Local News

စစ္ေကာင္စီတပ္ အမ်ိဳးသမီးစစ္သည္မ်ားကို ေရွ႕တန္းစတင္ပို႔ေသာ္လည္း…

စစ်ကောင်စီက ရှေ့တန်းတွင် အမျိုးသမီးစစ်သည်များ စတင်အသုံးပြုပြီး ကနီတွင် PDF စခန်းလာတိုက်သည့် အမျိုး သမီး စစ်သည်များပါသောစစ်ကြောင်း ထွက်ပြေးသွား၊ ယင်းမာပင် ၃ ရက်တာ တိုက်ပွဲ စစ်သား ၁၉ ဦးသေဆုံး၊ မြိုင်တွင် စစ်သား ၄ ဦးတေဆုံး

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း ကနီမြို့နယ် မှန်ထောင်ဘုရားကုန်းတွင် ဒေသခံကာကွယ်ရေး PDF စခန်း တစ်ခုကို ယနေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် စစ်တပ်က လာရောက် စီးနင်းခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ် စစ်ကြောင်းများ ထွက်ပြေးသွားကြောင်း အာဏာရှင် တော်လှန်ရေး တပ်မတော် DRPA ထံမှ သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ ရှိ၊ မရှိကို အတည်မပြုနိုင်သေးဘဲ စစ်တပ် စစ်ကြောင်းတွင် အမျိုးသမီး စစ်သည် ၃၀ ခန့် ပါဝင်ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီနေ့ ဒေသခံ PDF စခန်းတစ်ခုကို စစ်ခွေးတွေ မီးရှို့နေလို့ ကျွန်တော်တို့ကို စစ်ကူတောင်းလို့ ကျွန်တော်တို့ သွားထုတာ အဲ့ကောင်တွေ Khwayပြေးဝက်ပြေး ပြေးသွားတယ် စခတွေက အင်အား ၈ဝလောက် ရှိတယ်။ နောက်ပြီး အမျိုးသမီး စစ်သည် ၃၀ လောက်ပါတယ် ဟု ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

ထို စစ်ကောင်စီ စစ်ကြောင်းကို အာဏာရှင် တော်လှန်ရေး တပ်မတော် DRPA၊ ဘာမထီ အဖွဲ့၊ KGF၊ အမေ့သား ကျားသုံးဖော်၊ မြို့နယ် ပကဖနှင့် မဟာမိတ် တပ်ပေါင်းစုများက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် စကစတပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မေလ ၁၃ ရက်နေ့မှ စတင်ကာ မေလ ၁၅ ရက်နေ့ထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၉ ဦးတေဆုံးခဲ့ကြောင်း Yimarbin Local PDF တပ်ဖွဲ့ထံမှ သိရသည်။ ဓာတ်ပုံ- စစ်ကောင်စီ အမျိုးသမီးစစ်သည်များ။ Credit- Khit Thit

Zawgyi

စစ္ေကာင္စီက ေရွ႕တန္းတြင္ အမ်ိဳးသမီးစစ္သည္မ်ား စတင္အသုံးျပဳၿပီး ကနီတြင္ PDF စခန္းလာတိုက္သည့္ အမ်ိဳး သမီး စစ္သည္မ်ားပါေသာစစ္ေၾကာင္း ထြက္ေျပးသြား၊ ယင္းမာပင္ ၃ ရက္တာ တိုက္ပြဲ စစ္သား ၁၉ ဦးေသဆုံး၊ ၿမိဳင္တြင္ စစ္သား ၄ ဦးေတဆုံး

ရန္ကုန္၊ ေမ ၁၅

စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ မွန္ေထာင္ဘုရားကုန္းတြင္ ေဒသခံကာကြယ္ေရး PDF စခန္း တစ္ခုကို ယေန႔ ေမလ ၁၅ ရက္ေန႔ မြန္းလြဲ ၃ နာရီခန႔္တြင္ စစ္တပ္က လာေရာက္ စီးနင္းခဲ့ၿပီး ကာကြယ္ေရး တပ္ဖြဲ႕မ်ား ျပန္လည္ ခုခံ တိုက္ခိုက္ခဲ့ေသာေၾကာင့္ စစ္တပ္ စစ္ေၾကာင္းမ်ား ထြက္ေျပးသြားေၾကာင္း အာဏာရွင္ ေတာ္လွန္ေရး တပ္မေတာ္ DRPA ထံမွ သိရသည္။

အဆိုပါ ထိေတြ႕တိုက္ပြဲတြင္ စစ္တပ္ဘက္မွ ထိခိုက္ ေသဆုံးသူ ရွိ၊ မရွိကို အတည္မျပဳနိုင္ေသးဘဲ စစ္တပ္ စစ္ေၾကာင္းတြင္ အမ်ိဳးသမီး စစ္သည္ ၃၀ ခန႔္ ပါဝင္ေၾကာင္း ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။

ဒီေန႔ ေဒသခံ PDF စခန္းတစ္ခုကို စစ္ေခြးေတြ မီးရွို႔ေနလို႔ ကၽြန္ေတာ္တို႔ကို စစ္ကူေတာင္းလို႔ ကၽြန္ေတာ္တို႔ သြားထုတာ အဲ့ေကာင္ေတြ Khwayေျပးဝက္ေျပး ေျပးသြားတယ္ စခေတြက အင္အား ၈ဝေလာက္ ရွိတယ္။ ေနာက္ၿပီး အမ်ိဳးသမီး စစ္သည္ ၃၀ ေလာက္ပါတယ္ ဟု ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕ဝင္ တစ္ဦးကေျပာဆိုသည္။

ထို စစ္ေကာင္စီ စစ္ေၾကာင္းကို အာဏာရွင္ ေတာ္လွန္ေရး တပ္မေတာ္ DRPA၊ ဘာမထီ အဖြဲ႕၊ KGF၊ အေမ့သား က်ားသုံးေဖာ္၊ ၿမိဳ႕နယ္ ပကဖႏွင့္ မဟာမိတ္ တပ္ေပါင္းစုမ်ားက ျပန္လည္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္တြင္ စကစတပ္ႏွင့္ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ား ေမလ ၁၃ ရက္ေန႔မွ စတင္ကာ ေမလ ၁၅ ရက္ေန႔ထိ တိုက္ပြဲမ်ား ဆက္တိုက္ ျဖစ္ပြားခဲ့ၿပီး စစ္သား ၁၉ ဦးေတဆုံးခဲ့ေၾကာင္း Yimarbin Local PDF တပ္ဖြဲ႕ထံမွ သိရသည္။ ဓာတ္ပုံ- စစ္ေကာင္စီ အမ်ိဳးသမီးစစ္သည္မ်ား။ Credit- Khit Thit