News
ယာဘီအုပ်ကြီး တစ်ယောက် လက်ဖက်ရည် သောက်ပြီး အပြန် အဒွမ်ခံရ
MFP ၊ မေ – ၁၅
မန္တလေးက ရာအိမ်မှူးတစ်ယောက် လက်ဖက်ရည် သောက်ပြီး အပြန် အဒွမ်ခံရ
MFP ၊ မေ – ၁၅
မန္တလေးမြို့က ရာအိမ်မှူး ယာယီအုပ်ချုပ်ရေးမှူး တစ်ယောက်ဟာ ဒီမနက်ပိုင်း ၉ နာရီအချိန်လောက်မှာ လက်ဖက်ရည်သောက်ပြီးအပြန် ဒွမ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၃၅) လမ်း၊ (၈၇)လမ်းနဲ့ (၈၈) လမ်းအနီးမှာ လက်ဖက်ရည်ဆိုင်က စက်ဘီးနဲ့ ပြန်လာတဲ့ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်
အကွက်အမှတ်(၂၈၇) ရာအိမ်မှူး(ယာယီရပ်ကွက်အုပ်ချုပ်ရေးမှုး) အသက် (၆၂)နှစ်အရွယ် ဦးကြည်လင်းကို သုံးချက်နဲ့ အပစ်ခံရတာဖြစ်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ရွှေပင်လယ် ကြွေပြားဆိုင်နားလို့ ကြားတယ်၊ ဒလန်ကို ဒွမ်သွားတာလို့ ပြောတာပဲ၊ တေသွားပြီကြားတယ် လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်
မည်သည့်အဖွဲ့အစည်းက ဒွမ်သွားတယ်ဆိုတာကို မသိရသေးဘဲ အသေးစိတ်သိရှိနိုင်ဖို့ MFP အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။ ဓာတ်ပုံ၊ CJ