Local News
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီး မိုးကြိုးခလို့ ရွှေသင်္ကန်း အနည်းငယ် ကွာကြမှုဖြစ်ပွား
ယနေ့နံနက်ပိုင်းက ကျိုက်ထီးရိုးမှာ မိုးသည်းထန်စွာပြီး စေတီတော်ကြီးကို မိုးကြိုးခလို့ ရွှေသင်္ကန်း အနည်းငယ် ကွာကြမှု ဖြစ်ပွား
မေလ ၁၆
ယနေ့ နံနက် ၁ နာရီကျော်အချိန်ခန့်က ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးမိုးကြိုးခလို့ ရွှေသင်္ကန်းများအနည်းငယ် ကွာကြမှု ဖြစ်ပွားခဲ့ကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် လုံခြုံ ရေး တာဝန်ယူထားသူတစ်ဦးက ပြောပါတယ်။
ယနေ့‌မေလ ၁၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်က ဆံတော်ရှင်ကျိုက်ထီးရိုး တောင် ပေါ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ စေတီတော်မြတ်ကြီး၏ ကျောက်လုံး တော်ကိုလည်း မိုးကြိုးအနည်းခကာ စက်ကွင်းမိသွားခြင်းဖြစ် တယ်လို့ဆိုပါတယ်။
ယင်းက မိုးက မနေ့ညနေကတည်းကရွာနေတာ။ ဘုရားကိုပိတ်ထားလို့ မိုးတိတ်မှ သိရတာ။အပျက်အစီးကြီးကြီးမားမားမရှိပါဘူး။ရွှေသင်္ကန်းကပ်ထားတဲ့နေရာအချို့ကွာပြီကျောက်တုံးတော်ကြီး အနည်းငယ် ထိသွားတာလောက်တော့ရှိတယ် လို့ ယင်းက ပြောပါတယ်။
ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အလားတူဖြစ်ရပ်မျိုးရှိခဲ့ဖူးပြီး ထိုသို့မဖြစ်စေရန် စေတီ တော်အနီးနားတွင်မိုးကြိုးလွဲတစ်ခု တပ်ဆင်ခဲ့သော်လည်း စေတီတော်၏ မြင်ကွင်း ပုံရိပ်ထိခိုက်ပြီး အမြင်မသင့်တယ်ဟုဆိုကာ ဝိုင်းကန့်ကွက်မှုများကြောင့် မိုးကြိုးလွဲတိုင် ကြီးအား ဖယ်ရှားခဲ့ရတယ်လို့ဆိုပါတယ်။ Crd- Myanma Platform
Zawgyi
မေလ ၁၆