News

ရေစကြိုဗီဒီယိုမှပြောသော ပြည်သူ့စစ်တပ်

ရေစကြိုဗီဒီယိုမှပြောသော ပြည်သူ့စစ်တပ်

မနေ့က မကွေးတိုင်း ရေစကြိုနားမှာ မီးရှို့ပြီးပြန်လာတဲ့ မအလတပ်ကို BGF (မြင်းခြံ)က ဖြတ်တိုက်တဲ့ ဗီဒီယိုလေး ကြည့်လိုက်ရပါတယ်။ ရေစကြိုထဲမှာက ၂၅၈ တပ်ရင်းရှိပါတယ်။ အောက်က ပခုက္ကူမှာလဲ တပ်မထိုင်ထားတာပါ။ ထိုမီးရှို့ပြီးပြန်လာတဲ့အဖွဲ့ကိုတိုက်ရာမှာ ထိုအဖွဲ့ရဲ့ တက်ကြွတဲ့စိတ်ဓာတ်နဲ့ မအလတပ်တွေရဲ့ လက်နက်ခြင်းယှဉ်မချနိုင်ဘဲနဲ့ ထွက်ပြေးတာကို တွေ့လိုက်ရပါတယ်။

ဗီဒီယိုထဲမှာ နိုင်ငံခြားကပညာရှင်တွေအထင်ကြီးတဲ့ အရှေ့တောင်အာရှမှာ အင်အားကြီးတဲ့တပ်ကို ခံချနေတာက မီဒီယာတွေမှာ HD နဲ့ကြော်ငြာဝင်တဲ့ NGO များ၊ မီဒီယာများကထောက်ခံတဲ့တပ်မဟုတ်ဘဲ သာမန်အညာသားတွေရဲ့ တပ်လေးပါ။ သူတို့က လက်နက်နဲ့ မအလကိုတိုက်ရလို့ပျော်နေပုံရပြီး အချို့ဆို ပုဆိုးသာဝတ်ထားတာပါ။ ဟိုတပ်၊ ဒီတပ်တွေလို သတင်းမီဒီယာမှာ ယူနီဖောင်းနဲ့မဟုတ်ပါ။

သူတို့က NUG ကိုဖောင်းမထု၊ ဒေါ်စုကို ဖောင်းမထု၊ မိမိဗမာလူမျိုးချင်းကို racist မှတ်ချက် လူမျိုးရေးနှိမ့်ချတဲ့မှတ်ချက်နဲ့ စော်ကားတဲ့မှတ်ချက်တွေနဲ့ မိမိထင်ပေါ်ကျော်ကြားမှုကို မရှာပါ။ သူတို့က E တွေ မပြောပါ။ ယူနီဖောင်းလေးနဲ့ ဟိုလက်နက်ကိုင်ဒုတပ်ချုပ်နဲ့လဲ တွဲဓာတ်ပုံရိုက်ပြီး တပ်ချုပ်ရူး မရူးပါ။ သူတို့တွေက မိမိထံ စစ်ပညာလာသင်လာတဲ့ ကလေးမတွေကိုလဲ ခြေတော်မတင်ပါ။

သူတို့အချင်းချင်း တိုက်ပွဲအတွင်းပြောဆိုနေသံက အေးဆေးပါ။ “တောက်လျှောက်မပစ်နဲ့ ခဏနားထားဦး၊ ဝပ်ပြီးလာလာ၊ ကျည်တွေဝဲနေတယ်၊ ထိန်းထား၊ ထိန်းထား၊ အကြီးနေရာကိုမှန်းပစ်” ဆိုတဲ့ စကားသံတွေက မအလတပ်ကို ဘယ်လောက်တောင် တိုက်ချင်နေသလဲ ပေါ်လွင်နေသလို အေးဆေးအမိန့်ပေးနေတာ တွေ့ရမှာပါ။

စာရေးသူကို ဒီတော်လှန်ရေးက နိုင်မှာလားလို့မေးရင် နိုင်မှာပါလို့ ပြန်ဖြေပါရစေ။ မအလဟာ ဗန္ဓုလမွေးရပ်မြေကိုလဲ ဒုက္ခပေးခဲ့သလို အလောင်းမင်းတရားမြေကိုလဲ ဒုက္ခပေးခဲ့ပြီးပါပြီ။ ဒါကြောင့် မအလဟာ ဗန္ဓုလပေါင်းများစွာ ဦးအောင်ဇေယျပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါပြီ။

အညာသားတွေက စကားသိပ်မပြောပါ။ ဒေါ်စု ဖောင်းမထုပါ။ NUG ဖောင်းမထုပါ။ ဗမာမုန်းတီးရေးမဟောပါ။ လုပ်စရာရှိတာလုပ်ပြီး စကားမပြောဘဲ မအလတပ်ကို အသေဗျင်းနေပါပြီ။ သူတို့ကို ပြည်သူက ပန်းကုံးနဲ့ကြိုနေတာလဲ ဝမ်းသာကြည်နူးစရာ မြင်ကွင်းလေးပါ။ အချိန်တန်ရင်တော့ သူတို့က အမေစုပါဘဲ။ သူတို့တွေကြောင့် လုံးဝနိုင်မှာပါ။ ပြည်သူတွေက သူတို့ကို NUG ကတဆင့်လှူပေးပါ။

ေရစႀကိဳဗီဒီယိုမွေျပာေသာ ျပည္သူ႔စစ္တပ္

မေန႔က မေကြးတိုင္း ေရစႀကိဳနားမွာ မီးရွို႔ၿပီးျပန္လာတဲ့ မအလတပ္ကို BGF (ျမင္းၿခံ)က ျဖတ္တိုက္တဲ့ ဗီဒီယိုေလး ၾကည့္လိုက္ရပါတယ္။ ေရစႀကိဳထဲမွာက ၂၅၈ တပ္ရင္းရွိပါတယ္။ ေအာက္က ပခုကၠဴမွာလဲ တပ္မထိုင္ထားတာပါ။ ထိုမီးရွို႔ၿပီးျပန္လာတဲ့အဖြဲ႕ကိုတိုက္ရာမွာ ထိုအဖြဲ႕ရဲ့ တက္ႂကြတဲ့စိတ္ဓာတ္နဲ႔ မအလတပ္ေတြရဲ့ လက္နက္ျခင္းယွဥ္မခ်နိုင္ဘဲနဲ႔ ထြက္ေျပးတာကို ေတြ႕လိုက္ရပါတယ္။

ဗီဒီယိုထဲမွာ နိုင္ငံျခားကပညာရွင္ေတြအထင္ႀကီးတဲ့ အေရွ႕ေတာင္အာရွမွာ အင္အားႀကီးတဲ့တပ္ကို ခံခ်ေနတာက မီဒီယာေတြမွာ HD နဲ႔ေၾကာ္ျငာဝင္တဲ့ NGO မ်ား၊ မီဒီယာမ်ားကေထာက္ခံတဲ့တပ္မဟုတ္ဘဲ သာမန္အညာသားေတြရဲ့ တပ္ေလးပါ။ သူတို႔က လက္နက္နဲ႔ မအလကိုတိုက္ရလို႔ေပ်ာ္ေနပုံရၿပီး အခ်ိဳ႕ဆို ပုဆိုးသာဝတ္ထားတာပါ။ ဟိုတပ္၊ ဒီတပ္ေတြလို သတင္းမီဒီယာမွာ ယူနီေဖာင္းနဲ႔မဟုတ္ပါ။

သူတို႔က NUG ကိုေဖာင္းမထု၊ ေဒၚစုကို ေဖာင္းမထု၊ မိမိဗမာလူမ်ိဳးခ်င္းကို racist မွတ္ခ်က္ လူမ်ိဳးေရးႏွိမ့္ခ်တဲ့မွတ္ခ်က္နဲ႔ ေစာ္ကားတဲ့မွတ္ခ်က္ေတြနဲ႔ မိမိထင္ေပၚေက်ာ္ၾကားမႈကို မရွာပါ။ သူတို႔က E ေတြ မေျပာပါ။ ယူနီေဖာင္းေလးနဲ႔ ဟိုလက္နက္ကိုင္ဒုတပ္ခ်ဳပ္နဲ႔လဲ တြဲဓာတ္ပုံရိုက္ၿပီး တပ္ခ်ဳပ္႐ူး မ႐ူးပါ။ သူတို႔ေတြက မိမိထံ စစ္ပညာလာသင္လာတဲ့ ကေလးမေတြကိုလဲ ေျခေတာ္မတင္ပါ။

သူတို႔အခ်င္းခ်င္း တိုက္ပြဲအတြင္းေျပာဆိုေနသံက ေအးေဆးပါ။ “ေတာက္ေလၽွာက္မပစ္နဲ႔ ခဏနားထားဦး၊ ဝပ္ၿပီးလာလာ၊ က်ည္ေတြဝဲေနတယ္၊ ထိန္းထား၊ ထိန္းထား၊ အႀကီးေနရာကိုမွန္းပစ္” ဆိုတဲ့ စကားသံေတြက မအလတပ္ကို ဘယ္ေလာက္ေတာင္ တိုက္ခ်င္ေနသလဲ ေပၚလြင္ေနသလို ေအးေဆးအမိန္႔ေပးေနတာ ေတြ႕ရမွာပါ။

စာေရးသူကို ဒီေတာ္လွန္ေရးက နိုင္မွာလားလို႔ေမးရင္ နိုင္မွာပါလို႔ ျပန္ေျဖပါရေစ။ မအလဟာ ဗႏၶဳလေမြးရပ္ေျမကိုလဲ ဒုကၡေပးခဲ့သလို အေလာင္းမင္းတရားေျမကိုလဲ ဒုကၡေပးခဲ့ၿပီးပါၿပီ။ ဒါေၾကာင့္ မအလဟာ ဗႏၶဳလေပါင္းမ်ားစြာ ဦးေအာင္ေဇယ်ေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္ေနရပါၿပီ။

အညာသားေတြက စကားသိပ္မေျပာပါ။ ေဒၚစု ေဖာင္းမထုပါ။ NUG ေဖာင္းမထုပါ။ ဗမာမုန္းတီးေရးမေဟာပါ။ လုပ္စရာရွိတာလုပ္ၿပီး စကားမေျပာဘဲ မအလတပ္ကို အေသဗ်င္းေနပါၿပီ။ သူတို႔ကို ျပည္သူက ပန္းကုံးနဲ႔ႀကိဳေနတာလဲ ဝမ္းသာၾကည္ႏူးစရာ ျမင္ကြင္းေလးပါ။ အခ်ိန္တန္ရင္ေတာ့ သူတို႔က အေမစုပါဘဲ။ သူတို႔ေတြေၾကာင့္ လုံးဝနိုင္မွာပါ။ ျပည္သူေတြက သူတို႔ကို NUG ကတဆင့္လႉေပးပါ။