါရှင်တန်တွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှ ထုတ်ပြန်ခဲ့သည့်အချက်များတွင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ထက် ကျော်လွန်သောတောင်းဆိုမှုများပါဝင်နေ သည်ဟုဆိုကာ အပြင်းအထန်ကန့်ကွက်ကြောင်း ဖော် ပြသည်။

အမေရိကန်-အာဆီယံ အစည်းအဝေးထုတ်ပြန်ချက်မှ မြန်မာနိုင်ငံကို အထူးပြုထားသော အချက်တွင် အကြမ်း ဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ စစ်ကောင်စီဘက်မှ ဖမ်းဆီးထားသည့် မည်သည့်နိုင်ငံရေး အကျဉ်းသားမဆို လွှတ်ပေးရန်

မြန်မာပြည်သူများ အရေးတကြီးလိုအပ်နေသော လူသားချင်းဆိုင်ရာ အကူအညီမ်ားကို ထိရောက်စွာ ပေးအပ်နိုင်ရန်၊ မြန်မာပြည်ငြိမ်းချမ်းရေးကို နှစ်ဆ တိုးကာ အာဆီယံသံတမန်၊ ကုလသမဂ္ဂသံတမန်တို့၏ ကြိုးပမ်းမှုကို အေလးထားကာ ပူးပေါင်းဆောင်ရွက်ရန်စသည့်အချက်များကို သဘောတူခဲ့ကြသည်။

အမေရိကန်-အာဆီယံအစည်းအဝေးမှ အဆိုပါထုတ်ပြန်ချက်စာပိုဒ်သည် နိုင်ငံတနိုင်ငံအထူးပြုလိုက်နာရန်ဖော်ပြထားပြီး အသုံးအနှုန်းများသည် နိုင်ငံတနိုင်ငံ၏ အချုပ် အခြာနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းသမာသမတ်ကျသည့် ချဉ်းကပ်မှုမရှိခြင်းဟုဆိုကာ စစ်ကောင်စီက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အခု ပြည်သူတွေအပေါ် ဘယ်သူတွေက အကြမ်း ဖက်နေလဲဆိုတာ ဒီလောက် ထင်ထင်ရှားရှား မြင်တွေ့ ကြား သိနေရတဲ့ကြားမှာ မျက်နှာပြောင်တိုက်ပြီးတော့ PDF တွေနဲ့ NUG တို့ကို သူတို့က အကြမ်းဖက်အဖွဲ့လို့ ပြောနေ၊ ဝါဒဖြန့်နေသေးတယ်။

သူတို့ဘယ်လောက်ပြောပြော ပြည်သူရော၊ နိုင်ငံတကာကပါ လက်ခံ၊ မခံက အသိသာကြီးပဲ။ အာဏာသိမ်းစစ်တပ်ဟာ တကယ့်ကို ရှက်တတ်မယ်ဆိုရင် သူတို့ကျူးလွန်ထားတာတွေအပေါ် သက်သာစေမယ့် လမ်းကြောင်းကို လျှောက်လှမ်းသင့်နေပြီ ဟု ရန်ကုန်မြို့ခံတဦးက သုံးသပ်သည်။

ဓာတ္ပုံ စစ်အာဏာသိမ်းမှုအားအဖြေရှာရန် ၂၀၂၁ ခုနှစ် ဧပြီလက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံကခေါ်ယူဆွေးနွေးစဉ် Crd- Ayeyarwaddy Times