News

ေဂါဝိန္ဆိပ္ကမ္းမွ ဆန္တက္လာေသာ ႏွစ္ထပ္စစ္သေဘၤာ ၃ စီးအနက္မွ ၁ စီး ဒုံးထိမွန္

မန္တလေးမှ ဆန်တက်လာသော နှစ်ထပ်စစ်သင်္ဘော ၃ စီးအနက်မှ ၁ စီး ရှော့ခ်တိုက်ဒုံးထိမှန်ပြီး စစ်သား ၁၀ ဦးခန့် တေဆုံးဖွယ်ရှိ

မေ ၁၇

မန္တလေးမှ ဆန်တက်လာသော နှစ်ထပ် စစ်သင်္ဘော ၃ စီးအနက်မှ ၁ စီးမှာ ရှော့ခ်တိုက်ဒုံးထိမှန်ပြီး စစ်သား ၁၀ ဦးခန့်တေဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှ သိရှိရသည်။

မေလ ၁၄ ရက်နေ့ မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသော စစ်အင်အား ၃၀၀ ခန့်ပါ နှစ်ထပ်စစ်သင်္ဘော ၃ စီးကို မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ကန့်ဘလူခရိုင်တပ်ရင်း ၃ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက

ရှော့ခ်တိုက်ဒုံးဖြင့်ပစ်ခတ်ရာ နှစ်ထပ်စစ်သင်္ဘော ၁ စီးထိမှန်ကြောင်း၊ စစ်သား ၁၀ ဦးတေဆုံးနိုင်ပြီး ၄၀ ခန့်ဒဏ်ရာရရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်

သင်္ဘောကို ရှော့ခ်တိုက်ဒုံးထိမှန်ပြီးနောက် ကမ်းဘေးကပ်ကာ ကမ်းနံဘေးရှိ ပြည်သူများနေအိမ်များကို ဖျက်ဆီးခြင်း၊ ကုန်းကြောင်းမှ စစ်ကူများလာရောက်ကာ ကျေးရွာများနှင့် စက်လှေများကို မီးရှို့ခြင်းများ လုပ်ဆောင်ကြောင်း

ဧရာဝတီ မြစ်အနောက်ဘက်ကမ်း၊ သပိတ်ကျင်းမြို့နယ် အိမ်ခြေရဝခန့်ရှိ ခရမ်းစပ်ကုန်းရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့သွားပြီး စက်လှေများကိုပါ မီးရှို့သွားကြောင်း သိရှိရသည်

သပိတ်ကျင်းမြို့နယ် ပုတီးဖြူကျေးရွာနဲ့ ငလျှင်ပြို ကျေးရွာကြားမှာတိုက်ပွဲဖြစ်တယ် စစ်ကောင်စီက စစ်သင်္ဘောပုံစံလုပ်ထားတဲ့ နှစ်ထပ်ရေယာဉ် ၃ စီးနဲ့လာပစ်တာ

နောက်ဆုံးစစ်သင်္ဘောအထိနာသွားလို့ ကုန်လမ်းကစစ်ကူထပ်ရောက်တယ်။ အခု ပုတီးဖြူရွာ ဘုရားကုန်းမှာ စစ်ကောင်စီတပ်စွဲထားတယ်။ တွင်းငယ် ကြာညှပ်ဘက်လမ်းကလာတာပါ။ ဒုံးထိသွားတဲ့ နှစ်ထပ်စစ်သင်္ဘောက အထိ နာသွားလို့ ငလျှင်ပြိုမှာ ကမ်းဆိုက်ထားတယ်ဟု ဒေသကာကွယ် ရေး တပ်ရဲဘော်တစ်ဦးက ပြောသည်

မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ သင်္ဘော ၃ စီးဖြင့် စစ်တပ်အင်အား ၃၀၀ ဝန်းကျင် ဧရာဝတီမြစ်အထက်ပိုင်းသို့ မေလ ၁၄ ရက်နေ့ မွန်းလွဲ၂ နာရီအချိန်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး

ပြည်သူ၊ ပုံညာ၊ ပြဒါးရှင် အမည်ရှိသော နှစ်ထပ် သင်္ဘော ၃ စီးဖြင့် ရိက္ခာ လက်နက်ခဲယမ်းများ သယ်ဆောင်သွားကြောင်း၊ နှစ်ထပ်သင်္ဘော ၁ စီးလျှင် စစ်သား အင်အား ၁၀၀ ဝန်းကျင်ဖြင့် သင်္ဘော ၃ စီး စစ်အင်အား ၃၀၀ ပါဝင်ရှိကြောင်း သိရှိရသည်။ ဓာတ်ပုံ- မေလ ၁၄ ရက်နေ့ မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာသွားသော နှစ်ထပ်စစ်သင်္ဘော ၃ စီး Crd- Khit Thit

Zawgyi

မႏၲေလးမွ ဆန္တက္လာေသာ ႏွစ္ထပ္စစ္သေဘၤာ ၃ စီးအနက္မွ ၁ စီး ေရွာ့ခ္တိုက္ဒုံးထိမွန္ၿပီး စစ္သား ၁၀ ဦးခန႔္ ေတဆုံးဖြယ္ရွိ

ေမ ၁၇

မႏၲေလးမွ ဆန္တက္လာေသာ ႏွစ္ထပ္ စစ္သေဘၤာ ၃ စီးအနက္မွ ၁ စီးမွာ ေရွာ့ခ္တိုက္ဒုံးထိမွန္ၿပီး စစ္သား ၁၀ ဦးခန႔္ေတဆုံးနိုင္ေၾကာင္း ေဒသကာကြယ္ေရးတပ္ႏွင့္ ေဒသခံမ်ားထံမွ သိရွိရသည္။

ေမလ ၁၄ ရက္ေန႔ မႏၲေလး ေဂါဝိန္ဆိပ္ကမ္းမွ ထြက္ခြာလာေသာ စစ္အင္အား ၃၀၀ ခန႔္ပါ ႏွစ္ထပ္စစ္သေဘၤာ ၃ စီးကို ေမလ ၁၆ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၃၀ မိနစ္အခ်ိန္ ကန႔္ဘလူခရိုင္တပ္ရင္း ၃ ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားက

ေရွာ့ခ္တိုက္ဒုံးျဖင့္ပစ္ခတ္ရာ ႏွစ္ထပ္စစ္သေဘၤာ ၁ စီးထိမွန္ေၾကာင္း၊ စစ္သား ၁၀ ဦးေတဆုံးနိုင္ၿပီး ၄၀ ခန႔္ဒဏ္ရာရရွိနိုင္ေၾကာင္း ေဒသသတင္းရင္းျမစ္ထံမွ သိရွိရသည္

သေဘၤာကို ေရွာ့ခ္တိုက္ဒုံးထိမွန္ၿပီးေနာက္ ကမ္းေဘးကပ္ကာ ကမ္းနံေဘးရွိ ျပည္သူမ်ားေနအိမ္မ်ားကို ဖ်က္ဆီးျခင္း၊ ကုန္းေၾကာင္းမွ စစ္ကူမ်ားလာေရာက္ကာ ေက်းရြာမ်ားႏွင့္ စက္ေလွမ်ားကို မီးရွို႔ျခင္းမ်ား လုပ္ေဆာင္ေၾကာင္း

ဧရာဝတီ ျမစ္အေနာက္ဘက္ကမ္း၊ သပိတ္က်င္းၿမိဳ႕နယ္ အိမ္ေျခရဝခန႔္ရွိ ခရမ္းစပ္ကုန္းရြာကို စစ္တပ္က ရြာလုံးကၽြတ္မီးရွို႔သြားၿပီး စက္ေလွမ်ားကိုပါ မီးရွို႔သြားေၾကာင္း သိရွိရသည္

သပိတ္က်င္းၿမိဳ႕နယ္ ပုတီးျဖဴေက်းရြာနဲ႔ ငလၽွင္ၿပိဳ ေက်းရြာၾကားမွာတိုက္ပြဲျဖစ္တယ္ စစ္ေကာင္စီက စစ္သေဘၤာပုံစံလုပ္ထားတဲ့ ႏွစ္ထပ္ေရယာဥ္ ၃ စီးနဲ႔လာပစ္တာ

ေနာက္ဆုံးစစ္သေဘၤာအထိနာသြားလို႔ ကုန္လမ္းကစစ္ကူထပ္ေရာက္တယ္။ အခု ပုတီးျဖဴရြာ ဘုရားကုန္းမွာ စစ္ေကာင္စီတပ္စြဲထားတယ္။ တြင္းငယ္ ၾကာညႇပ္ဘက္လမ္းကလာတာပါ။ ဒုံးထိသြားတဲ့ ႏွစ္ထပ္စစ္သေဘၤာက အထိ နာသြားလို႔ ငလၽွင္ၿပိဳမွာ ကမ္းဆိုက္ထားတယ္ဟု ေဒသကာကြယ္ ေရး တပ္ရဲေဘာ္တစ္ဦးက ေျပာသည္

မႏၲေလး ေဂါဝိန္ဆိပ္ကမ္းမွ သေဘၤာ ၃ စီးျဖင့္ စစ္တပ္အင္အား ၃၀၀ ဝန္းက်င္ ဧရာဝတီျမစ္အထက္ပိုင္းသို႔ ေမလ ၁၄ ရက္ေန႔ မြန္းလြဲ၂ နာရီအခ်ိန္ထြက္ခြာခဲ့ျခင္းျဖစ္ၿပီး

ျပည္သူ၊ ပုံညာ၊ ျပဒါးရွင္ အမည္ရွိေသာ ႏွစ္ထပ္ သေဘၤာ ၃ စီးျဖင့္ ရိကၡာ လက္နက္ခဲယမ္းမ်ား သယ္ေဆာင္သြားေၾကာင္း၊ ႏွစ္ထပ္သေဘၤာ ၁ စီးလၽွင္ စစ္သား အင္အား ၁၀၀ ဝန္းက်င္ျဖင့္ သေဘၤာ ၃ စီး စစ္အင္အား ၃၀၀ ပါဝင္ရွိေၾကာင္း သိရွိရသည္။ ဓာတ္ပုံ- ေမလ ၁၄ ရက္ေန႔ မႏၲေလး ေဂါဝိန္ဆိပ္ကမ္းမွ ထြက္ခြာသြားေသာ ႏွစ္ထပ္စစ္သေဘၤာ ၃ စီး Crd- Khit Thit