News

ပြည်သူ့စစ်၊ BGF တို့ကို စစ်​ရေးရန်သူဟုသတ်မှတ်ပြီး ၂၀၀၈ခြေဥလက်ခံ​သောပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းများကို နိုင်ငံ​ရေးရန်သူဟုသတ်မှတ်ကြောင်း KIO/KIA အသိပေး

ပြည်သူ့စစ်၊ BGF တို့ကို စစ်​ရေးရန်သူဟုသတ်မှတ်ပြီး ၂၀၀၈ခြေဥလက်ခံ​သောပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းများကို နိုင်ငံ​ရေးရန်သူဟုသတ်မှတ်ကြောင်း KIO/KIA အသိပေး

သက်ဝေ/People’s Spring

စစ်ကောင်စီလက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF)များကို စစ်ရေးအရ ရန်သူအဖြစ် သတ်မှတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံသည့် ပါတီ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို နိုင်ငံရေးအရရန်သူဟု ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)က အသိပေးလိုက်သည်။

ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လက်ခံသည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး KIO/KIA၏ သဘောထားကို မေလ ၁၆ရက် တွင် အဖွဲ့၏ သတင်းပြန်ကြားရေးဌာနက ကချင်ဘာသာဖြင့် ဖော်ပြခဲ့သည်။

“တိုင်းရင်းသားတွေလည်း ပါတီထောင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း တော်တော် များများ ရှိတယ်။ အားလုံးအသိဖြစ်ပါတယ်။နောက်တစ်ခုရှိတာက ပြည်သူ့စစ်ထူထောင် တာတွေလည်းရှိ ပါတယ်။ ပြည်သူ့စစ်ဆိုတဲ့နေရာမှာ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးကတော့ တပ်မတော်ရဲ့ လက်အောက်မှာ သူတို့ ဖွဲ့စည်းထားတဲ့ သူတို့ လက်နက်တပ်ဆင်ထားတဲ့ ပြည်သူ့စစ်တွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကတော့ ပြည်သူ့စစ်တွေ ရဲတွေအကုန်လုံး BGF တွေလည်း လက်နက်ကိုင်တယ်ဆိုတော့ လက်နက်ကိုင်တဲ့ လမ်းစဉ်ကို သူတို့ လက်ခံတယ်ဆိုတော့ ကျွန်တော်တို့အတွက်တော့ ဘုံရန်သူဖြစ်သွားတာပေါ့” ဟု KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။

ဒုတိယအချက်မှာ ပြည်သူ့စစ်ခေါင်းဆာင်အချို့သည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့၌ ဥက္ကဋ္ဌ လုပ်နေသူများရှိ၍ အခက်အခက်ရှိနေသည့်အပေါ် ရှင်းလင်းစွာ အသိပေးလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

“လက်နက်ကိုင်တဲ့ ပြည်သူ့စစ်တွေကိုတော့ ကျွန်တော်တို့ရန်သူလို့ သတ်မှတ်မှာ။ ဒါပေမဲ့ စာပေနဲ့ ယဉ်ကျေးမှုဘက်ကနေ ပြန်ကြည့်ရင်တော့ ဒါရန်သူတော့မဟုတ်ဘူးပေါ့။ ရှုပ်ထွေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒါက တစ်ချက်။ ဒုတိယ အချက်က နိုင်ငံရေးဘက်က ပြန်ကြည့်ရင် ကျွန်တော်တို့ KIOက ၂၀၀၈ အခြေခံဥပဒေကတော့ ကျွန်တော်တို့ လက်မခံဘူး။ ဆိုတော့ ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံပြီးမှ နိုင်ငံရေးအဖွဲ့အစည်းတွေ ထူထောင်တဲ့ လူပုဂ္ဂိုလ်တွေလည်း နိုင်ငံရေးအတွက် ရန်သူဖြစ်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့ကြောင့် စာပေ၊ ယဉ်ကျးမှု အဖွဲ့များနှင့် နိုင်ငံရေးဘက်၌ ဖွဲ့စည်းထားသည့် ပုဂ္ဂိုလ်များအနေဖြင့် လက်နက်ကိုင်သည့် ဘက် ပါဝင်ပတ်သက်မှုမရှိစေရန် အသိပေးခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်နက်ကိုင်ပြီဆိုရင်တော့ မတော်တဆ ဘာမဆို ဖြစ်လာနိုင်တာပေါ့။ နောက် စစ်ကောင်စီဘက်ကလည်း လက်နက်ကိုင်တဲ့ အဖွဲ့တွေကို တိုက်ပွဲလည်း ဝင်ခိုင်းတယ်။ ဆိုတော့ ဒီနိုင်ငံရေးပါတီတွေကို လက်နက်နဲ့ ရင်ဆိုင်ရတဲ့ အနေအထားတွေကိုလည်း ကျွန်တော်တို့က ကြိုတင်ပြီးမှ သတိပေးလိုတဲ့ သဘောနဲ့ အဲဒီသတင်း ဖော်ပြတာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း KIO ခရိုင်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ကြေညာချက်များအသီးသီး ထုတ်ပြန်၍ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ မိမိစိတ်ဆန္ဒအလျောက် အမြန်ဆုံးနှုတ်ထွက်ကြရန် သတိပေးထားသည်။

(KIA တပ်ဖွဲ့ဝင်များကို စစ်​ရေးပြပွဲတစ်ခုတွင်​တွေ့ရစဥ်။

ဓါတ်ပုံ-KNG)

ျပည္သူ႕စစ္၊ BGF တို႔ကို စစ္ေရးရန္သူဟုသတ္မွတ္ၿပီး ၂၀၀၈ေျခဥလက္ခံေသာပုဂၢိုလ္၊ ပါတီ၊ အဖြဲ႕အစည္းမ်ားကို နိုင္ငံေရးရန္သူဟုသတ္မွတ္ေၾကာင္း KIO/KIA အသိေပး

သက္ေဝ/Peoples Spring

စစ္ေကာင္စီလက္ပါးေစ လက္နက္ကိုင္တပ္ဖြဲ႕မ်ားျဖစ္သည့္ ျပည္သူ႕စစ္ႏွင့္ နယ္ျခားေစာင့္တပ္ဖြဲ႕(BGF)မ်ားကို စစ္ေရးအရ ရန္သူအျဖစ္ သတ္မွတ္ၿပီး ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို လက္ခံသည့္ ပါတီ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိုလ္မ်ားကို နိုင္ငံေရးအရရန္သူဟု ကခ်င္လြတ္လပ္ေရးအဖြဲ႕/ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIO/KIA)က အသိေပးလိုက္သည္။

ျပည္သူ႕စစ္၊ နယ္ျခားေစာင့္တပ္ဖြဲ႕ႏွင့္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ လက္ခံသည့္ အဖြဲ႕အစည္း ပုဂၢိုလ္မ်ားႏွင့္ပတ္သက္ၿပီး KIO/KIA၏ သေဘာထားကို ေမလ ၁၆ရက္ တြင္ အဖြဲ႕၏ သတင္းျပန္ၾကားေရးဌာနက ကခ်င္ဘာသာျဖင့္ ေဖာ္ျပခဲ့သည္။

တိုင္းရင္းသားေတြလည္း ပါတီေထာင္တဲ့ တိုင္းရင္းသားေခါင္းေဆာင္ေတြလည္း ေတာ္ေတာ္ မ်ားမ်ား ရွိတယ္။ အားလုံးအသိျဖစ္ပါတယ္။ေနာက္တစ္ခုရွိတာက ျပည္သူ႕စစ္ထူေထာင္ တာေတြလည္းရွိ ပါတယ္။ ျပည္သူ႕စစ္ဆိုတဲ့ေနရာမွာ လက္နက္ကိုင္တဲ့ အဖြဲ႕အစည္းေတြ အားလုံးကေတာ့ တပ္မေတာ္ရဲ႕ လက္ေအာက္မွာ သူတို႔ ဖြဲ႕စည္းထားတဲ့ သူတို႔ လက္နက္တပ္ဆင္ထားတဲ့ ျပည္သူ႕စစ္ေတြျဖစ္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ကေတာ့ ျပည္သူ႕စစ္ေတြ ရဲေတြအကုန္လုံး BGF ေတြလည္း လက္နက္ကိုင္တယ္ဆိုေတာ့ လက္နက္ကိုင္တဲ့ လမ္းစဥ္ကို သူတို႔ လက္ခံတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔အတြက္ေတာ့ ဘုံရန္သူျဖစ္သြားတာေပါ့ ဟု KIO/KIA သတင္းျပန္ၾကားေရးဌာန တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက ရွင္းျပသည္။

ဒုတိယအခ်က္မွာ ျပည္သူ႕စစ္ေခါင္းဆာင္အခ်ိဳ႕သည္ တိုင္းရင္းသားရိုးရာယဥ္ေက်းမႈ အဖြဲ႕၌ ဥကၠ႒ လုပ္ေနသူမ်ားရွိ၍ အခက္အခက္ရွိေနသည့္အေပၚ ရွင္းလင္းစြာ အသိေပးလိုက္ျခင္းျဖစ္သည္ဟုဆိုသည္။

လက္နက္ကိုင္တဲ့ ျပည္သူ႕စစ္ေတြကိုေတာ့ ကြၽန္ေတာ္တို႔ရန္သူလို႔ သတ္မွတ္မွာ။ ဒါေပမဲ့ စာေပနဲ႕ ယဥ္ေက်းမႈဘက္ကေန ျပန္ၾကည့္ရင္ေတာ့ ဒါရန္သူေတာ့မဟုတ္ဘူးေပါ့။ ရႈပ္ေထြးတဲ့ ပုံစံမ်ိဳးျဖစ္ပါတယ္။ ဒါက တစ္ခ်က္။ ဒုတိယ အခ်က္က နိုင္ငံေရးဘက္က ျပန္ၾကည့္ရင္ ကြၽန္ေတာ္တို႔ KIOက ၂၀၀၈ အေျခခံဥပေဒကေတာ့ ကြၽန္ေတာ္တို႔ လက္မခံဘူး။ ဆိုေတာ့ ၂၀၀၈ အေျခခံ ဥပေဒကို လက္ခံၿပီးမွ နိုင္ငံေရးအဖြဲ႕အစည္းေတြ ထူေထာင္တဲ့ လူပုဂၢိုလ္ေတြလည္း နိုင္ငံေရးအတြက္ ရန္သူျဖစ္တယ္ဆိုတဲ့ သေဘာျဖစ္ပါတယ္ ဟု ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာသည္။

ထို႔ေၾကာင့္ စာေပ၊ ယဥ္က်းမႈ အဖြဲ႕မ်ားႏွင့္ နိုင္ငံေရးဘက္၌ ဖြဲ႕စည္းထားသည့္ ပုဂၢိုလ္မ်ားအေနျဖင့္ လက္နက္ကိုင္သည့္ ဘက္ ပါဝင္ပတ္သက္မႈမရွိေစရန္ အသိေပးျခင္းျဖစ္သည္ဟု ဆိုသည္။

လက္နက္ကိုင္ၿပီဆိုရင္ေတာ့ မေတာ္တဆ ဘာမဆို ျဖစ္လာနိုင္တာေပါ့။ ေနာက္ စစ္ေကာင္စီဘက္ကလည္း လက္နက္ကိုင္တဲ့ အဖြဲ႕ေတြကို တိုက္ပြဲလည္း ဝင္ခိုင္းတယ္။ ဆိုေတာ့ ဒီနိုင္ငံေရးပါတီေတြကို လက္နက္နဲ႕ ရင္ဆိုင္ရတဲ့ အေနအထားေတြကိုလည္း ကြၽန္ေတာ္တို႔က ႀကိဳတင္ၿပီးမွ သတိေပးလိုတဲ့ သေဘာနဲ႕ အဲဒီသတင္း ေဖာ္ျပတာျဖစ္ပါတယ္ဟု ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာသည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းကလည္း KIO ခရိုင္ႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက ေၾကညာခ်က္မ်ားအသီးသီး ထုတ္ျပန္၍ စစ္ေကာင္စီလက္ေအာက္ခံ ဝန္ထမ္းမ်ား မိမိစိတ္ဆႏၵအေလ်ာက္ အျမန္ဆုံးႏႈတ္ထြက္ၾကရန္ သတိေပးထားသည္။

(KIA တပ္ဖြဲ႕ဝင္မ်ားကို စစ္ေရးျပပြဲတစ္ခုတြင္ေတြ႕ရစဥ္။

ဓါတ္ပုံ-KNG)