News

မအလအနေနဲ့က တိုက်လဲရှုံး မတိုက်လဲရှုံးပါ။

စစ်ဆင်ရေးသတင်း

မအလကို အောက်ကဘောမစစ်ဆင်ရေးအထူးအဖွဲ့မှူးတွေက KIA နဲ့ KNU ကို ဆုံးမဖို့ဆိုပြီး အစီရင်ခံစာတင်ပါတယ်။ ရည်ရွယ်ချက်က KNU နဲ့ KIA ထိန်းချုပ်ရာနယ်မြေတွေကို တာဝေးပစ်အမြောက်တွေနဲ့ပစ်တာ၊ ဗုံးကြဲတာတွေလုပ်ဖို့ပါ။ ရည်ရွယ်ချက်က ယခုလိုလုပ်နိုင်ရင် NUG၊ PDF နဲ့ AA ကိုပါ ဖိအားပေးပြီးသားဖြစ်မယ်လို့ တွက်ထားပါတယ်။ မြေပြင်တပ်ထိုးတာတော့ မပါပါ။ ထိုးစရာတပ်လဲမရှိပါ။

အဆိုပါဗျူဟာအရ မြေပြင်ကရောနေတဲ့တပ်ကို ပြန်ဆုတ်ခိုင်းထားတာပါ။ ဒါပေမယ့် အဆိုပါစီမံချက်မှာ ဟာကွက်တွေရှိနေပါတယ်။ ယခုတော်လှန်ရေး ဒီလောက်အထိ ဖြစ်လာတာဟာ မအလတွန်းပို့နေတာလဲ ပါပါတယ်။ မအလက သူပစ်လိုက်ရင် KNU နဲ့ KIA က သူ့ကို လာခယပြီး သူ့အစည်းအဝေးလာတက်မယ် ထင်နေပုံပါ။ ယခုဟာက မိုးရာသီစတော့မှာပါ။

စာရေးသူကတော့ မအလဟာ ဆုတ်စူး စားရူးပါ။ သွားပြီး မထိတထိသွားလုပ်ရင် KNU နဲ့ KIA က ယခုထက် NUG နဲ့ ပိုနီးသွားပြီး အင်တင်တင် AA ပါ နီးသွားမှာပါ။ AA နဲ့ကလဲ ဒီတော်လှန်ရေးနဲ့မဆိုင်ဘဲ သူ့ပြည်နယ်လွတ်မြောက်ရေးက မအလနဲ့ တပ်ဆိုင်ထားတာပါ။ မအလတပ်က လိုက်ကျပ်ရင်း AA နဲ့ ငြိမှာပါ။ မကျပ်ရင်လဲ AA က သူ့ကို ကျပ်မှာပါ။ မအလအနေနဲ့က တိုက်လဲရှုံး မတိုက်လဲရှုံးပါ။

ဒီနေရာမှာ အချို့က ကာလုံခေါ်တယ် ဘာညာဆိုပြီးပြောတာ ရေးတာတွေ့ပါတယ်။ မအလဟာ သူတိုက်ဖို့ ဘယ်ကာလုံမှမလိုပါ။ မြင့်ဆွေကို တိုက်မယ်ပြောရင် ရပါတယ်။ ၂၀၀၈ ခြေဥကို ဂရုမစိုက်လို့ ဥပဒေချိုးဖောက်ပြီး အာဏာသိမ်းထားတာပါ။ ဒါပေမယ့် အာဆီယံက လာမှာမိုလို့ တိုက်မရပါ။ ပြီးရင် မိုးရာသီရောက်ပါပြီ။

စာရေးသူက ဘာထင်လဲဆိုတော့ အောက်ကငပေါတွေက ရာထူးတက်ချင်လို့ ဖားပြီးတင်တာက တင်တာပါ။ ဒါပေမယ့် မအလကလဲ ထကြောင်ပြီး တိုက်မိန့်ပေးရင်တော့ မပြောတတ်ပါ။ မလုပ်ရဲတာ ဘာမှမရှိလို့ သူ့သေတွင်းလဲ တူးရဲနိုင်ပါတယ်။ ဒီမိုတွေကတော့ လိုရမယ်ရ ဗုံးခိုကျင်းတူးထားပါ။ သူ့ရဲ့ ဘယ်နေရာတွေကို ဝိုင်းတိုက်မလဲ မိမိအချင်းချင်း ညှိထားပါ။

ပုံမှန်မှာတော့ ဘယ်လိုမှ လုပ်မရပါ။ မအလသေချင်ရင်တော့ အောက်ကမြှောက်ပေးတိုင်း လုပ်ပါလိမ့်မယ်။ အချို့ကိစ္စတွေက အာဏာပြန်မသိမ်းဘဲ ဖားပြီးတွန်းတဲ့ ဖရဲသီးတွေလဲ ရှိနိုင်ပါတယ်လို့ ပြောပါရစေ။

စစ္ဆင္ေရးသတင္း

မအလကို ေအာက္ကေဘာမစစ္ဆင္ေရးအထူးအဖြဲ႕မႉးေတြက KIA နဲ႔ KNU ကို ဆုံးမဖို႔ဆိုၿပီး အစီရင္ခံစာတင္ပါတယ္။ ရည္ရြယ္ခ်က္က KNU နဲ႔ KIA ထိန္းခ်ဳပ္ရာနယ္ေျမေတြကို တာေဝးပစ္အေျမာက္ေတြနဲ႔ပစ္တာ၊ ဗုံးၾကဲတာေတြလုပ္ဖို႔ပါ။ ရည္ရြယ္ခ်က္က ယခုလိုလုပ္နိုင္ရင္ NUG၊ PDF နဲ႔ AA ကိုပါ ဖိအားေပးၿပီးသားျဖစ္မယ္လို႔ တြက္ထားပါတယ္။ ေျမျပင္တပ္ထိုးတာေတာ့ မပါပါ။ ထိုးစရာတပ္လဲမရွိပါ။

အဆိုပါဗ်ဴဟာအရ ေျမျပင္ကေရာေနတဲ့တပ္ကို ျပန္ဆုတ္ခိုင္းထားတာပါ။ ဒါေပမယ့္ အဆိုပါစီမံခ်က္မွာ ဟာကြက္ေတြရွိေနပါတယ္။ ယခုေတာ္လွန္ေရး ဒီေလာက္အထိ ျဖစ္လာတာဟာ မအလတြန္းပို႔ေနတာလဲ ပါပါတယ္။ မအလက သူပစ္လိုက္ရင္ KNU နဲ႔ KIA က သူ႔ကို လာခယၿပီး သူ႔အစည္းအေဝးလာတက္မယ္ ထင္ေနပုံပါ။ ယခုဟာက မိုးရာသီစေတာ့မွာပါ။

စာေရးသူကေတာ့ မအလဟာ ဆုတ္စူး စား႐ူးပါ။ သြားၿပီး မထိတထိသြားလုပ္ရင္ KNU နဲ႔ KIA က ယခုထက္ NUG နဲ႔ ပိုနီးသြားၿပီး အင္တင္တင္ AA ပါ နီးသြားမွာပါ။ AA နဲ႔ကလဲ ဒီေတာ္လွန္ေရးနဲ႔မဆိုင္ဘဲ သူ႔ျပည္နယ္လြတ္ေျမာက္ေရးက မအလနဲ႔ တပ္ဆိုင္ထားတာပါ။ မအလတပ္က လိုက္က်ပ္ရင္း AA နဲ႔ ၿငိမွာပါ။ မက်ပ္ရင္လဲ AA က သူ႔ကို က်ပ္မွာပါ။ မအလအေနနဲ႔က တိုက္လဲရႈံး မတိုက္လဲရႈံးပါ။

ဒီေနရာမွာ အခ်ိဳ႕က ကာလုံေခၚတယ္ ဘာညာဆိုၿပီးေျပာတာ ေရးတာေတြ႕ပါတယ္။ မအလဟာ သူတိုက္ဖို႔ ဘယ္ကာလုံမွမလိုပါ။ ျမင့္ေဆြကို တိုက္မယ္ေျပာရင္ ရပါတယ္။ ၂၀၀၈ ေျခဥကို ဂ႐ုမစိုက္လို႔ ဥပေဒခ်ိဳးေဖာက္ၿပီး အာဏာသိမ္းထားတာပါ။ ဒါေပမယ့္ အာဆီယံက လာမွာမိုလို႔ တိုက္မရပါ။ ၿပီးရင္ မိုးရာသီေရာက္ပါၿပီ။

စာေရးသူက ဘာထင္လဲဆိုေတာ့ ေအာက္ကငေပါေတြက ရာထူးတက္ခ်င္လို႔ ဖားၿပီးတင္တာက တင္တာပါ။ ဒါေပမယ့္ မအလကလဲ ထေၾကာင္ၿပီး တိုက္မိန္႔ေပးရင္ေတာ့ မေျပာတတ္ပါ။ မလုပ္ရဲတာ ဘာမွမရွိလို႔ သူ႔ေသတြင္းလဲ တူးရဲနိုင္ပါတယ္။ ဒီမိုေတြကေတာ့ လိုရမယ္ရ ဗုံးခိုက်င္းတူးထားပါ။ သူ႔ရဲ့ ဘယ္ေနရာေတြကို ဝိုင္းတိုက္မလဲ မိမိအခ်င္းခ်င္း ညႇိထားပါ။

ပုံမွန္မွာေတာ့ ဘယ္လိုမွ လုပ္မရပါ။ မအလေသခ်င္ရင္ေတာ့ ေအာက္ကေျမႇာက္ေပးတိုင္း လုပ္ပါလိမ့္မယ္။ အခ်ိဳ႕ကိစၥေတြက အာဏာျပန္မသိမ္းဘဲ ဖားၿပီးတြန္းတဲ့ ဖရဲသီးေတြလဲ ရွိနိုင္ပါတယ္လို႔ ေျပာပါရေစ။

Myat tunoo