Local News

AA ႏွင့္ စစ္ေကာင္စီ စစ္တပ္အၾကား တင္းမာမႈ ျမင့္တက္ေနၿပီး ႏွစ္ဖက္တိုက္ပြဲမ်ား အခ်ိန္မေရြး ျဖစ္ေပၚလာနိုင္ဟု AA က ျပည္သူသို႔ သတိေပး

AA နှင့် စစ်ကောင်စီ စစ်တပ်အကြား တင်းမာမှု မြင့်တက်နေပြီး နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ဟု AA က ပြည်သူသို့ သတိပေး

ရန်ကုန်၊ မေ ၁၆

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်များအကြား နှစ်ဖက် တင်းမာမှုများမြင့်တက်နေသဖြင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်၍ ပြည်သူများ စစ်တပ်နှင့် ဝေးဝေးနေကြရန် AA က မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် သတိပေးချက် ထုတ်ပြန်သည်

စစ်ကောင်စီစစ်တပ်က ရက္ခိုင်ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ တရားစီရင်ရေး၊အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့် အယှက်ပေးခြင်း၊ အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင် နေသော

မိမိတို့၏ တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရား ရုံးများကို မြန်မာစစ်တပ်မှ ဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများအား ခြိမ်းခြောက်ခြင်း၊ ရက္ခိုင် အကြား သဟဇာတဖြစ်နေမှုများအပေါ် ပျက်စီးရန်ကြိုးစားခြင်းတို့ကို မြန်မာ စစ်တပ်သည် ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိကြောင်း AA က ပြောသည်

ထို့အပြင် မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော်တို့၏ နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်လျက်ရှိနေသည်မှာ ကာလအတန်ကြာခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည့် အနေအထားကို တွေ့ရှိနေရသောကြောင့် အရပ်သားပြည်သူလူထုများအနေဖြင့်

မြန်မာစစ်တပ် သွားလာလှုပ်ရှားနေသည့်နေရာများ၊ မြန်မာစစ်တပ် အထိုင်ချနေထိုင်နေခဲ့သော နေရာများ၊ မြန်မာစစ်တပ်၏ တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထားရှောင်ကြဉ်ကြပါရန် သတိပေးအပ်ကြောင်း AA က ထုတ်ပြန်ထားသည်

မေလ (၁၁) ရက်နေ့တွင်လည်း ကျောက်တော်အခြေစိုက် မြန်မာစစ်တပ်၏ ခမရ (၃၇၅) တပ်ရင်းထဲမှ တပ်စခန်း ပတ်လည်အနီး ထောင်ထားသော မိုင်းများပေါက်ကွဲပြီး ထိတ်လန့်မှုကြောင့် ခမရ (၃၇၅) အတွင်းမှ တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှု အချို့ရှိခဲ့ကြောင်း AA၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည် Crd- Khit Thit

Zawgyi

AA ႏွင့္ စစ္ေကာင္စီ စစ္တပ္အၾကား တင္းမာမႈ ျမင့္တက္ေနၿပီး ႏွစ္ဖက္တိုက္ပြဲမ်ား အခ်ိန္မေရြး ျဖစ္ေပၚလာနိုင္ဟု AA က ျပည္သူသို႔ သတိေပး

ရန္ကုန္၊ ေမ ၁၆

ရကၡိဳင့္တပ္ေတာ္ AA ႏွင့္ စစ္ေကာင္စီတပ္မ်ားအၾကား ႏွစ္ဖက္ တင္းမာမႈမ်ားျမင့္တက္ေနသျဖင့္ တိုက္ပြဲမ်ား အခ်ိန္မေရြး ျဖစ္ေပၚလာနိုင္၍ ျပည္သူမ်ား စစ္တပ္ႏွင့္ ေဝးေဝးေနၾကရန္ AA က ေမလ ၁၅ ရက္ေန႔ ညေနပိုင္းတြင္ သတိေပးခ်က္ ထုတ္ျပန္သည္

စစ္ေကာင္စီစစ္တပ္က ရကၡိဳင္ေဒသအတြင္း စစ္အင္အားမ်ားကို ေနရာအႏွံ့ထပ္မံတိုးခ်ဲ႕ေနျခင္း၊ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္၏ တရားစီရင္ေရး၊အခြန္ေကာက္ခံေရး၊ အုပ္ခ်ဳပ္ေရးမ်ားတြင္ အေႏွာင့္ အယွက္ေပးျခင္း၊ အဆိုပါ က႑မ်ားတြင္ တာဝန္ထမ္းေဆာင္ ေနေသာ

မိမိတို႔၏ တရားေရးဝန္ထမ္းမ်ားကို ဖမ္းဆီးရန္ႀကိဳးစားျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ တရား ႐ုံးမ်ားကို ျမန္မာစစ္တပ္မွ ဝိုင္းဝန္းျခင္း၊ အမႈအခင္းမ်ားတြင္ ပါဝင္သူမ်ားအား ၿခိမ္းေျခာက္ျခင္း၊ ရကၡိဳင္ အၾကား သဟဇာတျဖစ္ေနမႈမ်ားအေပၚ ပ်က္စီးရန္ႀကိဳးစားျခင္းတို႔ကို ျမန္မာ စစ္တပ္သည္ ခပ္စိပ္စိပ္ လုပ္ေဆာင္လ်က္ရွိေၾကာင္း AA က ေျပာသည္

ထို႔အျပင္ ျမန္မာစစ္တပ္ ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔၏ ႏွစ္ဖက္စစ္ေရးတင္းမာမႈ ဆက္လက္ျမင့္တက္လ်က္ရွိေနသည္မွာ ကာလအတန္ၾကာခဲ့ၿပီးျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏွစ္ဖက္တိုက္ပြဲမ်ား အခ်ိန္မေရြးျပန္ျဖစ္လာနိုင္သည့္ အေနအထားကို ေတြ႕ရွိေနရေသာေၾကာင့္ အရပ္သားျပည္သူလူထုမ်ားအေနျဖင့္

ျမန္မာစစ္တပ္ သြားလာလႈပ္ရွားေနသည့္ေနရာမ်ား၊ ျမန္မာစစ္တပ္ အထိုင္ခ်ေနထိုင္ေနခဲ့ေသာ ေနရာမ်ား၊ ျမန္မာစစ္တပ္၏ တပ္စခန္းအနီး ပတ္ဝန္းက်င္မ်ားသို႔ သြားလာျခင္းမ်ားကို အထူးသတိထားေရွာင္ၾကဥ္ၾကပါရန္ သတိေပးအပ္ေၾကာင္း AA က ထုတ္ျပန္ထားသည္

ေမလ (၁၁) ရက္ေန႔တြင္လည္း ေက်ာက္ေတာ္အေျခစိုက္ ျမန္မာစစ္တပ္၏ ခမရ (၃၇၅) တပ္ရင္းထဲမွ တပ္စခန္း ပတ္လည္အနီး ေထာင္ထားေသာ မိုင္းမ်ားေပါက္ကြဲၿပီး ထိတ္လန႔္မႈေၾကာင့္ ခမရ (၃၇၅) အတြင္းမွ တပ္ဖြဲ႕ဝင္အခ်င္းခ်င္း ပစ္ခတ္တိုက္ခိုက္မႈ အခ်ိဳ႕ရွိခဲ့ေၾကာင္း AA၏ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္ Crd- Khit Thit